Main menu

Background

ရွှေရည်ညွှန်းဈေး ကျပ် ၃၂၁၂၀ဝ၀ ရှိ

Mon, 12/04/2023 - 11:13 -- journal_editor

ပည်တွင်း ရွှေရည်ညွှန်းဈေးမှာ နိုဝင်ဘာ ၃၀ ရက်နေ့ ပေါက်ဈေးအရ ကျပ် သိန်း ၃၂၁၂၀ဝ၀ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စ ၂၀၄၅ ဒေါ်လာဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ သိရသည်။
တန်ဆောင်တိုင်ပိတ်ရက်ကာလ မတိုင်မီက ရွှေရည်ညွှန်းဈေး ကျပ် ၃၁ သိန်း ဝန်းကျင်ရှိရာမှ နိုဝင်ဘာလ နောက်ဆုံးအပတ်တွင်တော့ တရိပ်ရိပ် မြင့်တက်လာ ခဲ့ခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်းဈေးနှုန်းများအနေဖြင့် နိုဝင် ဘာ ၂၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၁၃၀၃၀ဝ၊ ၂၅ ရက်တွင် ကျပ် ၃၁၄၄၄၀ဝ၊ ၂၈ ရက်တွင် ကျပ် ၃၁၆၁၇၀ဝ၊ ၂၉ ရက်တွင် ကျပ် ၃၂၀၇၃၀ဝ  ဖြစ် ကြောင်း သိရသည်။ ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်း များမှာ နိုဝင်ဘာ ၂၄ ရက်တွင် ၁၉၉၃ ဒေါ်လာ၊ ၂၅ ရက် တွင် ၂၀ဝ၂ ဒေါ်လာ၊ ၂၈ ရက်တွင် ၂၀၁၃ ဒေါ်လာ၊ ၂၉ ရက်တွင် ၂၀၄၂ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။
YGEA အနေနှင့် ယခင်က ရွှေရည်ညွှန်းဈေးကို ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာ ရည်ညွှန်းဈေး ကျပ် ၂၁၀ဝ အပေါ်တွင် တွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုနောက်ပိုင်း ဘဏ်များအကြား ဗဟိုဘဏ်၏ အွန်လိုင်းဈေးကွက်မှနေ၍ ရောင်း ဝယ်ကြသည့် အမေရိကန်ဒေါ်လာနှုန်းထားဖြင့် တွက်ချက်ထုတ်ပြန်နေခြင်းဖြစ်ရာ အွန်လိုင်းဈေးကွက်ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၃၁၂၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

ပန်းဆု