Main menu

Background

ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်

Thu, 12/14/2017 - 15:25 -- journal_editor

      ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက  အနည်းငယ်မြင့်တက်ခဲ့သည့် ပြည်တွင်း ငွေလဲနှုန်းများသည် ယခုတစ်ပတ်အတွင်း ဆက်လက်မြင့်တက်ခဲ့ကာ အမေရိကန် တစ်ဒေါ်လာလျှင် ၁၃၅၉ကျပ်သို့ ရောက်ရှိခဲ့သည်။ ဈေးကွက် အတွင်း အရောင်းအဝယ်များ ပြန်လည်သွက်လာသဖြင့် ဈေးပြန် လည်မြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ပွင့်လင်းရာသီသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သဖြင့် ဈေးကွက်အတွင်း ပို့ကုန်သွင်းကုန်သမားများ ပြန်လည်လှုပ်ရှားလာ ခဲ့ကြောင်း၊ စက်သုံးဆီတင်သွင်းသူများကလည်း ဒေါ်လာများကို ပြန်လည်ဝယ်ယူ လာသဖြင့် ယခုကဲ့သို့ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လာရခြင်းဖြစ် ကြောင်းဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ဆိုသည်။
        မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းငွေလဲနှုန်းများကို ထုတ် ပြန် ရာတွင် ဒီဇင်ဘာ ၄ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၆၄ကျပ်သတ်မှတ် ခဲ့ပြီး တစ်ပတ်လုံး ယင်းဈေးအတိုင်း မပြောင်းလဲဘဲ သတ်မှတ် ခဲ့သည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်း၏ရည်ညွှန်းငွေလဲနှုန်းများကို ထုတ် ပြန်ရာတွင် နိုဝင်ဘာ ၂၇ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၆၆ကျပ်ဖြစ် သော်လည်း ဒီဇင်ဘာလ ရက်တွင် ၁၃၆၄ ကျပ်သို့ ပြောင်းလဲ သတ် မှတ်ခဲ့သည်။ ပြည်တွင်းငွေလဲစင်တာများတွင် ဒီဇင်ဘာ ၄ရက်က ရောင်းဈေး ၁၃၆၅ ကျပ်၊ ဝယ်ဈေး ၁၃၅၄ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာ ၆ ရက်တွင် ရောင်းဈေး ၁၃၅၈ ကျပ်၊ ဝယ်ဈေး ၁၃၅၆ ကျပ်သို့မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၉ ရက် တွင် ရောင်းဈေး ၁၃၅၉ ကျပ်၊ ဝယ်ဈေး ၁၃၅၇ ကျပ်သို့ ဆက်လက်မြင့်တက်ခဲ့သည်။

 

မယ်သီတာ