Main menu

Background

မက္ကဒေးမီးယား ကုန်ချောကို ရုရှားဝယ်ယူရန် ကမ်းလှမ်းထား

Tue, 05/07/2024 - 12:03 -- journal_editor

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မက္ကဒေးမီးယား ကုန်ချောကို ရုရှားနိုင်ငံ မှဝယ်ယူရန် ကမ်းလှမ်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ သိရသည်။မက္ကဒေးမီးယား ကုန်ကြမ်းကို လက်ရှိတွင် တရုတ်နှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပြီး လာမည့် ရာသီချိန်အတွက် အဆိုပါ ကုန်ချောကို ရုရှားနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းထားခြင်းဖြစ်သည်။ကုန်ချောအမျိုးအစားဖြစ်သည့် သော့သီးဈေးကွက်ကို ကမ်းလှမ်း ထားခြင်းဖြစ်ကာ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့နိုင်ရန် လျာထား ကြောင်း သိရသည်။အဆိုပါအသီးသည် ကင်ဆာကို ကာကွယ်နိုင်သောAntioxident  (ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ) အလုံအလောက် ပါဝင်ခြင်း၊ ခန္ဓာကိုယ် အားအင်ပြည့်ဝစေသည့်ကစီဓာတ်များ ပါဝင်ခြင်း၊ အစာခြေစနစ်အတွက် အထောက်အကူပြုသည့် အမျှင်ဓာတ်များစွာ ပါဝင်ခြင်း၊ ဏမသအနငည (အသား ဓာတ်များ) ပြွေါကယ်ဝခြင်း၊ သတ္တုဓာတ်များလည်းပါဝင်ခြင်း၊ သွေးတွင်း အဆီဓာတ် (ကိုလက်စထရော) များကို လျှော့ချပေးခြင်းကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်းအပြင် ကျန်းမာရေး အတွက် လိုအပ်သော ဗီတာမင်ဓာတ် များစွာပါဝင်ကြောင်း သိရသည်။
ထို့ပြင် Omega 3  ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ အတွက် အထူးသင့်လျော်ပြီး ရင်သွေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူဖြစ်စေကြောင်း သိရသည်။
ယင်းအပြင် အမှုန့်ပြုလုပ်၍လည်း အသက် ရှစ်လအထက် ကလေး ငယ်များ၏ ဖြည့်စွက်စာထဲတွင် ထည့်ကျွေးနိုင်သလို ကလေးငယ်များ အတွက် Óဏ်ရည်ထက်မြက်ခြင်း၊ ဝမ်းမချုပ်ခြင်း၊ အစာခြေစနစ် ကောင်း မွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ခြင်းနှင့် အသားအရေကို ကျစ်လျစ်လှပတင်းရင်းစေပြီး အိုမင်းရင့်ရော်မှုကို လျော့ကျစေနိုင်ကြောင်း သိရသည်။
ပြည်တွင်း၌ မက္ကဒေးမီးယားကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံနှင့် ရပ်စောက်၊ ရှမ်းပြည်နယ် (မြောက် ပိုင်း) နောင်ချို  အစရှိသည့်  ဒေသများအပါအဝင် နေရာအနှံ့အပြား၌ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ပန်းဆု