Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Thu, 06/01/2017 - 13:38 -- journal_editor

        အမေရိကန် ပြည်ထောင်စုဗဟို ဘဏ်က ဗဟိုဘဏ်အတိုးနှုန်းများကို မြှင့်တင်ရာတွင် ဖြည်းဖြည်းခြင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိကန်ဗဟိုဘဏ်မူဝါဒ ချမှတ်ရေး အစည်းအဝေးက ဆုံးဖြတ်ချက်ချထား ခြင်းနှင့် Moody's ကြွေးမြီ အဆင့်သတ် မှတ်ရေးအဖွဲ့က တရုတ်နိုင်ငံ၏ ကြွေးမြီ အဆင့်သတ်မှတ်ချက်ကို လျှော့ချသတ်မှတ်ပြီးနောက်ပိုင်း တရုတ်အစိုးရ က ဒေါ်လာငွေကြေးများကို ပြန်လည် ရောင်းချခြင်း စသည့်အချက်များေ ကြာင့် မေ ၂၅ ရက်တွင် အာရှငွေကြေးများ၏ တန်ဖိုးမြင့်တက်ခဲ့သည်။
         တရုတ်နိုင်ငံ၏ ကြွေးမြီအလားအလာများဆိုးရွားလျက်ရှိကြောင်း ဖော်ပြပြီး တရုတ်နိုင်ငံ၏ ကြွေးမြီအဆင့်ကို Moody's  Investor Service ကမေ ၂၄ ရက်ကလျှော့ချခဲ့ရာ ၁၉၈၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြ စ် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့သော လျှော့ချခန့်မှန်း ခြင်းမှာ အခြေအမြစ်မရှိကြောင်း တရုတ် နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနက  တုံ့ပြန် ပြောကြားခဲ့သည်။

တရုတ်ယွမ်
      Moody's Ivestor Service  က တရုတ်နိုင်ငံ၏ ကြွေးမြီအဆင့်ကို လျှော့ချလိုက်ပြီးနောက် ယွမ်တန်ဖိုးမြင့်တက် စေရန် တရုတ်ဗဟိုဘဏ်အာဏာပိုင်တို့ က ဝင်ရောက်စွက်ဖက်လာမည်ကို စိုးရိမ်မှု ကြောင့် မေ ၂၆ ရက် တွင် ပင်လယ်ရပ် ခြားဈေးကွက်၌ ယွမ်တန်ဖိုး တစ်ဟုန် ထိုးမြင့်တက်ခဲ့ရာ သုံးလအတွင်း အမြင့် ဆုံးနှုန်းဖြစ်ခဲ့သည်။ ဟောင်ကောင်တွင် Off-Shore ယွမ်နှင့် ဖလှယ်ရာတွင် ဒေါ်လာတန်ဖိုး မှာ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်း ပြီး အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၃၆ ယွမ်နှုန်းရှိခဲ့သည်။ ရှန်ဟဲဈေး ကွက်ရှိ OnShore ယွမ်တန်ဖိုးမှာလည်း မြင့်တက်ခဲ့ရာ အမေရိကန် ဒေါ်လာ တန်ဖိုးသည် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန်တစ်ဒေါ် လာကို ၆ ဒသမ ၈၅၇၉ ယွမ်နှုန်း ရှိခဲ့သည်။

အိန္ဒိယရူပီး
        အမေရိကန်ဒေါ်လာကို ပို့ကုန် လုပ်ငန်းရှင်များနှင့် ဘဏ်များက ပြန် လည်ရောင်းချလျက်ရှိသဖြင့် အိန္ဒိယ နိုင်ငံ၏ ဘဏ်အချင်းချင်း ဖလှယ်သော နိုင်ငံခြားငွေဈေးကွက်တွင် မေ ၂၆ ရက် က  ဒေါ်လာနှင့်  ဖလှယ်ရာတွင် ရူပီး တန်ဖိုးက သုည ဒသမ ၀၇ ရူပီးနှုန်း မြင့်တက်ပြီး အမေရိကန်တစ် ဒေါ်လာ ကို ၆၄ ဒသမ ၅၅  ရူပီးနှုန်း ရှိခဲ့သည်။ ပြည်ပဈေးကွက်များတွင် ဒေါ်လာ တန်ဖိုးကျဆင်းမှုအပြင်  နိုင်ငံခြားငွေ စီးဝင်မှု ပိုမိုလာခြင်းနှင့် ပြည်တွင်း ရှယ် ယာဈေးကွက်တွင် ပြည်တွင်း စတော့ ရှယ်ယာများ တန်ဖိုးမြင့်တက်လာခြင်း တို့က ရူပီးတန်ဖိုးမြင့်တက်မှုကို အထောက် အကူဖြစ်စေခဲ့ကြောင်း နိုင်ငံခြား ငွေ ဝယ်ရောင်းသမားတို့က ပြောသည်။

ဂျပန်ယန်း
         မေ ၂၆ ရက်က တိုကျိုဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုးက ၁၁၁ ဒသမ ၅ ယန်းဝန်းကျင်တွင်ရှိခဲ့ရာ နယူးယောက်ဈေးကွက်တွင် ယခင်နေ့ကရှိခဲ့သော အခြေအနေနှင့်အများအားဖြင့် တူညီသည်။ အမေရိကန်ဒေါ် လာနှင့် ဂျပန်ယန်းငွေဖလှယ်နှုန်းမှာ မေ ၂၅ ရက်က တိုကျိုဒေသစံတော်ချိန် ညနေ ၅ နာရီ က နယူးယောက်တွင် အမေရိကန် တစ်ဒေါ်လာကို ၁၁၁ ဒသမ ၇၈ ယန်းနှင့် တိုကျိုတွင် ၁၁၁ ဒသမ ၈၂ ယန်းနှုန်း ရှိခဲ့ရာမှ နောက်တ စ်နေ့တွင် အမေရိကန် တစ်ဒေါ်လာကို ၁၁၁ ဒသမ ၇၂ ယန်း နှုန်းရှိခဲ့သည်။ ယူရိုငွေကြေးတန်ဖိုးမှာ မေ ၂၅ ရက်ညနေက တစ်ယူရိုကို နယူးယောက် တွင် အမေရိကန်ဒေါ်လာကို ၁ ဒသမ ၁၂၀၅ နှင့် ၁၂၅ ဒသမ ၃၁ ယန်းနှုန်း  ဖြင့်လည်းကောင်း၊ တိုကျိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၄၂ နှင့် ၁၂၅ ဒသမ ၇၁  ယန်းနှုန်းဖြင့် လည်းကောင်းရှိခဲ့ရာမှ  နောက်တစ်နေ့ နံနက်တွင် တစ်ယူရိုကို  အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၂၁၀ နှင့် ၁၂၅ ဒသမ ၂၃ ယန်းနှုန်းရှိခဲ့သည်။

မလေးရှားရင်းဂစ်
        မလေးရှားနိုင်ငံ၏ ပထမသုံးလပတ်စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေ ကောင်းမွန်မှုကြောင့် ရင်းဂစ်ငွေကြေးကို ဝယ်ယူရန်ရင်းနှီးမြှုပ်နှံသူတို့က စိတ်ဝင်စားလာသည့်အတွက် အမေရိကန်ဒေါ်လာနှင့်ဖလှယ်ရာတွင် ရင်းဂစ်တန် ဖိုး ဆက်လက်မြင့်တက်ခဲ့ကြောင်း ဝယ် ရောင်းသမားတို့ကပြောသည်။ ရင်းဂစ်တန်ဖိုးမှာ မေ ၂၅ ရက်က အမေရိကန်တစ်ဒေါ်လာကို ၄ ဒသမ ၂၇၇၀ ရင်းဂစ်နှုန်းရှိရာမှ နောက်တစ်နေ့ နံနက် ၉ နာရီ ၁၁ မိနစ်တွင် ၄ ဒသမ ၂၇၃၀ ရင်းဂစ်နှုန်းရှိခဲ့သည်။ အခြားငွေ ကြေးများနှင့်ဖလှယ်ရာတွင်လည်း ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့သည်။

တောင်ကိုရီးယားဝမ်
      ထောက်ပံ့ ပို့ဆောင်ရေးကုမ္ပဏီများနှင့် နည်းပညာကုမ္ပဏီများ၏ စတော့ရှယ်ယာများက ဦးဆောင်ပြီး တောင်ကိုရီးယားစတော့ရှယ်ယာဈေးများသည် မေ ၂၆ ရက်နံနက်ပိုင်းတွင် သုည ဒသမ ၄၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ သို့သော်လည်း တောင်ကိုရီးယား ဝမ်တန်ဖိုးမှာမူ အမေရိကန်ဒေါ်လာ နှင့်ဖလှယ်ရာ၌ မေ ၂၅ ရက်နေ့က ထက် ၄ ဒသမ ၂ ဝမ်နှုန်းကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာကို ၁၁၂၀ ဒသမ ၇၀ ဝမ်နှုန်းရှိခဲ့သည်။

ထိုင်းဘတ်
       ရိုက်တာသတင်းဌာနက ပြုစုထား သော ကိန်းဂဏန်းများအရ မေ ၂၆ ရက်က အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ထိုင်းဘတ်ငွေတန်ဖိုးမှာ သုည ဒသမ ၅၃ ရာခိုင်နှုန်းမြင့်တက်ပြီး အမေ ရိကန်တစ်ဒေါ်လာကို ၃၄ ဒသ မ ၀၅ ဘတ်နှုန်းရှိခဲ့သည်။

 

ဉာဏ်တင်