Main menu

Background

စတော့ရှယ်ယာတန်ဖိုး ကျပ်သန်း ၂၂၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Tue, 10/10/2023 - 11:34 -- journal_editor

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုတန်ဖိုး ကျပ်သန်း ၂၂၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်းအဝယ် ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၇၀၃၁၇ စောင် ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၂၂၀ ဒသမ ၇၄ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့်   First Myanmar  Investment (FMI) က အစုရှယ်ယာ ၈၂၀၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇၂ ဒသမ ၄၅ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH)က အစု ရှယ်ယာ ၂၂၉၆၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆၉ ဒသမ ၄၄ သန်း ရရှိခဲ့ကြောင်း သိရသည်။ အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၁၇၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၂၉ သန်း၊ ပထမပုဂ္ဂလိကဘဏ် FPB) က အစုရှယ်ယာ ၇၂၀၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၂ ဒသမ ၁၇ သန်း ရရှိခဲ့သည်။
ထို့အတူ TMH Telecom Public (TMH)  က အစုရှယ်ယာ ၃၅၁ ရောင်းချနိုင် ခဲ့ပြီး တန်ဖိုးကျပ် သုည ဒသမ ၈၄ သန်း၊ Ever Flow River Group Public (EFR)  က အစုရှယ်ယာ ၄၆၆၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀ ဒသမ ဝ၈ သန်း ရရှိခဲ့ သည်။ ယင်းအပြင် Amata Holding Public Co.,Ltd. (AMATA)  က အစုရှယ်ယာ ၂၃၉၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၁ ဒသမ ၈၅ သန်း၊ Myanmar Agro Exchange Public Co.,Ltd. (MAEX)  က အစုရှယ်ယာ ၂၄၃၄၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၂ ဒသမ ၅၉ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့သည်။              

 

 

ပန်းဆု