Main menu

Background

ရွှေဈေးကျပ် ၃၇သိန်း‌ကျော် ရောက်ရှိ

Mon, 01/01/2024 - 10:44 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်မှစတင်ကာ ကျပ် ၃၇ သိန်းကျော်သို့ ရောက်ရှိလာကြောင်း အဆိုပါအသင်းမှ သိရသည်။
ဒီဇင်ဘာ ၂၃ ရက်  ွ့နဗ ၏ ဈေးကွက်အဖွင့်ဈေးသည် အကယ်ဒမီ မီးလင်း ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၇၀ဝ၈၀ဝ ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင်တော့ ကျပ် ၃၇၆၂၅၀ဝ သို့ ရောက်ရှိနေကာ ခြောက်ရက်အတွင်း ကျပ် ၆၁၇၀ဝ  မြင့်တက်လျက် ရှိသည်။YGEA အနေဖြင့် ယခင်က ရည်ညွှန်းဈေးအဖြစ် ထုတ်ပြန်လျက်ရှိသည့် ရွှေဈေးနှုန်းကို  ဘဏ်များအကြား ဗဟိုဘဏ်၏ အွန်လိုင်းဈေးကွက်မှနေ၍ အရောင်းအဝယ်ဖြစ်မြောက်သည့် ဒေါ်လာပေါက်ဈေးဖြင့် တွက်ချက်ကာ ဈေးကွက် ဈေးနှုန်းအဖြစ် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်မှစတင်ကာ ပြောင်းလဲထုတ်ပြန် နေခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် YGEA ၏ ရွှေဈေးနှုန်းများမှာ ဒီဇင်ဘာ ၂၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၆၆၈၄၀ဝ၊ ၂၂ ရက်တွင် ကျပ် ၃၆၉၅၄၀ဝ၊ ၂၆ ရက်တွင် ကျပ် ၃၇၂၀၇၀ဝ၊ ၂၇ ရက်တွင် ကျပ် ၃၇၂၄၃၀ဝ  ဖြစ်ကြောင်း သိရသည်။                                                                              

ပန်းဆု