Main menu

Background

ငွေကြေး ရက်သတ္တပတ်

Tue, 08/18/2015 - 21:15 -- journal_editor

တရုတ်ယွမ်
    တရုတ် နိုင်ငံခြားငွေရောင်းဝယ်ရေးဌာန (China Foreign Exchange Trading System) မှာ သြဂုတ်လ ၁၄ ရက်နေ့က တရုတ်ယွမ်ငွေကြေးရဲ့တန်ဖိုးကို အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ သုည ဒသမ ၃၅ ရာခိုင်နှုန်းြ ပန်လည် မြှင့်တင်ပြီး  တစ်ဒေါ်လာကို ၆ ဒသမ ၃၉၇၅ ယွမ်နှုန်း ရှိခဲ့ပါတယ်။

အိန္ဒိယရူပီး
    သြဂုတ် ၁၃ ရက်နေ့က တစ်ဒေါ် လာကို ၆၅ ဒသမ ၁၀ ရူပီးနှုန်း ရှိခဲ့တဲ့ ရူပီးတန်ဖိုးက နောက်တစ်နေ့မှာ သုည ဒသမ ၂၂ ရူပီးနှုန်းကျဆင်းပြီး တစ်ဒေါ် လာကို ၆၅ ဒသမ ၃၂ ရူပီး နှုန်းရှိခဲ့ပါ တယ်။ ရူပီးတန်ဖိုး ကျဆင်းမှု က ခုနစ် ရက်မြောက်နေ့အဖြစ်ဆက်တိုက်ကျဆင်းမယ့်အခြေအနေကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ သုံးရက်အတွင်းယွမ်ငွေကြေးတန်ဖိုးက လေးရာခိုင်နှုန်းကျော်တန်ဖိုးချလိုက်တဲ့အချက်က ယခုရက်သတ္တပတ်အတွင်း ရူပီးငွေေြ ကးတွေကို ပုံအောပြီးပြန်ရောင်းချရတဲ့ အကြီးမား ဆုံးအကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ သြဂုတ် ၁၄ ရက်မှာ ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယွမ်ငွေကြေးတန်ဖိုး ပြန် မာလာတဲ့တိုင်အောင် ရူပီးငွေကြေးက ပြန်လည် ခေါင်းမေ ထာင်နိုင်အောင် ရှိနေဆဲ ဖြစ်ပါတယ်။

ဂျပန်ယန်း
    တိုကျိုနိုင်ငံခြားငွေ  ရောင်းဝယ် ရေးဈေးကွက်မှာ သြဂုတ်လ ၁၄ ရက် နေ့က အမေရိကန်ဒေါ်လာရဲ့တန်ဖိုးက ၁၂၄ ဒသမ ၅ ယန်းနှုန်းအောက်မှာ အတက်အကျရှိနေပါတယ်။ ဒေါ်လာ  ယန်း   ဖလှယ်နှုန်းက သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၅ နာရီက နယူးယောက်မှာ တစ်ဒေါ်လာ ၁၂၄ ဒသမ ၃၇ ယန်းနဲ့ တိုကျိုမှာ ၁၂၄ ဒသမ ၅၈ ယန်းနှုန်းရှိနေရာမှ နောက်တစ်နေ့ မနက် ၉ နာရီတိုကျိုဈေးကွက်မှာ တစ် ဒေါ်လာကို ၁၂၄ ဒသမ ၃၉ ယန်းနှုန်း ရှိခဲ့ပါ တယ်။ ယူရိုငွေကြေးရဲ့ ဖလှယ်နှုန်းက သြဂုတ် ၁၃ ရက်ညနေက  နယူးယောက် ဈေးကွက်မှာ တစ်ယူရိုကို ၁ ဒသမ ၁၁၁၂ ဒေါ်လာနဲ့ တိုကျိုမှာ ၁၃၈ ဒသမ ၄၄ ယန်းနှုန်းရှိခဲ့ရာမှ သြဂုတ်လ ၁၃ ရက်မှာတစ်ယူရိုကို  ၁ ဒသမ ၁၁၅၆ ဒေါ်လာနဲ့ ၁၃၈ ဒသမ ၇၇ ယန်းနှုန်းရှိခဲ့ ပါတယ်။

မလေးရှားရင်းဂစ်
    နိုင်ငံခြားဘဏ်များက ပြည်တွင်း ငွေကြေးများ လက်ဝယ်ထားရှိမှုကို လျှော့ချလာကြတဲ့အတွက် သြဂုတ်လ ၁၃ ရက်နေ့က  အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးကျဆင်းခဲ့ကြောင်း ငွေကြေးကုန်သည်တစ်ဦး က ပြောပါတယ်။ ဒေါ်လာ၊ ရင်းဂစ်ဖလှယ်နှုန်းက သြဂုတ်လ ၁၃ ရက်ညနေ ၅ နာရီက တစ်ဒေါ်လာကို ၄ ဒသမ ၀၀၈၀ ရင်း ဂစ်နှုန်းရှိရာမှ ၁၄ ရက်နေ့မနက် ၉ နာရီ ၂၀ မိနစ်မှာ ၄ ဒသမ ၀၃၆၀ ရင်းဂစ် နှုန်းရှိခဲ့ပါတယ်။ ငွေေ ကြး  ဖလှယ်ရေးအုပ်စု အတွင်းရှိအခြားငွေကြေးများနဲ့ ဖလှယ် ရာမှာလည်း ရင်းဂစ်တန်ဖိုးကျဆင်းခဲ့ပါ တယ်။

တောင်ကိုရီးယားဝမ်
    အမေရိကန် ပြည်ထောင်စုရဲ့ လက်လီရောင်းချမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ အခြေအနေတိုးတက် ကောင်းမွန်လာတဲ့အတွက် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းကို  စက်တင် ဘာမှာတိုးမြှင့်ပေးနိုင်တယ်ဆိုတဲ့  ယူဆ ချက်က   ပိုမိုခိုင်မာလာခဲ့ပါတယ်။ ဒါကြောင့် သြဂုတ်လ ၁၄ ရက်နေ့မှာ ယူရိုနဲ့ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့်ဒေါ်လာနဲ့တောင်ကိုရီး ယားဝမ်ဖလှယ်နှုန်းက သြဂုတ်လ ၁၃ ရက်မှာ တစ်ဒေါ်လာကို ၁၁၇၄ ဒသမ ၅၅ ဝမ်နှုန်းရှိရာမှ သြဂုတ်လ ၁၄ ရက် မှာ ၁၁၇၇ ဒသမ ၃၂ ဝမ်နှုန်းကိုရောက် ရှိပြီး ဝမ်တန်ဖိုးကျဆင်းခဲ့ပါတယ်။

ထိုင်းဘတ်
    အမေရိကန် ပြည်ထောင်စုရဲ့ လက်လီရောင်းချမှုလုပ်ငန်များတိုး တက်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြပြီးနောက်ပိုင်း သြဂုတ်လ ၁၃ ရက်မှာ ယူရိုအပါအဝင်တခြားငွေကြေး တွေနဲ့ဖလှယ်ရာမှာ ဒေါ်လာဈေးမြင့် တက်ခဲ့ပါ တယ်။ ဒေါ်လာ/ဘတ်ဖလှယ်နှုန်းက သြဂုတ်လ ၁၃ ရက်မှာ တစ်ဒေါ်လာ ၃၅ ဒသမ ၁၈ ဘတ်မှ သြဂုတ်လ ၁၄ ရက် နေ့မှာ တစ်ဒေါ်လာကို ၃၅ ဒသမ ၂၆ ဘတ်နှုန်းရှိခဲ့ပါတယ်။