Main menu

Background

စင်ကာပူနိုင်ငံ၏ ပို့ကုန်ကဏ္ဍ ကျဆင်း

Mon, 06/05/2023 - 14:44 -- journal_editor

စင်ကာပူနိုင်ငံ၏ ပိုကုန်ကဏ္ဍမှာ ယခု ၂၀၂၃ ခုနှစ် ပထမ လေးလ ပတ်၌  ကျဆင်းခဲ့ကြောင်းasianbusinessreview.com တွင်  ရေးသား ဖော်ပြထားသည်။  စင်ကာပူနိုင်ငံ၏ ပို့ကုန်ကဏ္ဍမှာ ၂၀၂၃ ခုနှစ် ပထမ လေးလပတ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက် လက်ပြီး ကုန်ပစ္စည်းစုစုပေါင်းကုန်သွယ်မှုသည် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင် နှုန်းအထိ ထပ်မံကျဆင်းနိုင်ကြောင်း EnterpriseSingapore (Enterprise SG) ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
ကုန်ထုတ်လုပ်မှု ကျဆင်းမှုနှင့် မျှော်မှန်းထားသည့် ရေနံဈေးနှုန်း များ ကျဆင်းမှုကြောင့် မျှော်မှန်းထားသည်ထက် ဆိုးရွားသော စွမ်းဆောင် ရည်ကြောင့် စုစုပေါင်းကုန်သွယ်မှုကို ၈ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဟု အစိုးရက ခန့်မှန်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရေနံနှင့် ရေနံမဟုတ်သော ကုန်သွယ်မှုသည် ၁၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၃ ဒသမ ဝ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့ရသည်။ ယင်းမှာ ၂၀၂၂  ခုနှစ်နှင့် နှိုင်းယှဉ်ပါက ရေနံမဟုတ်သော ကုန်သွယ်မှုသည် ၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။
ထို့ပြင် ပြည်တွင်း အီလက်ထရွန်နစ် ပစ္စည်းများသည် ၂၀၂၂ ခုနှစ် နောက်ဆုံး  လေးလပတ်တွင် ၁၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၂၀၂၃ ခုနှစ် ပထမ လေးလပတ်တွင် ၂၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွား သည်ဟု ဆိုသည်။           Source; asianbusinessreview.com

 

စိုင်းဗညား