Main menu

Background

တိုက်ကြီးမြို့နယ်ရှိ ဝါးခမောက်လုပ်ငန်း

Wed, 12/20/2023 - 11:23 -- journal_editor

တိုက်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်ကြသော်လည်း စိုက်ပျိုး ရေးလုပ်ငန်းတွင် မပါမဖြစ် တောင်သူကြီးများ အသုံးပြုသော ခမောက်လုပ်ငန်းကိုလည်း လုပ်ကိုင် ဆောင်ရွက်ကြသည်။ 
မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ခြင်းလည်း အပါအဝင်ဖြစ်သည်။ ဝါးခမောက်လုပ်ငန်းကို အဓိကပြုလုပ်ရာတွင် ဝါးဖတ် ၅၀ဝ တစ်ထုံးကို ကျပ် ၁၆၀ဝ၀ ဖြင့်ဝယ်ယူ၍ ပါဝင်ဆက်စပ်ပစ္စည်း ဝါးခွေတစ်လိပ်လျှင် ကျပ် ၄၀ဝ၀  နှစ်လိပ် အသုံးပြုရ သည်။ ခမောက်ချုပ် အပ်ချည် ၁၀ ဆယ်သား ကျပ် ၂၅၀ဝ၊ ထိပ်ဖူးသံပြားဝိုင်း ၁၀ဝ ခု ကျပ် ၁၀ဝ၀၊ ခမောက်ချည်တန် (ဝါးချောင်းသေး) ကျပ် ၂၅၀ဝ၊ ခမောက် အဖူးလုံး ချုပ်ခ  အလုံး ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၊ အဖူး အောက်ခြေ ခွေသောဂွေတပ်ခ ကျပ် ၂၀ဝ၀၊ အရွက်လှည့်  ကျပ် ၄၀ဝ၀၊ အရွက်ချုပ် ကျပ် ၇၀ဝ၀၊ ခွေသယ်ခ ကျပ် ၇၀ဝ၀၊ အဖူး+အရွက် တွဲ ကျပ် ၆၀ဝ၀၊ အလုံးအောက်ခြေခွေသပ် ကျပ် ၂၅၀ဝ၊ အရွက်ဘေးလှီးခ ကျပ် ၁၅၀ဝ ၊ ကပ်ခွေ ကျပ် ၁၅၀ဝ၊ ပေါ်လစ်တင် ကျပ် ၄၀ဝ၀၊ ဆေးသုတ်ခ ကျပ် ၂၀ဝ၀ဝ ကျ၍ ဝါးဖတ်  ၅၀ဝ တစ်ထုံးလျှင် ခမောက် အလုံး ၁၀ဝ ရရှိ၍ ခမောက်အလုံး  ၁၀ဝ ကုန်ကျငွေ  ကျပ် ၁၀၇၅၀ဝ ကုန်ကျ၍ ခမောက် တစ်လုံး  ၁၀၇၅ ကျပ်နှင့် သယ်ယူခ ၅၀ကျပ်နှုန်းဖြင့် ၁၁၂၅ ကျပ်ကျသင့်သည်။ 
ခမောက်တစ်လုံး လက်ကားရောင်းဈေး ကျပ် ၁၃၀ဝ ဖြင့် ရောင်းချပြီး လက်လီဈေးကွက်တွင် ကျပ် ၁၅၀ဝ  နှုန်းဖြင့် တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိသည်။ ခေတ်နှင့်အညီ ပလတ်စတစ် ကော်ဇောကပ်ပြီး တစ်လုံးလျှင် ကျပ် ၁၇၀ဝ မှ ၂၀ဝ၀ အတွင်း ရောင်းချ၍  ဝါးခမောက်စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။                                        

  တင်တင်ဌေး (ရန်ကုန်)