Main menu

Background

ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းများ၏ အရွေ့

Tue, 11/07/2023 - 13:36 -- journal_editor

၂၀ဝ၇ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ဘဏ္ဍာရေးအကျပ် အတည်းမတိုင်မီ နှစ်ပေါင်း ၂၀ ခန့်မှစတင်ကာ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်း၏ အခန်းကဏ္ဍ သိသိသာသာ ပြောင်းလဲလာခဲ့ သည်။ ယင်းကာလများတွင် ရင်းနှီးမြှုပ်နှံမှုဘဏ်များသည် သမား ရိုးကျ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှသည် ဆုံးရှုံးနိုင်ခြေများနှင့် ဖွဲ့စည်း ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ထဲထဲဝင်ဝင် ဆောင် ရွက်ခဲ့သည်ကိုတွေ့ရသည်။ မိမိဘဏ်၏ ကိုယ်ပိုင်စာရင်းအတွက် သာမက မိမိတို့၏ဖောက်သည်များအတွက်ပါ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။  ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးများသည် မိမိတို့  ကိုယ်ပိုင်ရင်းနှီးငွေများဖြင့်သာမက ချေးငွေများကိုပါ ရယူကာ ဆုံးရှုံးနိုင်ခြေများနှင့် ဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှုများကို ဝင်ရောက်ရင်းနှီးမြှုပ်နှံကြရင်း ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ကြရကာ နောက်ဆုံးတွင်  ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှု  (reorganize)များ  ပြုလုပ်ခဲ့ရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
ဘဏ္ဍာရေးအကျပ်တည်းကာလနောက်ပိုင်းတွင် အပေါင် ပစ္စည်းကျောထောက်နောက်ခံပြုစာချုပ် စာတမ်းများ (mortgage based securities) ၊ကြွေးဆုံးဖြစ်ပေါ်််များနှင့် အထွေထွေ ဝင်ငွေ ကျဆင်းမှုများကိုအရင်းခံကာ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှုဘဏ်များသည် ဆုံးရှုံးနိုင်ခြေများသည့် လုပ်ငန်း များ လုပ်ကိုင်ခြင်းကို တဖြည်းဖြည်းချင်း လျှော့ချလာခဲ့သည်။ ယင်း၏အကျိုးဆက်အနေနှင့်  စနစ်ကြီးတစ်ခုလုံးတွင် ချေးငွေဖြင့် ဘဏ္ဍာငွေဖြည့်ဆည်းသည့်စနစ်မှ အစုရှယ်ယာများ ထုတ်ဝေကာ  ဘဏ္ဍာငွေဖြည့်တင်းသည့်စနစ်ကို ကျင့်သုံးကာLeverage Ratio ကို လျှော့ချခဲ့ကြသည်။ 
၂၀ဝ၈ ခုနှစ်အကုန်တွင် အများပြည်သူထံမှ အပ်နှံငွေ လက်မခံဘဲ ရင်းနှီးမြှုပ်နှံမှုဘဏ်စစ်စစ်ကိုသာ ပြုလုပ်သည့် အမေ ရိကန်ဘဏ်ကြီးငါးခုသည် ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ကြသည်။Goldman Sachs နှင့်Morgan Stanley တို့ကို ဘဏ်လုပ်ငန်းဦးပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ရသည်။ အမေ ရိကန်ဗဟိုဘဏ် Fed ၏အမိန့်ဖြင့် Bear Stern ကိုJ.P Morgan  ၏ လက်အောက်သို့သွင်းကာ ဒေဝါလီခံမည့်အရေးမှ ရှောင်လွှဲ ပေးခဲ့သည်။ Lehman Brother သည်လည်း ဒေဝါလီဖြစ်ခြင်းမှ အကာအကွယ်ယူခဲ့ရကာ  Merrill Lynchသည်လည်း ဒေါဝါလီ ခံယူမည့်အရေးမှ ရှောင်လွှဲသည့်အနေဖြင့် ၎င်းတို့၏ ဌာနခွဲတစ်ခု ကိုBank of America  သို့ ရောင်းချခဲ့ရသည်။
သမိုင်းကြောင်းကိုပြန်ကြည့်ပါက ၁၉၉၉ ခုနှစ်အထိ အမေ ရိကန်ရှိ (ပြည်သူများထံမှအပ်နှံငွေလက်ခံကာ ဆောင်ရွက်သည့်) ကူးသန်းရောင်းဝယ်ရေးဘဏ်များကို ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း လုပ်ကိုင်ခြင်းမှ တားမြစ်သည့်ဥပဒေ ထုတ်ပြန်ခဲ့သည်။ ဤဥပဒေ ကို  Glass-Steagall Act 1933 ဟုခေါ်ပြီး ၁၉၂၉ ခုနှစ် စတော့ ဈေးကွက် ပြိုကွဲခဲ့ပြီးနောက် အများပြည်သူတို့၏ အပ်နှံငွေများကို ကာကွယ်သည့်အနေနှင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ 
၁၉၉၉  ခုနှစ်တွင်မူ  Gramm-Leach Bliley ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ်လုပ်ငန်းကို သီးခြားစီခွဲခြားထားခြင်းကို ပြန်လည်ပူး ပေါင်းရွက်စေခဲ့ပြီးနောက် အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးများဖြစ်သည့် P Morgan, Citigroup , Bank of America စသည်တို့ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ 
ယခုကဲ့သို့ ဘဏ်လုပ်ငန်းကြီး နှစ်ခု ပြန်လည်ပေါင်းစပ်ခြင်း ၏ အကြောင်းပြချက်နှစ်ချက်ရှိသည်။ ယင်းတို့မှာ (က) ဘဏ်များ အနေနှင့် ပိုမိုတည်ငြိမ်စေပြီး စီးပွားရေးအတက်အကျ သံသရာ ကို ပြန်လည်တုံ့ပြန်နိုင်ခြင်း (ခ) အမေရိကန်ဘဏ်များကို  နိုင်ငံ တကာဘဏ်များ UBS, Credit Suisse, Deutsche Bank) နှင့် ယှဉ်ပြိုင်စေလိုခြင်းများကြောင့်ဖြစ်သည်။ အဆိုပါ  နိုင်ငံတကာ ဘဏ်ကြီးများသည် လျင်မြန်သော အရှိန်အဟုန်ဖြင့် ကျယ်ကျယ် ပြန့်ပြန့် တိုးတက်လာခဲ့သလို အတွေ့အကြုံရင့်ကျက်သည့် ပရော် ဖက်ရှင်နယ်များကို ငှားရမ်းကာ မဟာဗျူဟာကျကျ ဆောင်ရွက်ခဲ့ သဖြင့် ဈေးကွက်ဝေစုကို စောစီးစွာရရှိခဲ့သည်ကို တွေ့ရသည်။
၂၀၁၂ ခုနှစ်နောက်ပိုင်း ကမ္ဘာပေါ်တွင် အကြီးဆုံးသော ရင်းနှီးမြှုပ်နှံမှုဘဏ် ကိုးခုကျန်ရှိကာ ယင်းတို့သည် အများပြည်သူ ထံမှ အပ်နှံငွေလက်ခံသည့် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းများကို ပူးတွဲဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရသည်။ ယင်းဘဏ်များမှာ  Bank of America, Barclay, Citigroup, Credit Suisse, Deutsche Bank, Goldman Sachs, JP Morgan Chase, Morgan Stanley  နှင့်  UBS တို့ဖြစ် သည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုဘဏ် ကိုးဘဏ်အပြင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုဘဏ်များ အသီးသီးပေါ်ပေါက်လာ ကာ အချို့နိုင်ငံများသည် မိမိတို့နိုင်ငံအလိုက် ဈေးကွက်ဝေစုများ အကုန်လုံးနီးပါးရရှိသည်အထိ အောင်မြင်ခဲ့ကြသည်ကို တွေ့ရ သည်။ အဆိုပါဘဏ်များမှာ  HSBC, SocieteGenerale, BNP Paribas, CIBC, MUFJ, Sumitomo Mitsui, Mizuho, Nomura  နှင့်Macquarie  တို့ဖြစ်သည်။ အခြားသောရင်းနှီးမြှုပ်နှံမှုဘဏ် အငယ်လေးများလည်း ပေါ်ပေါက်လာခဲ့ပြီး ယင်းတို့ကိုအထူးပြု ဘဏ် (Boutique Bank) များဟုခေါ်ပြီး ကုမ္ပဏီများ ပေါင်းစည်း ရေး၊ ဝယ်ယူရေး (M&A) လုပ်ငန်းများကိုသာ ဆောင်ရွက်ကြ သည်။ အချို့ဘဏ်များသည် ကုမ္ပဏီများ၏ ဘဏ္ဍာရေးဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ငန်းများကို အထူးပြုဆောင်ရွက်ကြသည်များ လည်းရှိသည်။ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံသူများ၏ စတော့နှင့် ငွေချေးစာချုပ်ရောင်းဝယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြသော်လည်း ရင်းနှီးမြှုပ်နှံမှုဘဏ် လုပ်ငန်းကို အပြည့်အဝ ဆောင်ရွက်ခြင်းမရှိပါ။
ရင်းနှီးမြှုပ်နှံမှုဘဏ်    တစ်ခုချင်းစီတွင်    ခြားနားသော လုပ်ငန်းပုံသဏ္ဌာန်များရှိသော်လည်း အဓိက အခြေခံအကျဆုံးလုပ်ငန်းကြီးသုံးခုရှိသည်။ 
ပထမလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုဘဏ် ဌာနခွဲမှ တာဝန်ယူ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းဖြစ်ပြီး အဓိက အားဖြင့် ကော်ပိုရိတ်ဖောက်သည် များ၏ ရင်းနှီးငွေမြှင့်တင်ရေး နှင့် ကုမ္ပဏီများ ဝယ်ယူ၊ ပေါင်းစည်းရေးလုပ်ငန်းနှင့် အစိုးရဌာန များအတွက် ရင်းနှီးငွေမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်သည်။ ထို့အပြင် ဤဌာနသည် ကော်ပိုရိတ်များသို့ အီကွစ်တီ သို့မဟုတ် ြွေကးမြီကိုတိုက်ရိုက်ထည့်ဝင်ခြင်း၊ ကော်ပိုရိတ်ဖောက် သည်များသို့ ချေးငွေများထုတ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက် လေ့ရှိသည်။ ထို့အပြင် ဘဏ္ဍာငွေလိုအပ်နေသည့် အစိုးရစီးပွား ရေးအဖွဲ့အစည်းများသို့ ဘဏ္ဍာငွေထည့်ဝင်ပေးကာ ဆုံးရှုံးနိုင် ခြေကို ဝင်ရောက်စီမံခန့်ခွဲခြင်းများကိုလည်း ဆောင်ရွက်လေ့ရှိ သည်။ ဤဌာနတွင် ကုမ္ပဏီများပေါင်းစည်းရေး၊ ဝယ်ယူရေး (M&A) နှင့် အရင်းအနှီးဈေးကွက်လုပ်ငန်းများက အဓိကနေရာမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ 
ဒုတိယလုပ်ငန်းမှာ  ရောင်းဝယ်ရေးဌာနခွဲမှ တာဝန်ယူ ဆောင်ရွက်သည့် ရှယ်ယာရောင်းဝယ်ခြင်းများ၊ ဆုံးရှုံးမှုစီမံခန့်ခွဲ ခြင်းများ၊ ကြားဝင်ဆောင်ရွက်ပေးခြင်း  လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်သည်။ အထူးသဖြင့် အဖွဲ့ အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများနှင့် ဖောက်သည်မဟုတ်သူ များအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ပေးသည်။ ၎င်း ဌာနခွဲအောက်တွင်  စီးပွားရေးယူနစ်နှစ်ခုရှိသည်။ ပထမယူနစ် မှာ စတော့ရှယ်ယာများရောင်းဝယ်ခြင်းကို ဆောင်ရွက်ပေးသည့်  အီကွစ်တီယူနစ်ဖြစ်ပြီးဒုတိယယူနစ်မှာ ပုံသေအတိုးငွေရရှိသည့်  ငွေချေးစာချုပ်များ၊ ငွေကြေး ရောင်းဝယ်ခြင်းများနှင့် ကုန်စည် ရောင်းဝယ်ခြင်းများကို ဆောင်ရွက်ပေးသည်။ ထို့အပြင် ဤဌာန ခွဲအနေနှင့် မိမိကိုယ်ပိုင် ငွေကြေးများကို အသုံးပြု၍ မိမိဌာန၏ ကိုယ်ပိုင် အကျိုးစီးပွားတိုးတက်ရေးအတွက်လည်း ဆောင်ရွက် သည်။ ထိုမျှမက ငွေချေးစာချုပ်များမှ စတော့အဖြစ်သို့ ပြောင်းလဲ နိုင်သည့် Convertible securities များ၊ မူလရင်းနှီးမြှုပ်နှံမှု စာချုပ် စာတမ်းများကို အသွင်ပြောင်းလဲနိုင်သည့်  derivative  များ၊ ဆုံးရှုံး မှုများမှ အကာအကွယ်ယူထားသည့်  hedge fund  များတွင်လည်း ဝင်ရောက် ရောင်းဝယ်လေ့ရှိသည်။ တစ်ခါတစ်ရံ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေအသွင်ဖြင့် တက်သစ်စကုမ္ပဏီများတွင် ရင်းနှီး  ငွေ ထည့်ဝင်ခြင်းများကိုလည်း ဆောင်ရွက်လေ့ရှိသည်။
တတိယလုပ်ငန်းမှာ ပိုင်ဆိုင်ပစ္စည်းများ စီမံခန့်ခွဲသည့် လုပ်ငန်းဖြစ်သည်။ ယင်းလုပ်ငန်းကို ပိုင်ဆိုင်ပစ္စည်း စီမံခန့်ခွဲရေး ဌာနခွဲမှ တာဝန်ယူဆောင်ရွက်သည်။ ၎င်းဌာနခွဲသည် တစ်ဦးချင်း နှင့် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများ၏ ပိုင်ဆိုင်ပစ္စည်း များ စီမံခန့်ခွဲရေးကို တာဝန်ယူဆောင်ရွက်လေ့ရှိသည်။ ဤဌာန သည် မိမိတို့၏ ဖောက်သည်များကိုယ်စား စတော့များ၊ ငွေချေး စာချုပ်များ၊ အသွင်ပြောင်းစတော့များ၊ ငွေကြေးများ၊ ကုန်စည် များ၊ အိမ်ခြံမြေများကို တာဝန်ယူစီမံခန့်ခွဲကာ ငွေပင်ငွေရင်း တိုး ပွားလာစေရေးအတွက် တာဝန်ယူ  စီမံခန့်ခွဲပေးကြရသည်။ တစ်ခါတစ်ရံ ဖောက်သည်များနှင့် ငွေကြေးပူးတွဲထည့်ဝင်လျက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရသည်။ 
ဤ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းတွင် တာဝန်ယူနေကြရ သည့် ဝန်ထမ်းများသည် တစ်ကမ္ဘာလုံးဆိုင်ရာ အရေးအရာများကို နှံ့စပ်ကျွမ်းကျင်သူများဖြစ်ရန်   လိုအပ်သည်။   စီးပွားရေးနှင့် ဘဏ္ဍာရေး မဟာဗျူဟာများကိုလည်း  ချမှတ်နိုင်ရမည့်အပြင် တာဝန်အပ်နှင်းခြင်းခံရသည့် ကုမ္ပဏီအတွက် ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ပေးရမည့် တာဝန်များလည်းရှိသည်။ ၎င်းတို့သည် ကုမ္ပဏီ၏သန္ဓေဝန်ထမ်းများဖြစ်သည့် CEO, CFOများနှင့် တွဲဖက်ကာ ရှယ်ယာရှင်တို့၏ ပိုင်ဆိုင်မှုတန်ဖိုးမြင့်တက် လာစေရေးအတွက် တာဝန်ယူဆောင်ရွက်ကြရသည်။
တစ်ခါတစ်ရံ ဖောက်သည်ကုမ္ပဏီများအတွက် အခြား ကုမ္ပဏီများနှင့် ပေါင်းစည်းခြင်း၊ လက်အောက်ခံ ကုမ္ပဏီအဖြစ် သိမ်းသွင်းခြင်း (Merger and Acquisition)လုပ်ငန်းများကိုလည်း တာဝန်ယူ ဆောင်ရွက်ကြရသည်။ ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထား သည့် ငွေရင်းနှင့် ြွေကးမြီအချိုးအစားကို  အနေတော် အခြေအနေ ရောက်ရှိစေရေး၊ ကုမ္ပဏီမှ စတော့များ၊ ငွေချေးစာချုပ် အသစ် များ အများပြည်သူသို့ ကမ်းလှမ်းရောင်းချရေးလုပ်ငန်းများကို လည်း တာဝန်ယူဆောင်ရွက်ပေးကြရသည်။ 
ရင်းနှီးမြှုပ်နှံမှုဘဏ်သမားများသည်  အထက်ဖော်ပြပါ လုပ်ငန်းများအပြင် မိမိတို့ဖောက်သည်ကုမ္ပဏီများ ၏ ဆုံးရှုံးနိုင် ခြေစီမံခန့်ခွဲမှုကိုလည်း တာဝန်ယူဆောင်ရွက်ကြရသည်။ အထူး သဖြင့် ငွေကြေးနှင့် အတိုးနှုန်းများကို စီမံခန့်ခွဲခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းများကို  စီမံခန့်ခွဲခြင်း၊ ြွေကးမြီဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲခြင်း ၊ ကော်ပိုရိတ်ဖွဲ့စည်းပုံများ ပြုပြင်ပြောင်းလဲခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ကြရသည်။
Reference: Investment Guidebook

ထွန်းသက်ထွန်း