Main menu

Background

တောင်ငူခရိုင် ရေတာရှည်မြို့နယ်မှ ကော်ဖီလုပ်ငန်း

Mon, 01/15/2024 - 12:35 -- journal_editor

တောင်ငူခရိုင်  စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် စားသုံးသူရေးရာ  ဦးစီး ဌာန  တောင်ငူခရိုင်   ဦးစီးမှူးတို့သည် ဇန်နဝါရီလ ၈ ရက်     မွန်းလွဲပိုင်းက တောင်ငူခရိုင်    ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ    ကော်ဖီလုပ်ငန်းသို့  သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် စားသုံးသူရေးရာဦးစီးဌာန   ခရိုင် ဦးစီးမှူးတို့သည်  ကော်ဖီစက်ရုံအတွင်း ကော်ဖီစေ့အခွံချွတ်ခြင်း၊    ကော်ဖီစေ့ လှော်ခြင်း၊     ကော်ဖီမှုန့်ကြိတ်ခွဲခြင်း စသည့်      ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ထုပ်ပိုးမှုစနစ် ကောင်းမွန်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်   ထုပ်ပိုးမှုစနစ် ကို ကောင်းမွန်အောင်   ဆောင်ရွက်၍ ပြည်ပဈေးကွက်သို့   ပိုမိုထိုးဖောက်နိုင် ရေးကို   လုပ်ငန်းရှင်နှင့်   ဆွေးနွေးခဲ့ သည်။
အဆိုပါ    ကော်ဖီလုပ်ငန်းသည် ပင်လောင်းကော်ဖီမျိုးများကို   မကွေး တိုင်းဒေသကြီး၊  မင်းတုန်းမြို့နယ်တွင် ကိုယ်ပိုင်စိုက်ခင်းများဖြင့်   ဧက ၅၀ဝ စိုက်ပျိုးထားပါသည်။   စိုက်ခင်းများမှ ထွက်ရှိသော   ကော်ဖီစေ့များကို အခွံ ချွတ်လှော်ထားပြီး    အသင့်ကြိတ်၍ရ သော လှော်ပြီးသား  ကော်ဖီစေ့များကို ပါကင်ထုပ်၍လည်းကောင်း၊    အမှုန့် ကြိတ်ပြီး   ပါကင်ထုပ်၍လည်းကောင်း (၁၀ဝ)ဂရမ် ၊(၂၀ဝ)ဂရမ်နှင့်     (၅၀ဝ) ဂရမ်အထုပ်များထုတ်လုပ်ပြီး ဈေးကွက် အတွင်းသို့ ဖြန့်ဖြူးရောင်းချသည်။ ပြည်ပတွင်လည်း     ဈေးကွက် အခိုင်အမာရရှိထားပြီး ပြည်ပနိုင်ငံများ ဖြစ်သော ကနေဒါ၊ ဂျာမနီ၊ အမေရိကန် နှင့် ထိုင်းနိုင်ငံများသို့  တင်ပို့ရောင်းချ လျက်ရှိကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စောသန်းထိုက်ကျော်(တောင်ငူ)