Main menu

Background

ပန်းတောင်မြို့နယ်ဖောင်းကံရွာရှိ မြေအိုးလုပ်ငန်း

Mon, 01/15/2024 - 12:33 -- journal_editor

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်အတွင်းတွင် အိုးလုပ်ငန်းလုပ်ကိုင်သော ဖောင်း ကံရွာလေး တည်ရှိသည်။ ထိုဖောင်းကံရွာလေးသည်  အိုးလုပ်ငန်း ကို မိရိုးဖလာလုပ်ကိုင်လျက်ရှိရာ နှစ်ပေါင်းများစွာ  ကြာမြင့်ခဲ့ပြီးဖြစ် သည်။ ထိုရွာတွင် အိုးလုပ်ငန်းလုပ်ကိုင်သူ  ၅၀ ဦးထက်မနည်းရှိပြီး စီးပွားဖြစ် လုပ်ကိုင်ကြသည်။ 
ထိုအိုးလုပ်ငန်းကို အောက်တိုဘာလမှစ၍ဧပြီလအထိ လုပ် ကိုင်ကြပြီး မေလမှစက်တင်ဘာလအထိ ငါးလကြာအချိန်တွင်အလုပ် နားချိန်ဖြစ်ပြီး ထိုအချိန်တွင် ကုန်ကြမ်းပစ္စည်းများဖြစ်သော မြေကြီး၊ ဖွဲ၊ ထင်းများကိုစုဆောင်းထားရှိကြောင်း သိရပါသည်။   မိုးလကုန်၍ အောက်တိုဘာလတွင်  အိုးများက ဖုတ်ရန် လုပ်ငန်းခွင်သို့ ဝင်ကြရ သည်။ အိုးဖုတ်ရန်  အိုးဖိုတစ်ဖိုလျှင်  အလုပ်သမား ခြောက်ဦးခန့် လိုအပ်ပြီး  အိုးအလုံးပေါင်း သောင်းပြောင်းတစ်ထောင်ခန့် ဖုတ်ရ၍ အရင်းအနှီးအနေဖြင့် တစ်ဖိုလျှင် ကျပ် ၃၀ဝ၀ဝ၀ ခန့်  ကုန်ကျပြီး အမြတ်အစွန်းအနေဖြင့်    ကျပ် ၁၅၀ဝ၀ဝ ခန့်ရရှိသဖြင့် ထက်ဝက်ခန့် အကျိုးအမြတ်ရရှိကြောင်း သိရသည်။   အိုးစိမ်း ဝယ်ဖုတ်သူများ အနေဖြင့် တစ်ဖိုလျှင် အကျိုးအမြတ်အနေဖြင့် ကျပ်၃၀ဝ၀ဝသာ ရရှိ ကြောင်း သိရသည်။  အိုးတစ်ဖိုဖုတ်လျှင် ကြာမြင့်ချိန်မှာ သုံးနာရီခန့် သာ ကြာမြင့်ပြီး တစ်ရက်လျှင် အိုးတစ်ဖိုသာ ဖုတ်ကြောင်း သိရသည်။ အိုးဖုတ်ရာတွင် ဆောင်းရာသီတွင် ဖုတ်သည့်အိုးမှာ  သောက်ရေအိုး ဆိုလျှင် တစ်နှစ်ပတ်လုံး ရေမှာ အေးမြမှုရှိသည်ဟု သိရသည်။ 
ထို့ကြောင့် ကျေးလက်နေ ရှေးလူကြီးသူမများက ဆောင်းရာသီ တွင်   ဖုတ်သည့်သောက်ရေအိုးကို  ဝယ်ယူသုံးစွဲကြသည်။  ယခု အချိန်တွင်  ခေတ်မီတိုးတက်လာသည်နှင့်အညီ   ရိုးရိုးတန်းတန်း သောက်ရေအိုးအပြင်  ဆန်းသစ်တီထွင်  အဆင့်မြှင့်တင်ပြီး  ဇီးကွက် သောက်ရေအိုးကို ထုတ်လုပ်လာကြသည်။ ထိုဇီးကွက်သောက်ရေအိုး ၏ဝင်ဆံ့ပမာဏမှာ ရေသန့်ဘူးအကြီးထက် အနည်းငယ်သာ  လျော့ နည်းပါသည်။ ထိုဇီးကွက် သောက်ရေအိုးမှာ တချို့ကို  ဘဲနှုတ်သီး ထည့်သလို တချို့ကို ဘဲနှုတ်သီး မတပ်ဘဲ ထုတ်လုပ်လာကြပါသည်။ ဈေးကွက်တွင် ဇီးကွက်သောက်ရေအိုးမှာ ဝယ်ယူမှုရှိ၍ ဘဲခေါင်း ပါသောအိုးမှာ ဈေးကွက်တွင် တစ်လုံးလျှင် ကျပ် ၅၀ဝ၀ဖြင့် ရောင်း ချပြီး ဘဲခေါင်းမပါသော ဇီးကွက်အိုးတစ်လုံးလျှင် ကျပ် ၃၅၀ဝ ဖြင့် ရောင်းချကြောင်း သိရသည်။ မြေကြီးဖြင့် ပြုလုပ်ထားသော  သောက် ရေအိုးမှာ ကျန်းမာရေးအတွက်လည်း  အထူးသင့်တော်ပြီး ဝယ်ယူမှု များ၍ ဇီးကွက်အိုးနှင့် ရိုးရိုးသောက်ရေအိုးများကို   ဦးစားပေး၍ ထုတ်လုပ်ကြကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် ဖောင်းကံရွာမှထွက်ရှိသောအိုးမှာ နာမည် ရ၍ အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချကြသလို မြန်အောင်၊ ကြံခင်း၊ ကံမ၊ မင်းတုန်း၊ သရက် ၊ ပြည်နှင့် ရွှေတောင်မြို့များသို့ တင်ပို့ ရောင်းချကြောင်း သိရသည်။  
အိုးဈေးနှုန်းများအနေဖြင့် ရိုးရိုးသောက်ရေအိုးတစ်လုံးလျှင် ကျပ် ၂၀ဝ၀၊ ဖရုံသီးအိုးတစ်လုံးလျှင် ကျပ် ၂၅၀ဝ၊ ပန်းပွင့်အိုး တစ် လုံးလျှင် ကျပ်၂၅၀ဝ၊ ပန်းစိုက်အိုး(ခတ်အိုး)တစ်လုံးလျှင် ကျပ် ၁၅၀ဝ၊ ပန်းစိုက်အိုး (ထွင်းအိုး)တစ်လုံးလျှင်  ကျပ် ၁၃၀ဝ၊ ပန်းထိုးအိုး (ကြီး)တစ်လုံးလျှင် ကျပ် ၇၀ဝ၊ ပန်းထိုးအိုး(သေး)ပန်းပွင့်အိုး တစ်လုံးလျှင် ကျပ် ၅၀ဝ၊ ပန်းထိုးအိုး(သေး) ပြောင်တစ်လုံးလျှင် ကျပ် ၄၀ဝ ၊ အင်တုံ ကြီး တစ်လုံးလျှင် ကျပ် ၂၀ဝ၀ နှင့်  ငပိရည်အိုး တစ်လုံးလျှင် ကျပ် ၅၀ဝ ဖြင့် ဈေးကွက်တွင် ရောင်းချကြောင်း သိရသည်။
ဖောင်းကံရွာရှိ မြေအိုးလုပ်ငန်းမှာ လူသိများ၍ နာမည်လည်း ရသဖြင့်  အဝယ်များသော ဇီးကွက်သောက်ရေအိုးကို  ပုံမှန်အတိုင်း ထုတ်လုပ်ခြင်းမဟုတ်ဘဲ  အလှအပဖြစ်အောင် ဆေးရောင်စုံခြယ်ပြီး ပိုမိုခိုင်ခန့်စွာပြုလုပ်၍ ရောင်းချမည်ဆိုလျှင်    မြန်မာတစ်နိုင်ငံလုံး လူသိများပြီး ပြည်တွင်းဖြစ်ကို ရွေးချယ်ဝယ်ယူသုံးစွဲကြလျှင်  ထုတ် လုပ်သူများအဖို့ အမြတ်အစွန်း ပိုမိုရရှိနိုင်မည်ဖြစ်သလို သောက်ရေ အိုးအပြင် အခြားသောအိုးများကိုလည်း တန်ဖိုးမြှင့်၍  ထပ်မံတိုးချဲ့ ထုတ်လုပ်သွားမည်ဆိုလျှင် အမြတ်အစွန်း  များစွာရရှိနိုင်မည်ဖြစ် ကြောင်း ရေးသားလိုက်ရပါသည်။