Main menu

Background

အီကွစ်တီနည်းဖြင့် ရင်းနှီးငွေရှာဖွေခြင်း

Mon, 07/03/2023 - 14:50 -- journal_editor

ကုမ္ပဏီတစ်ခုမှ အများ ပြည်သူသို့ ရှယ်ယာများထုတ်ဝေ ရောင်းချသည့်နည်း (Initial Public Offerings) နည်းဖြင့် ငွေ အရင်းအနှီး  ရှာဖွေမည်ဟု  ဆုံးဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံမှုဘဏ် Securities companies  များနှင့် လုပ်ငန်း အတူတူပင်ဖြစ်ပါသည်) အောက်ရှိ အရင်းအနှီးဈေးကွက် ဌာနခွဲ သည် ရှယ်ယာရောင်းချရေးလုပ်ငန်းစဉ်များကို  စတင်ဆောင် ရွက်ကြရသည်။ ကုမ္ပဏီသည် ရှယ်ယာရောင်းချခြင်း၏ အကျိုး အပြစ်များကို  လုပ်ငန်းမစတင်မီ သေချာစွာ သရုပ်ခွဲစိစစ်ရန် လိုအပ်ပြီး မည်သည့်နည်းစနစ်ဖြင့် ရောင်းချမည်ကို ဆုံးဖြတ်ရန် လိုအပ်သည်။ ဆက်လက်၍  ရင်းနှီးမြှုပ်နှံမှုဘဏ်သည် ဈေး ကွက်ထဲတွင် အဆိုပါကုမ္ပဏီ၏ ရှယ်ယာများကို ဝယ်ယူနိုင်မည့် ရင်းနှီးမြှုပ်နှံသူ လုံလောက်စွာ ရှိ၊ မရှိကို တွက်ချက်ကြရသည်။ 
အကယ်၍ ဝယ်ယူမည့်သူ လုံလုံလောက်လောက်ရှိသည်ဟု မှတ်ယူပါက ရင်းနှီးမြှုပ်နှံမှုဘဏ်သည်  စတော့တစ်စောင်ကို မည်သည့်ဈေးနှင့် ရောင်းချမည်ကို ကြိုတင်တွက်ချက်ကြရသည်။ ဈေးနှုန်းတွက်ချက်ရာတွင်  အဆိုပါကုမ္ပဏီနှင့် အလားတူသည့် အခြားကုမ္ပဏီများ၏ ဈေးနှုန်းနှင့်  နှိုင်းယှဉ်၍လည်းကောင်း၊ အခြားနည်းလမ်းများဖြစ်သည့် ငွေသားစီးဆင်းမှုကို လျှော့နှုန်း ဖြင့်တွက်ချက်သည့်နည်းစနစ် (Discount Cash Flow Analysis) ဖြင့်လည်းကောင်း၊ အခြားသင့်တော်ရာ နည်းလမ်းများဖြင့်သော် လည်းကောင်းတွက်ချက်လေ့ ရှိကြသည်။ သို့ရာတွင် ကုမ္ပဏီ၏ လွန်ခဲ့သည့်ကာလများ၏ လုပ်ငန်းဆောင်ရွက်မှု ဝင်ငွေများနှင့် အနာဂတ်ကာလများ၏  ဝင်ငွေခန့်မှန်းချက်များကို  ထည့်သွင်း မတွက်ချက်ဘဲ အထက်ပါတွက်ချက်မှုများမှာ မှန်ကန်မှု မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော်  ကုမ္ပဏီ၏  အလားတူကုမ္ပဏီများ၏ ဈေးနှုန်းများကို  နှိုင်းယှဉ်တွက်ချက်ရန် ခက်ခဲနိုင်သောကြောင့် ဖြစ်သည်။ သို့အတွက် ကုမ္ပဏီတစ်ခု၏ ကမ်းလှမ်းရောင်းချဈေး ကို တွက်ချက်ခြင်းမှာ  သိပ္ပံပညာထက် ဝိဇ္ဇာ ပညာပို၍ဆန်ပါသည်။
ရှယ်ယာများ ရောင်းချရန်ပြင်ဆင်ခြင်း
ကုမ္ပဏီသည် အများပြည်သူသို့ ရှယ်ယာများ ကမ်းလှမ်း ရောင်းချခြင်းကို ရင်းနှီးမြှုပ်နှံမှုဘဏ် (Securities Company)တစ်ခုကို ရွေးချယ်လိုက်ခြင်းဖြင့် လုပ်ငန်းစတင်သည်။ ရွေးချယ်ခံ ရသည့် ရင်းနှီးမြှုပ်နှံမှုဘဏ်သည် ဦးဆောင် တာဝန်ယူ ဖြန့်ချိသူ အဖြစ် စတင်ဆောင်ရွက်ရသည်။ အဆိုပါဘဏ်သည် ရှယ်ယာ ဈေးနှုန်းများ သတ်မှတ်နိုင်ရေးအတွက် တွက်ချက်မည့်နည်းလမ်း များရွေးချယ်ခြင်း၊ ရောင်ချမည့် ရှယ်ယာအရေအတွက် သတ်  မှတ်ခြင်း စသည်တို့ကိုဆောင်ရွက်ကြသည်။ ရင်းနှီးမြှုပ်နှံမှုဘဏ် သည် ၎င်းနှင့်အတူ တွဲဖက်ရောင်းချမည့် အခြားဘဏ်များကို ရွေး ချယ်ခြင်း ၊ ရောင်းချငွေများကို အသုံးပြုမည့်နေရာများ ရွေးချယ် ပေးခြင်းနှင့် စာရင်းဝင်မည့် စတော့အိပ်ချိန်းကို ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ပေးသည်။
ကုမ္ပဏီသည် ဆက်လက်၍ စာရင်းစစ်အဖွဲ့နှင့်ချိတ်ဆက် ကာ  ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ  ညွှန်ကြားချက်နှင့် အညီ  စာရင်းဇယားများကို   ရေးဆွဲကြရသည်။  ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုဘဏ်၏ ဥပဒေအတိုင်ပင်ခံများနှင့်အတူ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်  ှနဃ သို့ စာရွက်စာတမ်းများ   တင်ပြနိုင်ရေးကို  ဆောင်ရွက်ကြရသည်။ အဆိုပါတင်ပြမည့်  စာရွက်စာတမ်းများကို လုပ်ငန်းအလားအလာ ညွှန်းတမ်း (Prospectus) ဟုခေါ်ဆိုသည်။ SEC  ၏လမ်းညွှန်ချက် များအတိုင်း ပြင်ဆင်တည်းဖြတ်ပြီးနောက်  လုပ်ငန်းအလားအလာ ညွှန်းတမ်း အပြီးသတ်အချောရေးဆွဲပြီး အများပြည်သူသို့ ဝေငှ ရန် ပုံနှိပ်ကြရသည်။ ပုံနှိပ်ထုတ်ဝေရာတွင် အပြီးသတ် တွက်ချက် ရရှိထားသည့် ရောင်းချမည့် ဈေးနှုန်းကို ထည့်သွင်းကြရသည်။     ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုဘဏ်သည် ရောင်းချမည့်ရှယ်ယာ များအတွက် အများပြည်သူသို့ နယ်လှည့် ပြသခြင်း (Road show) ပြုလုပ်ကာ ဈေးကွက်ထိုးဖောက်ကြသည်။Road show ပြုလုပ် ပြီး နောက်တွင်မူ ရှယ်ယာများကို တာဝန်ခံဝယ်ယူကာ လက်လီ ပြန်လည်ရောင်းချခြင်းကို ဆောင်ရွက်ကြရသည်။ 
Road show ပြုလုပ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကုမ္ပဏီ ရှယ်ယာများကို ဝယ်နိုင်ခြေရှိသည့် တစ်ဦးချင်းနှင့် အဖွဲ့အစည်း လိုက်  ရင်းနှီးမြှုပ်နှံသူများနှင့်တွေ့ဆုံကာ လက်ရှိကုမ္ပဏီ၏ အောင်မြင်မှု အခြေအနေ၊ ကုမ္ပဏီ၏ ရှေ့ဆက်သွားမည့်စီမံချက်၊ အခြားကုမ္ပဏီများနှင့်  နှိုင်းယှဉ်ချက်နှင့်  ရင်းနှီးမြှုပ်နှံသူတို့၏ ဈေးနှုန်းအပေါ် တုံ့ပြန်မှုတို့ကို အကဲဖြတ်ကြသည်။ ရင်းနှီးမြှုပ်နှံ မည့်သူများသည် လာရောက်ကမ်းလှမ်းသည့်ကုမ္ပဏီအား မိမိ တို့၏စိတ်ဝင်စားမှု၊ ဈေနှုန်းနှင့် ဝယ်ယူလိုသည့် ဈေးနှုန်းတင်ပြ လွှာများကို ဘဏ်သို့ ပေးအပ်ကြသည်။ ဘဏ်သည် ရင်းနှီးမြှုပ်နှံ လိုသူများပေးပို့လာသည့် အမှာလွှာများကို ဈေးနှုန်းနှင့်အရေ အတွက်များအလိုက် တန်းစီဇယားရေးဆွဲရသည်။ ယင်းသို့ဆောင် ရွက်သည်ကို Book Building ပြုလုပ်သည်ဟုဆိုသည်။
Book Building ပြုလုပ်ရာမှ ရရှိလာသည့် အကောင်းဆုံး ဈေးနှုန်းများအရ ရှယ်ယာများကို လျှောက်ထားသည့် ပြည်သူများ သို့ ခွဲဝေရောင်းချကြသည်။ နောက်ဆုံးရှယ်ယာများ ရောင်းချပြီး ချိန်တွင် ရောင်းချပြီး ရှယ်ယာများအားလုံးကိုSEC သို့ မှတ်ပုံတင် ရပြီး အဆိုပါ မှတ်ပုံတင်သည့်နေ့နှင့်SEC မှ အတည်ပြုချက် ကျရန် စောင့်ဆိုင်းရသည့် ကာလကို  တိတ်ဆိတ်ကာလQuiet Period  ဟုခေါ်ဆိုပြီး ယင်းကာလတွင် ရှယ်ယာများ ရောင်းဝယ် ခြင်း Trading  ပြုလုပ်ခွင့်မရှိပါ။
အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ခြင်း၏အကျိုး ကျေးဇူများ
၁။  အများပြည်သူ၏  ငွေကြေးများကို  တိုက်ရိုက်စုစည်းနိုင် ခြင်း။    ။ ငွေချေးသက်သေခံလက်မှတ်ကော်မရှင် (SEC)၏ ခွင့်ပြု ချက်ရယူပြီးချိန်တွင် ကုမ္ပဏီသည် ကျယ်ပြောလှစွာသော ရင်းနှီး မြှုပ်နှံသူများသို့ ရှယ်ယာများရောင်းချကာ ငွေကြေးများ စုစည်း နိုင်သလို နောင်တစ်ချိန်တွင် ငွေထပ်မံလိုအပ်ပါက နောက်တစ် ကြိမ်ထပ်မံ ကမ်းလှမ်းရောင်းချခြင်း(Follow-on offering)ကို လည်းပြုလုပ်နိုင်သည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် အမျိုးအစား စုံလင်သော ရင်းနှီးမြှုပ်နှံသူများထံသို့ ရှယ်ယာများ ပျံ့နှံ့ရောက်ရှိ သွားစေသည်။ အထူးသဖြင့် လက်လီနှင့် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများထံသို့ ပျံ့နှံ့ရောက်ရှိသွားခြင်းဖြစ်သည်။ ထိုသို့ ပျံ့နှံရောက်ရှိနေခြင်းကြောင့် ဈေးကွက်ကျဆင်းနေသည့်အချိန် တွင်ပင် ရှယ်ယာဈေးနှုန်းကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင် သည်။  ှနဃ ၏ တင်းကျပ်လှသည့် ဖွင့်ဟကြေညာချက် စည်းမျဉ်း ကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုပိုမိုရရှိစေပြီး ရှယ်ယာ ဝယ်လိုအားကို ပိုမိုမြင့်မားစေသည်။
၂။ ကုမ္ပဏီ၏ပုံရိပ် ပိုမိုမြင့်မားလာစေပြီး ဈေးကွက်ပိုမိုထိုးဖောက် နိုင်ခြင်း။    ။ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီသည် မီဒီယာများ ၏ အာရုံစူးစိုက်မှုကို ပိုမိုခံရခြင်းကြောင့် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများသည် အများ ပြည်သူ၏ စိတ်ဝင်စားမှုပိုမိုရရှိပြီး ဈေးကွက်ဝေစုကို ပိုမိုရရှိစေသည်။
၃။ ငွေသားအစားထိုးအဖြစ်အသုံးပြုနိုင်ခြင်း။  ။ အများပိုင်ကုမ္ပဏီ  ၏ စတော့များသည် အနာဂတ်တွင် အခြားကုမ္ပဏီများကို ဝယ် ယူခြင်း၊ ပေါင်းစည်းခြင်းတွင် ငွေသားအစားထိုးအဖြစ် အသုံးပြု နိုင်သလို ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် တိုးတက်မှု အမြန်ဆုံး အခွင့်အလမ်းများကို ဖော်ဆောင်နိုင်သည်။ ထို့ပြင် ကုမ္ပဏီ၏ ဝန်ထမ်းများသို့ စတော့များကို ဝယ်ယူနိုင်သည့် အခွင့်အလမ်းများ ပေးထားသောကြောင့်  ကုမ္ပဏီကို မိုမိုသစ္စာစောင့်ထိန်းသည့် ဝန်ထမ်းများ ရရှိစေသည်။ 
၄။ ရှယ်ယာရှင်များအတွက်  ငွေဖြစ်လွယ်မှုကို ဖြစ်ပေါ်စေ ခြင်း။      SEC သည်ကုမ္ပဏီတည်ထောင်သူ  ်သကညိနမ  များကိုင် ဆောင်ထားသည့် ရှယ်ယာများကိုဈေးကွက်တွင် ပြန်လည်ရောင်း ထုတ်ပိုင်ခွင့်ရှိသောကြောင့်   ပိုင်ဆိုင်မှုပမာဏနှင့်  ဝန်ထုပ်ကို လျှော့ချနိုင်သည်။  
အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီတစ်ခု ဖြစ်ခြင်း၏ အားနည်းချက်များ
၁။ အစီရင်ခံတင်ပြရခြင်း။    ။ အများပိုင်ကုမ္ပဏီသည် ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ ပြဋ္ဌာန်း ချက်များအရ မှန်ကန်ရှင်းလင်းသည့် သုံးလပတ်၊ ခြောက်လပတ် နှင့် နှစ်ပတ်လည် အစီရင်ခံစာနှင့် စာရင်းဇယားများကို ပုံမှန် တင်ပြကြရသည်။ ထို့ပြင် ကိုယ်စားလှယ်ခန့်အပ် မဲပေးခွင့်များ၊  ဒါရိုက်တာများ၊ အရာရှိများ၊ အဓိက ရှယ်ယာရှင်များ၏ အစီရင် ခံစာများ တင်ပြရသဖြင့် အချိန်ကုန်၊ အလုပ်ရှုပ်စေသည်။
၂။ ကုန်ကျစရိတ်များခြင်း။    ။  ှနဃ သို့ ဆက်တိုက်တင်ပြနေ ရသည့် အစီရင်ခံစာများကြောင့် နှစ်ပတ်လည် ကုန်ကျစရိတ်များ ရှိပါသည်။  ယင်းတွင် ဥပဒေဆိုင်ရာ ကုန်ကျစရိတ်၊  စာရင်းစစ်၊ စာရင်းကိုင်စရိတ်နှင့် အခွန်ရုံးသို့ တင်ပြရသည့် စရိတ်များ ပါဝင် သည်။ ကုမ္ပဏီအတော်များများသည် ၎င်းတို့၏ သတင်းအချက် အလက်တင်ပြမှုစနစ်ကို အမြဲတမ်း  အဆင့်မြှင့်တင်နေရသည့် အတွက် အပိုကုန်ကျစရိတ်များ ရှိနိုင်သည်။
၃။ ဖွင့်ဟတင်ပြခြင်း။      ။SEC သည် ကုမ္ပဏီများကို ကျယ်ပြော လှသည့်   အစီရင်ခံချက်များကို တောင်းခံနေရသည့်အတွက် အချို့သော ထိခိုက်လွယ်သည့်  သတင်းအချက်အလက်များ ပေး အပ်ရခြင်းကြောင့်   မိမိတို့ပြိုင်ဘက်ကုမ္ပဏီများက အသာစီးရ သွားနိုင်သည့် အလားအလာများရှိသည်။
၄။ ကာလတို ရလဒ်ကို ပိုမိုအာရုံစိုက်ခြင်း။          ။ ကုမ္ပဏီသည်SEC သို့  သုံးလပတ်အစီရင်ခံစာများ  ပုံမှန်ပေးပို့နေရသဖြင့် ဒါရိုက်တာအဖွဲ့သည် ရေတိုရလဒ်ကို ပိုမိုအာရုံစိုက်နေရသဖြင့် တစ်ခါတစ်ရံ ရေရှည် ရည်မှန်းချက်များကို သွေဖည်သွားနိုင်သည်။ ရှယ်ယာရှင်များသည် သုံးလပတ် တိုးတက်မှုများကို အလေး ထား နေသဖြင့် သုံးလပတ်ကာလတစ်ခု မအောင်မြင်သည်နှင့် ကုမ္ပဏီ ၏ ရှယ်ယာဈေးနှုန်းများကို ထိခိုက်စေသည်။
References: Investment guide book

ထွန်းသက်ထွန်း