Main menu

Background

တစ်ပတ်အတွင်ငွေကြေး

Tue, 06/23/2015 - 21:18 -- journal_editor

ဗဟိုဘဏ်အတိုးနှုန်း   တိုးမြှင့် ပေးမယ့်အချိန်က   ဈေးကွက်တွေက မျှော်လင့်ထားတဲ့    အချိန်ထက်ပိုပြီး နောက်ကျလိမ့်မယ်လို့ အမေရိကန်ဗဟို ဘဏ်က     ကြေညာလိုက်တဲ့အတွက်     ရေတိုမှာ အကျိုးအမြတ်များများရတဲ့ ဘွန်းစာချုပ်တွေက ရင်းနှီးမြှုပ်နှံသူတွေ ကိုဆွဲဆောင်ရာမှာ အထောက်အကူဖြစ် စေပါတယ်။    ဒါကြောင့်   ဒေါ်လာနဲ့ ဖလှယ်ရာမှာ ထွန်းသစ်စ  အာရှဈေး ကွက်တွေမှာရှိတဲ့ ငွေကြေးတွေ ဇွန်လ ၁၈ ရက်နေ့မှာ   တန်ဖိုးမြင့်တက်လာခဲ့ ပါတယ်။   အဓိကငွေကြေးခြောက်ခုနဲ့ ဖလှယ်ရာမှာ   အမေရိကန်ဒေါ်လာ တန်ဖိုးက  တစ်လအတွင်းအနိမ့်ဆုံးနှုန်း ကိုရောက်ရှိခဲ့ပါတယ်။
    ဒါပေမယ့် အမေရိကန်ဗဟိုဘဏ် က   ယခုနှစ်အကုန်လောက်မှာ အတိုး    နှုန်းတွေ  မြှင့်တင်ပေးတော့မှာဖြစ်တဲ့ အတွက်  ထွန်းသစ်စငွေကြေးတွေရဲ့ တန်ဖိုးမြင့်တက်မှုက  ရေရှည်မှာ ပြန် လည်ကျဆင်းလိမ့်မယ်လို့ လေ့လာဆန်း စစ်သူတွေကယူဆထားကြပါတယ်။ ဂရိ နိုင်ငံေ<ကးဆပ်ဖို့ပျက်ကွက်မှာကိုစိုးရိမ် မှုကလည်း စွန့်စားရမယ့် အန္တရာယ် ရှိတဲ့ ဘွန်းစာချုပ်တွေ ကို   လူကြိုက်နည်း လာစေနိုင်ပါတယ်။ ဝမ်ငွေတန်ဖိုးမြင့် တက်မှုကြောင့် တောင်ကိုရီးယားပို့ကုန် တွေ ယှဉ်ပြိုင်နိုင်မှုကျဆင်းလာတဲ့အတွက်   ဈေးကွက်ထဲကို ကိုရီးယားငွေကြေးအာ ဏာပိုင်တွေက ဝင်ရောက်စွက်ဖက်မှာ ကို စိုးရိမ်မှုတွေရှိနေပါတယ်။

တရုတ်ယွမ်
    နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့   အမေ ရိကန်-တရုတ် မဟာဗျူဟာနဲ့ စီးပွားရေး ဆွေးနွေးပွဲမတိုင်မီကာလမှာ   ဟောင် ကောင်မှာ လွတ်လပ်စွာ   ရောင်းဝယ် ဖောက်ကားနေတဲ့ ဝမ်ငွေကြေးတန်ဖိုး က  မြင့်တက်လာခဲ့ရာ ဧပြီလနောက် ပိုင်းအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။  တရုတ် နိုင်ငံရဲ့   ယွမ်ငွေကြေးဖလှယ်နှုန်းက မျှတတဲ့နှုန်းထားနီးပါး  ရောက်နေပြီ ဖြစ်ကြောင်း  အမေရိကန်နဲ့ အပြည်ပြည် ဆိုင်ရာ     ငွေကြေးရန်ပုံငွေအဖွဲ့တို့က သဘောတူထားကြပါတယ်။
    ဘလွမ်းဘတ်က    ပြုစုထားတဲ့ စာရင်းဇယားအရ  ဟောင်ကောင်မှာ ဇွန်လ ၁၈ ရက်ညနေ ၄ နာရီ ၃၁ မိနစ် ကဝမ်ငွေကြေးတန်ဖိုးက တစ်ဒေါ်လာ ကို ၆ ဒသမ ၂၀၇၃ ဝမ်နှုန်းရှိခဲ့ပြီး ဧပြီ ၁၇ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ ပါတယ်။

အိန္ဒိယရူပီး
    အမေရိကန်ဒေါ်လာကို   ပို့ကုန် လုပ်ငန်းရှင်တွေရဲ့  ရောင်းချမှုမြင့်မား လာတဲ့အတွက် နိုင်ငံခြားငွေ  ဘဏ် အချင်းချင်းရောင်း ဝယ်ရေးဈေးကွက် မှာ ဇွန်လ ၁၉ ရက်နေ့က    ရူပီးငွေကြေး တန်ဖိုးက သုည ဒသမ ၀၆ ရူပီးနှုန်းမြင့် တက်ပြီး တစ်ဒေါ်လာကို ၆၃ ဒသမ ၆၇ ရူပီးနှုန်းဖြင့် သုံးရက်မြောက်နေ့အဖြစ် အဖြစ်မြင့်တက်ခဲ့ပါတယ်။
    ပြည်တွင်းဈေးကွက်မှာ ရှယ်ယာ တန်ဖိုးမြင့်တက်မှုနဲ့  ဒေါ်လာကို ယူရိုနဲ့ တခြားငွေကြေးတွေဖလှယ်တဲ့ဈေးနှုန်း ကျဆင်းမှုကလည်း ရူပီးတန်ဖိုးမြင့်တက် မှုကိုအထောက်အကူဖြစ်စေခဲ့ပါတယ်။

ဂျပန်ယန်း
    ငွေကြေးဖောင်းပွမှုနှုန်းတွေ တန့် နေပေမယ့်   ဂျပန်ဗဟိုဘဏ်က စီးပွား ရေးလှုံ့ဆော်အားပေးမှု  အစီအမံသစ် ကိုအနည်းဆုံးနောက်တစ်ကြိမ်အစည်း အဝေးထိရပ်တန့်ထားဦးမယ့်လက္ခဏာ တွေတွေ့ရတဲ့နောက်ပိုင်း     ယန်းငွေ တန်ဖိုး ကျဆင်းခဲ့ပါတယ်။
    ယန်းငွေတန်ဖိုးက ဇွန်လ ၁၈ ရက် နေ့ညနေ ၅ နာရီမှာ နယူးယောက်မှာ တစ်ဒေါ်လာကို ၁၂၂ ဒသမ ၉၁ ယန်းနဲ့ တိုကျိုမှာ ၁၂၂ ဒသမ ၈၅ ယန်းနှုန်းဖြင့် လည်းကောင်း၊   ယူရိုနဲ့ ဖလှယ်ရာမှာ နယူးယောက်မှာ    တစ်ယူရိုကို ၁၃၉ ဒသမ ၆၇ ယန်းနဲ့ တိုကျိုမှာ ၁၃၉ ဒသမ ၇၉ နှုန်းဖြင့်ရှိရာမှ ဇွန်လ ၁၉ ရက်မနက် ၉ နာရီမှာ တစ်ဒေါ်လာကို ၁၂၃ ဒသမ ၀၂ ယန်းနဲ့ တစ်ယူရိုကို ၁၃၉ ဒသမ ၈၉ ယန်းနှုန်းရှိခဲ့ပါတယ်။

မလေးရှားရင်းဂစ်
    ရင်းနှီးမြှုပ်နှံသူတွေက  အမေ ရိကန်ဒေါ်လာကို ယုံကြည်မှု ကျဆင်း လာတဲ့အတွက် မနက်ပိုင်းဈေးကွက်မှာ ဒေါ်လာနဲ့ ဖလှယ်တဲ့အခါ ဇွန်လ ၁၉ ရက်နေ့က ရင်းဂစ်တန်ဖိုး ဆက်လက် မြင့်တက်ခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးက ဇွန်လ ၁၈ ရက်က အမေရိကန်ဒေါ်လာ နဲ့   ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၃ ဒသမ ၇၁၀၀ ရင်းဂစ်နှုန်းရှိရာမှ နောက် တစ်နေ့မနက် ၉ နာရီမှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၇၀၅၀ ရင်းဂစ်နှုန်းရှိခဲ့ပါ တယ်။
    တခြား   အဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာလည်း ရင်းဂစ်တန်ဖိုးမြင့် တက်ခဲ့ပါတယ်။

တောင်ကိုရီးယားဝမ်
အမေရိကန်  ပြည်ထောင်စုက  အတိုးနှုန်းများကို ဆောလျင်စွာမြင့်တက် ပေးမည်ကို စိုးရိမ်မှုများ ကျဆင်းသွား တဲ့အတွက်   ကုမ္ပဏီရှယ်ယာများရဲ့ အခြေအနေ ပြန်လည်ကောင်းမွန်လာ တဲ့အတွက် တောင်ကိုရီးယားစတော့ ဈေးတွေ ဇွန်လ ၁၉ ရက်မှာ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။     ဒါပေမယ့်        နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ရှယ် ယာများကို ပြန်လည်ရောင်းချမှု မြင့် မားလာတဲ့အတွက်    ဝမ်ဈေးနှုန်းမြင့် တက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ငွေကြေးဈေးကွက်မှာဝမ်ဈေးနှုန်း ကတစ်ဒေါ်လာကို ၁၁၀၇ ဒသမ ၁ ဝမ် နှုန်းရှိခဲ့ပြီး   ဇွန်လ ၁၈ ရက်ဈေးပိတ်ချိန် ကအတိုင်း   အပြောင်းအလဲမရှိဆက် လက်တည်ရှိနေခဲ့ပါတယ်။

ထိုင်းဘတ်
''အမေရိကန်ဗဟိုဘဏ်   အစည်း အဝေးပြီးနောက် အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းခဲ့တဲ့အတွက် ဘတ်ငွေ တန်ဖိုး      အနည်းငယ်မြင့်တက်ဖို့ အထောက်အကူ  ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်    ဘတ်ငွေဈေးနှုန်းအတက် အကျကဒေသတွင်းရှိ   တခြားငွေကြေး တွေအတိုင်းရှိနေပြီး     သာမန်အနေ အထားမှာပဲရှိပါတယ်''လို့  ထိုင်းဗဟို ဘဏ်မှပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။
ဘတ်ငွေတန်ဖိုးက ဇွန် ၁၇ ရက်နေ့ ဈေးပိတ်ချိန်မှာ တစ်ဒေါ်လာကို ၃၃ ဒသမ ၆၃ ဘတ်နှုန်းရှိပြီး ၁၈ ရက်နေ့မှာ သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၃၃ ဒသမ ၅၉ ဘတ် နှုန်းရှိခဲ့ပါတယ်။