Main menu

Background

သိရှိထားသင့်သည့် အစားအသောက်ဖြည့်စွက်ပစ္စည်း (Food Additives) များ၏ ဂုဏ်သတ္တိများ

Mon, 10/23/2023 - 16:13 -- journal_editor

အစားအသောက်   ဖြည့်စွက်ပစ္စည်းများဟုဆိုလျှင် ကျွန်ုပ်တို့ ပတ်ဝန်းကျင်နှင့် ပတ်သက်မှုရှိမည်ဟု ထင်မိသူ နည်းပါလိမ့်မည်။ သို့ သော် ကျွန်ုပ်တို့အိမ်ရှိ မီးဖိုချောင်မှာပင် အစားအသောက် ဖြည့်စွက်ပစ္စည်းများကို နေ့စဉ်အသုံးပြုနေ ကြသည်ကို သတိမပြုမိကြပေ။ လူသားတို့သည် မီးကိုအသုံး ပြု၍ ချက်ပြုတ်စားသောက်ခြင်းသည်  အစိမ်းလိုက် စား သောက်ခြင်းထက်ပို၍ အရသာရှိသည်ကို စတင်သိရှိခဲ့သည့် အချိန်မှစ၍ အစားအစာများကို ချက်ပြုတ်စားသောက် လာကြသည်မဟုတ်ပါလော။  ထိုမှတစ်ဆင့် မိမိတို့ ကြိုက်နှစ် သက်သည့် အစားအစာများကို ကြာရှည်ခံအောင် ထားသို သိမ်းဆည်းလိုသည့်အလျောက် ဆားကိုအသုံးပြု၍ ဆားနယ် ခြင်း၊ အချဉ်တည်ခြင်း၊ ကျပ်ခိုးတိုက်ခြင်း စသည့်နည်းလမ်း များဖြင့် တာရှည်ခံအောင် ပြုလုပ်လာကြသည်။ ယနေ့ခေတ် တွင်လည်း ကျွန်ုပ်တို့ နေ့စဉ် အစားအစာများချက်ပြုတ်ရာတွင် မပါမ ဖြစ်ထည့်သွင်းချက် ပြုတ်လေ့ရှိသည့် ဆား၊ ဟင်းချိုမှုန့်၊ အရောင်တင်မှုန့်၊ အရသာမှုန့်နှင့် သကြားတို့သည့် အိမ်ရှင် မများ အသုံးများဆုံးသော မီးဖိုချောင်သုံး  အစားအသောက် ဖြည့်စွက်ပစ္စည်းများ ဖြစ်ကြပေသည်။ အစားအစာဖြည့်စွက် ပစ္စည်းများအား  မည်သည့်အတွက် အသုံးပြုကြသည်ကို စာဖတ်သူတို့ သိရှိပြီးသည့်အတိုင်း အရောင်းအဆင်းလှပစေ ရန်၊ အရသာကောင်းမွန်စေရန်၊ တာရှည်ခံစေရန်၊ ဘက်တီး ရီးယား၊ မှိုပေါက်ပွားမှုမဖြစ်စေရန်၊  အစားအစာများ နူးညံ့ စေရန်၊ မာကျောစေရန်၊ ပွစေရန်၊ အာဟာရတန်ဖိုးတိုးစေရန် နှင့် အသီးများ မှည့်စေရန် စသည်တို့အတွက် ထည့်သွင်းအသုံး ပြုရခြင်း ဖြစ်ပေသည်။
၁၉ ရာစုလောက်မှစ၍ ထွန်းကားလာသော အစား အသောက်ဖြည့်စွက်ပစ္စည်းများ  ထည့်သွင်းထုတ်လုပ်လာ သည့် နည်းပညာများသည် ၂၀ ရာစုအလယ်ခန့်တွင် တွင်တွင် ကျယ်ကျယ် ထွန်းကားလာခဲ့သည်ဟု ဆိုရပေမည်။  အစား အသောက် ဖြည့်စွက်ပစ္စည်းများကို သုံးစွဲလာရသည့် အဓိက အကြောင်းအရင်းကို လေ့လာကြည့်ပါက  စားသုံးသူများ အနေဖြင့် အရောင်အဆင်းလှပပြီး   အနံ့  အရသာ ကောင်း မွန်သည့် အစားအစာများကိုသာ စားသုံးလိုခြင်း၊ ထုတ်လုပ် ရောင်းချသူများမှလည်း စားသုံးသူလိုအပ်ချက်များ ဖြည့် ဆည်းရန်၊ တာရှည်ခံရန်နှင့် မိမိကုန်ပစ္စည်းများ ဈေးကွက် ထိုးဖောက်နိုင်စေရန်အတွက်  Food Activities  များကို အသုံး ပြုလာကြောင်း တွေ့ရှိရသည်။ ယနေ့ခေတ်တွင် အစားအစာ ဖြည့်စွက်ပစ္စည်းအမျိုးပေါင်း ၃၀ဝ၀ ကျော်ခန့် ဈေးကွက် အတွင်းရောက်ရှိနေပြီး ဆားနှင့်သကြားသည် အသုံးအများ ဆုံး သာ  အစားအသောက် ဖြည့်စွက်ပစ္စည်းဖြစ်ကြောင်း လေ့လာမှတ်သားရသည်။
အစားအသောက် ဖြည့်စွက်ပစ္စည်းများကို အုပ်စုခွဲခြား လေ့လာကြည့်ပါက သဘာဝဖြည့်စွက်ပစ္စည်း၊ သဘာဝတူ ဖြည့်စွက်ပစ္စည်းနှင့် လူတို့ဖန်တီးထားသော ဖြည့်စွက်ပစ္စည်း ဟူ၍  အုပ်စုကြီးသုံးခုရှိသည်။  လူတို့ဖန်တီးထားသော ဖြည့် စွက်ပစ္စည်းများကြောင့် စားသုံးသူကို ဘေးဥပဒ်ဖြစ်စေနိုင် သည့်အတွက် ၎င်းတို့အား မှန်မှန်ကန်ကန်နှင့် တိတိကျကျ သုံးစွဲတတ်ရန် လွန်စွာရေးကြီးသည်။  အသုံးပြုနိုင်သည့် အဆင့်အနေဖြင့် ထပ်မံခွဲခြားကြည့်ပါက ဆေးဝါးပစ္စည်းများ တွင် အသုံးပြုသောအဆင့်၊ အစားအစာများတွင် အသုံးပြု သောအဆင့်၊ တိရစ္ဆာန်အစားအစာများတွင် အသုံးပြုသော အဆင့်နှင့်   စက်မှုလုပ်ငန်းသုံးအဆင့်ဆိုပြီး သန့်စင်မှုနှင့် အရည်အသွေးပေါ်မူတည်၍ အဆင့်လေးဆင့် ခွဲခြားထားပါ သေးသည်။ အသုံးများသော အစားအသောက် ဖြည့်စွက် ပစ္စည်းများမှာ Aluminium silicate, Amimo acid com- pound, ammonium carbonates, sodium nitrate, propyl gallate, BHT, BHA, TBHQ, Monosodium glutamate, white sugar, potassium bromate, potassium sorbate, sodium benzoate, colours (erythrosine(red),cantaxanthin(orange), amaranth(azoic red)  tartrazone( azoic yellow) စသည်တို့ဖြစ်ကြပြီး  သက်ဆိုင်ရာကဏ္ဍအလိုက် အစားအသောက် ဖြည့်စွက်ပစ္စည်းများကို ရွေးချယ်၍တိုက် ရိုက်ထည့်သွင်း၍သော်   လည်းကောင်း၊ သွယ်ဝိုက်သော နည်းဖြင့်သော်လည်းကောင်း   ထည့်သွင်းအသုံးပြုလေ့ရှိ သည်။ 
တန်ဆေး လွန်ဘေးဆိုသည့်အတိုင်း အစားအသောက် ဖြည့်စွက် ပစ္စည်းများကို အလွန်အကြူးသုံးစွဲပါက စားသုံးသူ အား အစာခြေလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများဖြစ်သည့် ဝမ်းလျှောခြင်း၊ အာရုံကြောဆိုင်ရာရောဂါများ၊ အိပ်မ‌ပျော် ခြင်းများ၊ စိတ်တိုလွယ်ခြင်းများ၊ ပန်းနာရင်ကျပ်ရောဂါ၊ အရေ ပြားယားယံခြင်း၊ ရောင်ရမ်းခြင်း စသည့် ဘေးဥပဒ်အန္တရာယ်  ဖြစ်စေနိုင်သည့်အတွက် သက်ဆိုင်ရာ  အဖွဲ့အစည်းများမှ ဥပဒေများ၊   နည်းဥပဒေများ၊ သုံးစွဲပုံ စံချိန်စံညွှန်းများ (CODEX)ချမှတ်ခဲ့သည်။  အစားအသောက် ဖြည့်စွက်ပစ္စည်း ပါဝင်မှုကို သာမန်မျက်စိဖြင့် ခွဲခြားနိုင်ခြင်းမရှိသည့်အတွက် ပြင်ပဓာတ်ခွဲခန်းများသို့ ပေးပို့၍  HPLC, GC, GCMS စသည့် ခေတ်မီဓာတ်ခွဲစမ်းသပ် စက်ကိရိယာများဖြင့်သာ စမ်းသပ် စစ်ဆေးနိုင်သည်။ ထို့ကြောင့် အစားအသောက်ဖြည့်စွက် ပစ္စည်းများကို မိမိတို့ထုတ်ကုန်များတွင် ထည့်သွင်းအသုံးပြု မည်ဆိုပါက သက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေး နွေးပြီး တိတိကျကျ မှန်မှန်ကန်ကန် သုံးစွဲရန်အထူးလိုအပ်လှ ပေသည်။ သို့မှသာ စားသုံးသူများအတွက် ဘေးဥပဒ်ကင်း သော အစားအစာများကို ထုတ်လုပ်နိုင်မှာဖြစ်ပေသည်။
လက်ရှိကာလတွင် အစားအသောက်ဖြည့်စွက်ပစ္စည်း များအဖြစ် ထည့်သွင်းအသုံးပြုလေ့ရှိသည့် အရောင်၊ အနံ့၊ အရသာ၊ စေးပျစ်ပစ္စည်း၊ ပျော်ဝင်ပစ္စည်း၊ တာရှည်ခံပစ္စည်း တို့ကို မှတ်ရလွယ်ကူစေရန်  E Code No.များဖြင့် တွဲ၍မှတ် သားကြရာ အရောင်လှပစေရန် ထည့်သည့် (Food Color)ဖြည့်စွက်ပစ္စည်းများကို E 100s ဖြင့်လည်းကောင်း၊ တာရှည် ခံဆေး (Preservative and Acid) E 200s ဖြင့်လည်းကောင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidents)  E 300s ဖြင့် လည်းကောင်း၊  Emulsifiers,Stabilisers and thickners ကို E 400sဖြင့်လည်းကောင်း၊ anti-caking agents  E 400s  ဖြင့်လည်းကောင်း၊   Flavour  ကို E 600s၊ Sweeteners, glazing agents, foaming agents and gases )ဖြင့်လည်းကောင်း၊ အခြားသော ဖြည့်စွက်ပစ္စည်းများကို E 1000s  စသည်ဖြင့် သတ်မှတ်ထားကြောင်း လေ့လာသိရှိရ သည်။
အချို့သောထုတ်ကုန်များ၏ ပါဝင်ပစ္စည်း (Ingredients) ) တွင် ထည့်သွင်းအသုံးပြုထားသည့် အစားအသောက်ဖြည့်စွက် ပစ္စည်းအမျိုးအစားကို အပြည့်အစုံဖော်ပြခြင်းမရှိဘဲ E No. များသာ ဖော်ပြထားသည့်အတွက် မိမိဝယ်ယူသောပစ္စည်းတွင် မည်သည့် ဖြည့်စွက်ပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည် ကို ယေဘုယျအားဖြင့် သိရှိနိုင်မည်ဖြစ်သလို မိမိထုတ်ကုန် အတွက် ထည့်သွင်းအသုံးပြုရမည့်  ဖြည့်စွက်ပစ္စည်းများ၏ အာနိသင်မှန်ကန်မှု ရှိ၊ မရှိနှင့် အကျိုးအပြစ်များကို သိရှိစေရန်Google Search Box တွင်E Noများ ရိုက်နှိပ်၍ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ လေ့လာသိရှိထားသည်များ ကို မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။

ကိုးကား-Use of Food additives ဆွေးနွေးပွဲ
  https:dermnetnz.org/topics/food-additives-and-e-number

အိအိထွေး