Main menu

Background

ရှမ်းပြည်နယ်တောင်ပိုင်းမှ လိမ္မော်သီးဈေးကွက်

Wed, 12/20/2023 - 12:07 -- journal_editor

လိမ္မော်သီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ယခုလို မိုးအကုန်ဆောင်းအကူးရာသီဥတုတွင် ပေါ်ဦးပေါ်ဖျားဖြစ်သော ရာသီစာ သီးနှံတစ်မျိုးဖြစ်ပြီး ရှမ်း(တောင်)၏ဈေးကွက်တွင် ဈေးကောင်းရရှိနေသောအသီးတစ်မျိုးဖြစ်သည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လိမ္မော်သီးကိုရပ်စောက်မြို့၊ ရွာငံ၊ ပင်လောင်း၊ တောင်ကြီးမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီး တောင်ကြီးမြို့ရှိ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ထီခေါင်းကျေးရွာမှထွက်ရှိသော လိမ္မော်သီးမှာအလုံးကြီး၍ အရသာချိုကြောင်း သိရှိရသည်။ကျောက်တလုံးလိမ္မော်သီးသည် လိမ္မော်ပင်များမှ ကိုင်းဆက် မစိုက်ပျိုးခြင်းမဟုတ်ဘဲ သဘာဝအတိုင်း စိုက်ပျိုးကြခြင်းဖြစ်သည်။ သဘာဝလိမ္မော်ပင်မှရသော လိမ္မော်သီးများသည် အလုံးကြီးပြီး အရသာမှာချိုသောကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကျောက်တစ်လုံးလိမ္မော်သီးမှာဈေးကွက်ဝင်ပြီး ရောင်းကောင်းလျက်ရှိကြောင်း သိရှိရသည်။ လိမ္မော်သီးစားခြင်းဖြင့်ရရှိလာသော ကျန်းမာရေးအကျိုးကျေးဇူးများမှာ များလှပါသည်။ လိမ္မော်သီးသည် အမူးအမော ပြေစေပြီး ခံတွင်းရှင်းစေခြင်း၊ ကင်ဆာရောဂါ ကာကွယ်ပေးနိုင်ခြင်း၊ ကိုလက်စထရော လျော့ကျစေခြင်း၊ သွေးဖိအားကျစေခြင်း၊ အဆစ်အမြစ် ရောင်ခြင်း/ကိုက်ခြင်း သက်သာစေနိုင်ခြင်း၊ခုခံစွမ်းအားတိုးစေခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်းကို ကာကွယ်နိုင်ခြင်း၊ ဆီးချိုရောဂါကိုလျော့ကျစေခြင်း၊ ခန္ဓာကိုယ်တွင်း နာကျင်မှုနှင့်မျက်လုံး၊ ဦးနှောက်၏ လုပ်ဆောင်ချက်များကို အထောက်အကူပြုစေခြင်း၊အရေးပြားနှင့်ဆံသားကို ကျန်းမာစေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်သောကြောင့် ဝိတ်ကျစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။၎င်းဒေသမှထွက်ရှိသော လိမ္မော်သီးများကို တောင်ကြီး၊ ညောင်ရွှေ၊အောင်ပန်းနှင့် ကလော စသည့် ဈေးများတွင် အဓိကထား ရောင်းချပြီးအခြားမြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ဈေးနှုန်းအနေဖြင့် အလုံးအသေး၊အကြီးအပေါ် မူတည်ပြီး အလုံးအကြီး၁၀လုံးလျှင်ကျပ်၂၅၀ဝ ှ ၃၀ဝ၀ နှင့်အလုံးသေး  ၁၀လုံးလျှင် ကျပ်၂ဝ၀ဝမှ ၂၅၀ဝထိရောင်းချလျက်ရှိ ကြောင်းသိရှိရသည်။

 

သန်းသန်းစိုး(တောင်ကြီး)