Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၄၀ဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 08/14/2023 - 11:06 -- journal_editor

ဇူလိုင် ၂၈ ရက်မှသြဂုတ် ၉ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၄၀ဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန် စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်းအဝယ် ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၁၆၇၄၉၆ စောင် ရှိပြီး တန်ဖိုးအား ဖြင့် ကျပ် ၄၁၀ ဒသမ ဝ၉ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့်First Myanmar Investment (FMI) က အစုရှယ်ယာ ၇၈၈၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆၇ ဒသမ ၅၀ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH)  က အစုရှယ် ယာ ၃၉၁၃၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၁၄ ဒသမ ၂၅ သန်း ရရှိခဲ့ကြောင်း သိရသည်။ အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၁၀၃၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇ ဒသမ ၆၅ သန်း၊ ပထမ ပုဂ္ဂလိကဘဏ် (င်္ဏြ) က အစုရှယ်ယာ ၂၅၇၁၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၀ ဒသမ ၅၇ သန်း ရရှိခဲ့ သည်။ထို့အတူ TMH Telecom Public (TMH)က အစုရှယ်ယာ ၃၁၄ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ဝ၇ ဒသမ ၅ သန်း၊ Ever Flow River Group Public (EFR)  က အစုရှယ်ယာ ၁၇၇၈၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၁ ဒသမ ဝ၉ သန်း ရရှိခဲ့ သည်။ ယင်းအပြင်Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၆၀၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂ ဒသမ ၉၃ သန်း၊ Myanmar Agro Exchange Public Co.,Ltd. (MAEX)က အစုရှယ်ယာ ၇၅၀၁၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၃၅ ဒသမ ၃၆ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။          

 ပန်းဆု