Main menu

Background

ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိ

Thu, 08/31/2023 - 09:56 -- journal_editor

 ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့်သာ အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။ လက်ရှိ ပြင်ပဈေးကွက်အတွင်း ငွေလဲနှုန်းများ မြင့်တက်နေခြင်းသည် ကုန်သွယ်မှုနှင့်ပတ်သက်သည့်  မှောင်ခိုရောင်းဝယ်မှု၊ တရားမဝင် တင်ပို့မှုတွေ ကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်း အောင်က ပြောသည်။ 
သြဂုတ် ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြားငွေစီးဝင်မှု၊ စီးထွက်မှု  အခြေအနေများကို အမြဲလေ့လာစောင့်ကြည့်နေပြီး ဈေးကွက်လိုလားချက်အရ ဖြစ်သင့်သည့် ငွေလဲ လှယ်နှုန်းများကိုလည်း အမြဲတမ်းစိစစ်သုံးသပ်နေကြောင်း ၎င်းကပြောသည်။ 
ထို့ပြင် ငွေလဲလှယ်နှုန်းများ တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဈေးနှုန်းသတ်မှတ်ရာတွင်လည်း ကောင်း မြန်မာကျပ်ငွေကိုသာ သုံးစွဲရန် လက်အောက်ခံအဖွဲ့အစည်းများနှင့် စီးပွား ရေးလုပ်ငန်းရှင်များကို ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

 

 

ပန်းဆု