Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၁၇၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Tue, 11/07/2023 - 11:43 -- journal_editor

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ စာရင်းဝင်ကုမ္ပဏီ များ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု  တန်ဖိုး ကျပ်သန်း ၁၇၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း  (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်းအဝယ် ဖြစ်မြောက်သည့် ရှယ်ယာ အစောင်ရေ စုစုပေါင်း ၆၁၆၅၄ စောင် ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၇၁ ဒသမ ၅၄ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့်First Myanmar  Investment (FMI) က အစုရှယ်ယာ ၃၁၀၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၇ ဒသမ ၄၅ သန်း၊  Myanmar Thilawa SEZ Holidings Public (MTSHက အစုရှယ် ယာ ၂၂၅၃၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆၆ ဒသမ ၆၇ သန်းရရှိခဲ့ကြောင်း သိရ သည်။ အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၇၆၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅ ဒသမ ၈၁ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၇၂၅၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၂ ဒသမ ဝ၄ သန်း ရရှိခဲ့သည်။
ထို့အတူTMH Telecom Public (TMH) က အစုရှယ်ယာ ၃၈၀၅ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀ ဒသမ ဝ၅ သန်း၊ Ever Flow River Group Public (EFR)က အစုရှယ်ယာ ၈၆၃၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၇ ဒသမ ၉၇ သန်း ရရှိခဲ့ သည်။  
ယင်းအပြင် Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၁၄၇၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇ ဒသမ ၂၁ သန်း၊ Myanmar Agro Exchange Public Co.,Ltd. (MAEX)  က အစုရှယ်ယာ ၁၄၀၈၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၄ ဒသမ ၃၃ သန်း စသည်ဖြင့် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။        

 

  ပန်းဆု