Main menu

Background

ဘက်စုံဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့ခြင်းဆီသို့

Mon, 10/23/2023 - 14:21 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)
 ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက် ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ စက်မှုကုန်ချောအုပ်စုတို့  တင်ပို့ပြီး လယ်ယာထွက်ကုန်ပစ္စည်း အနေ နှင့်  အဓိကထားတင်ပို့သည့်  ဆန်၊ ကောက်ညှင်းဆန်၊ နာနတ်သီး၊ ပြောင်း၊ ရော်ဘာ၊ ဖရဲသီးတို့ကိုလည်း တင်ပို့လျက်ရှိသည်။
သွင်းကုန်တင်သွင်းမှုအနေဖြင့်  စက်နှင့်စက်ပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး နှင့် တပ်ဆင်ပစ္စည်းများ စသဖြင့် တင်သွင်းလျက်ရှိသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ကဏ္ဍသည် တရားမဝင် တင် သွင်း တင်ပို့မှုများကြောင့် တစ်နေ့တခြား လျော့ကျလာလျက်ရှိရာ တရားမဝင် ပို့ကုန်သွင်းကုန်များ လျော့ကျစေရန်အတွက် ကုန်ပစ္စည်း စစ်ဆေးရေးဌာနများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊  သက်ဆိုင် ရာဌာနအသီးသီးမှ  တာဝန်ရှိသူ  ဝန်ထမ်းများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပို့ကုန်/သွင်းကုန်များတိုးတက်မှ သာ နိုင်ငံတော်အခွန်ဘဏ္ဍာများ တိုးတက်ရရှိနိုင်မည်ဖြစ်သည်။ ပို့ကုန်သွင်းကုန်များ တိုးတက်စေရန်အတွက် ကုန်သွယ်မှုလျာထား ချက်များကို နှစ်စဉ်ရေးဆွဲပြီး လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ် ဆောင်ကြရာတွင် မြေပြင်၌ဖြစ်ပေါ်နေသည့် ကိန်းဂဏန်းတန်ဖိုးကို အခြေခံပြီးရေးဆွဲပြီး မှန်ကန်တိကျသည့် ကုန်သွယ်မှုလျာထားချက်ကို ရရှိမည်ဖြစ်သည်။ တရားမဝင် တင်ပို့တင်သွင်းမှုများ  လျော့နည်း ပပျောက်ရန် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်းပြီး တားဆီး ဆောင်ရွက်လျက်ရှိသည်။ တရားမဝင်  ကုန်သွယ်မှုကြောင့် နိုင်ငံ တော် သယံဇာတအရင်းအမြစ်များ ဆုံးရှုံးလျက်ရှိရာ နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာရရှိမှုလည်း ဆုံးရှုံးရသည့်အတွက် တရားမဝင် ကုန်သွယ်မှု   ပပျောက်ရေးကို   ထိထိရောက်ရောက်  ဆောင်ရွက် လျက်ရှိသည်။   ဖွံ့ဖြိုးတိုးတက်ရန် ကုန်သွယ်ရေးစခန်းများနှင့် ကုန်သွယ်ရေးဇုန်များ ကုန်သွယ်မှု လျင်မြန်တိုးတက်စေရန်အတွက် မြန်မာနိုင်ငံအတွင်း၌ရှိသော ကုန်သွယ်ရေးစခန်းများနှင့် ကုန်သွယ် ရေးဇုန်များကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်လည်း လုပ်ဆောင် လျက်ရှိသည်။
 မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးစခန်းနှင့် ကုန်သွယ်ရေးဇုန် များတွင် အိမ်နီးချင်းနိုင်ငံများကို ပြည်တွင်းက ကုန်ပစ္စည်းများ တင်ပို့ နိုင်ရန် စခန်းနှင့်ဇုန်တစ်ခုအသွင်သာ ရှိနေခဲ့ပြီး တစ်ဖက်နိုင်ငံက ကုန်သွယ်ရေးစခန်းများမှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို စနစ် တကျသိုလှောင်ပြီး တစ်ဆင့်ပြန်လည်ရောင်းချနိုင်သည့် ကုန်ရောင်း ဝယ်ရေးစခန်းကြီးတစ်ခုအသွင်အဖြစ် တည်ရှိလျက်ရှိသည်။
မြန်မာနိုင်ငံ၌ရှိသော ကုန်သွယ်ရေးစခန်းနှင့် ကုန်သွယ်ရေး ဇုန်များကို အဆင့်မြှင့်တင်နိုင်ရန် ကုန်သွယ်ရေးဇုန်နှင့် ကုန်သွယ်ရေး စခန်းများ၌ အဆင့်မြင့်သိုလှောင်ရုံများ၊ ကုန်ပစ္စည်း တင်ချလုပ်နိုင် သည့် နေရာများ၊ အအေးခန်းစက်ရုံ၊ အအေးခန်း ကုန်သေတ္တာများ ထားရှိနိုင်ရန်ကုန်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရန်၊ သိုလှောင် နည်းစနစ်မှန်ကန်စေရန်၊ သိုလှောင်ထိန်းသိမ်းနည်းစနစ်ကို ကျွမ်း ကျင်စေရန် စသော မှန်ကန်သည့်လုပ်ငန်းရပ်များကို လုပ်ဆောင် လျက်ရှိကြသည်။ ပြည်ပက ကုန်သည်များ လာရောက်ဝယ်ယူနိုင်သည့် ကုန်သွယ်ရေးဇုန်၊ စခန်းများဖြစ်အောင် အဘက်ဘက်က လိုအပ်ချက် များကို ပြုပြင်လျက်ရှိသည်။
ကျွန်မတို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှု လွယ်ကူလျင်မြန်ချောမွေ့စေရေးအတွက် ဖြေလျှော့ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ လိုင်စင် လျှောက် ထားရာမှာ  ကြန့်ကြာမှုမရှိစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ရန်အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။ 
ပို့ကုန်သွင်းကုန်များ တိုးတက်စေရေး၊ နိုင်ငံတော်အခွန်ဘဏ္ဍာ  တိုးတက်ရရှိစေရေး အတွက် ဘက်ပေါင်းစုံမှ ဖြေလျှော့ပေးမှုများကို ပြုလုပ်ပေးလျက်ရှိသည်။ အရည်အသွေးရှိ ပို့ကုန်များနှင့် အရည် အသွေးမြင့်ပို့ကုန်များ  တိုးတက်တင်ပို့နိုင်ရေးသည် ပို့ကုန်မြှင့်တင် ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ 
နိုင်ငံတိုင်းသည် ခေတ်မီတိုးတက်လာသည့်အလျောက် အရည် အသွေးကို  အဓိကထားသည့် စားသုံးမှုပုံစံကို  တဖြည်းဖြည်းနှင့်  ပြောင်းလဲလာခဲ့ပြီဖြစ်သည်။  အရည်အသွေးကို အဓိကထားသည့် ဈေးကွက်ခေတ်ကို ရောက်ရှိလာသည့်အတွက် မြန်မာနိုင်ငံမှ ပို့ကုန် လုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ်သူ   လုပ်ငန်းရှင်များအနေနှင့် လည်း အရည်အသွေးကောင်းသည့် ကုန်ပစ္စည်းများ၊ အသီးအနှံများ ကို စိုက်ပျိုးထုတ်လုပ်ကြခြင်းဖြင့် ကုန်သွယ်မှု အမြတ်ဝင်ငွေများလည်း ပိုမိုရရှိနိုင်မည်ဖြစ်သည်။
အရည်အသွေးကောင်းမှ  ဈေးကောင်းရမှာဖြစ်ပြီး  အရည် အသွေးသည် အဓိကဆိုသလို အရည်အသွေးကောင်းသည့် ပို့ကုန် ပစ္စည်းများ တိုးတက်တင်ပို့နိုင်ရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြုကြရမှာဖြစ်သည်။ အရည်အသွေးကောင်းသည့် ကုန်ပစ္စည်း များ  တိုးတက်တင်ပို့နိုင်ပါက  ပို့ကုန်ပိုမို တင်ပို့လာနိုင်မည်ဖြစ်ပြီး ကုန်သွယ်မှု ပိုမိုလွယ်ကူလျင်မြန်  ချောမွေ့လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ငြိမ်းဝေနှင်း (စားသုံး)