Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၂၃၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 06/05/2023 - 12:10 -- journal_editor

မေ ၁၈ ရက်မှ ၃၁ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၂၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန် စတော့ အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက် သည့် ရှယ်ယာအစောင်ရေ  စုစုပေါင်း ၇၀၈၁၅ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၂၃၀ ဒသမ ၁၉ သန်းရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI)  က အစုရှယ်ယာ ၅၃၄၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၃ ဒသမ ၄၄ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစု ရှယ်ယာ ၄၄၄၆၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၂၇ ဒသမ ၁၉ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB)  က အစုရှယ်ယာ ၄၆၀၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၂ ဒသမ ၅၆ သန်း၊ ပထမ ပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၁၄၉၀၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၁ ဒသမ ၅၁ သန်း ရရှိခဲ့ သည်။
ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၁၈၁ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၄၄ သန်း၊ Ever Flow River Group Public (EFR)  က အစုရှယ်ယာ ၅၂၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၃၂ သန်း၊ Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၇၉၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃ ဒသမ ၇၄ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့သည်။      

          ပန်းဆု