Main menu

Background

ကြွေးမြီများ လျှော့ချပေးရန် တရုတ်နှင့် အိန္ဒိယကို သီရိလင်္ကာ တောင်းဆို

Thu, 01/19/2023 - 12:32 -- journal_editor

သီရိလင်္ကာနိုင်ငံက  မိမိတို့အပေါ် တင်ရှိနေသည့် ကြွေးမြီများကို  လျှော့ချပေးရန်  တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကို တောင်းဆိုလိုက်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး တတ်နိုင်သမျှ အမြန်ဆုံး သဘောတူပေးနိုင်ရန် သီရိလင်္ကာဗဟိုဘဏ်က ဇန်နဝါရီ ၁၁ ရက်တွင် တောင်းဆို ထားကြောင်း ဘီဘီစီသတင်းတစ်ရပ်၌ ဖော်ပြထားသည်။
သီရိလင်္ကာနိုင်ငံသည် နိုင်ငံ၏စီးပွားရေး ကျဆင်းမှုများ ကို ဆိုးရွားစွာရင်ဆိုင်နေရကာ ပြည်ပြွေကးမြီများကို အချိန်မီ ပြန်ဆပ်ရန် ပျက်ကွက်ခဲ့ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က သီရိလင်္ကာနိုင်ငံကို ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထောက်ပံ့ပေးနိုင်ရန်  ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။ သို့သော်  သီရိလင်္ကာနိုင်ငံ၏ ြွေကးမြီလျှော့ချရေး တောင်းဆိုမှုကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က သဘော တူညီမှသာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ထောက်ပံ့ ငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံကို ပေးနိုင်မည်ဖြစ်သည်။ 
ကမ္ဘာ့စားနပ်ရိက္ခာ  အစီအစဉ်၏ ခန့်မှန်းချက်အရ သီရိလင်္ကာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံကျော်မှာ အစာရေစာ မလုံလောက်ခြင်းများဖြင့် ရင်ဆိုင်နေရပြီး အထူးသဖြင့်  ကျေး လက်ဒေသများတွင် ငတ်မွတ်ခေါင်းပါးမှု များပြားနေကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။      

Source: BBC

စိုင်းဗညား