Main menu

Background

ကရင်ပြည်နယ်ဒေသထွက် ဖူးစားပြောင်းဈေးကွက်

Wed, 12/20/2023 - 12:00 -- journal_editor

ကရင်ပြည်နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဖူးစား ပြောင်းကိုလည်း တောင်သူများအနေဖြင့် စီးပွားဖြစ် စိုက်ပျိုးကြ သည်။ စိုက်ပျိုးမှုအနေဖြင့်၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင်ဖူးစား ပြောင်း ၂၄၈၆ ဧက စိုက်ပျိုးထားရှိကြောင်း  လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ   သိရှိရ သည်။  ဖူးစားပြောင်း စိုက်ပျိုးမှုတွင် တစ်ဧက ကုန်ကျစရိတ်အနေ ဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  စုစုပေါင်း ကျပ် ၄၈၀ဝ၀ဝ ခန့် ကုန်ကျကြောင်း၊ ဖူးစားပြောင်းကို ဘားအံခရိုင်၊ ကြာအင်းဆိပ်ကြီးခရိုင်နှင့် မြဝတီခရိုင်တို့တွင် စီးပွားဖြစ်  စိုက် ပျိုးကြပြီး ကျန်ခရိုင်များတွင်လည်း မိသားစုစားသုံးရန်အတွက် စိုက်ပျိုးကြသည်။ စိုက်ပျိုးမှုအနေဖြင့် သကြားပြောင်းကို အဓိက စိုက်ပျိုးကြပြီး ထောပတ်ပြောင်းအား အနည်းငယ်   စိုက်ပျိုးကြ သည်။ဒေသခံတောင်သူများအနေဖြင့် ထွက်ရှိလာသောပြောင်း ဖူးများကို ဘားအံမြို့ပေါ်ဈေးများရှိ   ဟင်းသီးဟင်းရွက်ဒိုင်များ သို့   လက်ကားစနစ်ဖြင့်လည်းကောင်း ဒေသတွင်း  စားသုံး သူ ပြည်သူများသို့       ကိုယ်တိုင်ရောင်းစနစ်ဖြင့်    လည်းကောင်း ပြန်လည်ရောင်းချကြသည်။  ဘားအံမြို့  ရေပေါ်စံပြဈေးတွင် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း  အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ သကြားပြောင်းဖူး အစိမ်းတစ်ဖူးလျှင် ကျပ်၄၀ဝ၊ ထောပတ်ပြောင်း အစိမ်းတစ်ဖူးလျှင် ကျပ် ၄၀ဝ ဖြစ်ပြီး ပြောင်း ဖူးပြုတ် တစ်ဖူးလျှင်ဖူးကြီး ကျပ် ၈၀ဝ ၊ ဖူးသေးတစ်ဖူးလျှင် ကျပ် ၅၀ဝ တို့ဖြင့် ဈေးကောင်းရ၍   အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။ ပြောင်းဖူးတွင် ဗီတာမင် ြ၁၊ ဗီတာမင် ြ၅၊ ဗီတာမင် ဃ ၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့်အမျှင်ဓာတ်များအမိုင်နိုအက်ဆစ်ဓာတ် နှင့် အသားဓာတ်များလည်း ပါဝင်ပါသည်။ အမျှင်ဓာတ် ပါဝင်မှု မြင့်မားသည့်အတွက် သွေးတွင်း ကိုလက်စထရောကို လျော့ကျ စေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေသည်။ သွေး တွင်း သကြားဓာတ်ပမာဏကို လျော့ကျစေသည့်အတွက် ဆီးချို သမားများ စားသုံးသင့်သည်။  ပြောင်းဖူးတွင် ပါဝင်သည့် ဗီတာမင် ြ၁ သည် မှတ်Óဏ် စွမ်းအားကို တိုးမြင့်စေသည့်အတွက် ကလေးသူငယ်များလည်း စားသုံးသင့်သည်။  ပြောင်းဖူး စားသုံးခြင်းသည်  ကျန်းမာရေး နှင့်ညီညွတ်ပြီး မိသားစုအတွက်လည်း စီးပွားဖြစ် ဝင်ငွေတိုးသော ကြောင့်   ပြောင်းဖူးသီးနှံများကို    တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ZAR(DOCA-Kayin)