Main menu

Background

သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး

Mon, 11/20/2023 - 10:45 -- journal_editor

ယခင်တစ်ပတ်မှအဆက်

       မီးခိုးမှတ်နိမ့်သော စားသုံးဆီများကို ဖြစ်စေ၊ မပြည့်ဝမှု များသော ပိုလီဆီများကိုဖြစ်စေ အပူချိန်အမြင့်တွင် အချိန် ကြာကြာ အသုံးပြုသည့်အခါ  စားသုံးဆီ၏ ဓာတုဖွဲ့စည်းပုံ ပျက်စီးလာပြီး အဆီအက်စစ်ဓာတ်များ Free Fatty Acid)နှင့် ပိုလာဒြပ်ပေါင်းများ (Polar Compounds) ထွက်ပေါ် လာကာ အပူကြောင့် ဓာတ်တိုးခြင်း Thermal Oxidation)  ဖြစ်စဉ် ဖြစ်ပေါ်လာသည်။ ၎င်းဖြစ်စဉ်ကြောင့် ဆီ၏ပါရောက် ဆိုဒ်တန်ဖိုး မြင့်တက်လာခြင်းနှင့်အတူ ဆီသားတည်မြဲမှု Oil Stability) လည်း ကျဆင်းလာလေ့ရှိသည်။ 
ထိုကဲ့သို့ အသုံးပြုနေသည့် အချိန်အတွင်း၌ပင် ဆီသား ပျက်စီးမှုဖြစ်လာသော ဆီဖြင့် ြွကပြွ်ကပ်ရွရွဖြစ်အောင် ကြော် လှော်ထားသော အစားအစာများသည် လူတို့၏ကျန်းမာရေး အတွက် ဘေးအန္တရာယ်ရှိသော အစားအစာများဖြစ်သည်။ 
 မီးခိုးများထွက်လာသည်အထိ  အသုံးပြုပြီးသော စား သုံးဆီသည် အရည်အသွေး ကျဆင်းနေသော ဆီသာဖြစ် သည်။ ၎င်းဆီမျိုးကို နောက်တစ်ကြိမ်ပြန်သုံးပါက ပြန်ကြော် ဆီ Reused Oilဟုသတ်မှတ်နိုင်ပြီး ပထမကြော်ပြီးသော ပစ္စည်း၏ အနံ့၊ အရသာနှင့် အမှုန်အမွှားများသည် ဒုတိယ အကြော်ခံပစ္စည်းပေါ်သို့ ကူးစက်ခြင်း၊ ဖွဲ့စည်းပုံ ပျက်နေသော ဆီဖြင့် ကြော်ထားသော အစားအစာဖြစ်ခြင်းတို့ကြောင့် စား သုံးသူ၏ ကိုယ်ခန္ဓာအတွင်း၌ ဓာတ်တိုးမှုများ ဖြစ်ပေါ်လာရပြီး အရွယ်မတိုင်မီ အိုမင်းခြင်း၊ အဝလွန်ခြင်းများအပြင် ကင်ဆာ ဖြစ်ပွားစေသော ဆဲလ်များကိုပါ  တိုးပွားစေခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil)အုပ်စုဝင်ဆီများ ၏ ဓာတ်ဖွဲ့စည်းပုံအရ ဂလစ်စရောနှင့် အဆီအက်စစ်များ အပြင် အနံ့ပေးပစ္စည်း၊  အရောင်ပေးပစ္စည်းများနှင့်အတူ သဘာဝအတိုင်း ပါဝင်နေသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ Antioxidants)   လည်း တွဲဆက်လျက်ရှိနေသည်။ ဥပမာ အားဖြင့် ဖွဲနုဆီတွင် တိုကိုဖီရောလ် Tocopherols)၊ တိုကို ထရိုင်အီနော  (Tocotrienols) စသည့် ဗီတာမင်အီး ဒြပ်နှော (Vitamin E Complex)၊ အပင်ထွက်စတီရော  Phytosterols)၊ ပိုလီဖီနောလ် (Polyphenol) တို့အပြင် အားကောင်းသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သည့် ဂမ်မာအိုရီဇနော (- Orizanol ) ပါဝင်နေသည်။ နှမ်းဆီ၌မူ ဖီနောလ်အုပ်စုင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများဖြစ်သည့် Sesamol) နှင့် Sesaminol တို့ပါဝင်နေသည်။ ၎င်းဓာတ်တိုးဆန့်ကျင်ပစ္စည်း များသည် လူတို့၏ ကျန်းမာရေးအတွက် များစွာ အထောက် အကူ ပြုရုံမျှမက အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း ဘေးမှ လည်း ကင်းဝေးစေနိုင်သည့် ဂုဏ်သတ္တိများရှိကြသည်။ ၎င်း ဓာတ်များကို လူတို့၏ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထုတ်လုပ် နိုင်ခြင်းမရှိသောကြောင့် ထိုဓာတ်များပါဝင်နေသော စားသုံး ဆီများကို နည်းလမ်းမှန်ကန်စွာ စနစ်တကျ စားသောက်ခြင်း ဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်သည်။ 
စားသုံးဆီတွင် သဘာဝအတိုင်း ပါဝင်နေသော ဓာတ် တိုးဆန့်ကျင်ပစ္စည်းများသည် အပူကြောင့် ပျက်စီးတတ်ကြ သည်။ ထို့ကြောင့် မီးခိုးမှတ်မြင့်သော စားသုံးဆီများ ဖြစ်ကြ စေကာမူ လူတို့၏ကျန်းမာရေးအတွက် အလွန်အကျိုးရှိစေ သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို မပျောက်ပျက်စေခြင်း အလို့ငှာ အပူချိန်အနိမ့်၌ ချက်ပြုတ်သင့်သည်။ သို့မဟုတ်ပါက အပူပေးရန်မလိုသော လက်သုတ်ဆီ၊ ဟင်းလျာပြုပြင်ရာတွင် အသုံးပြုသောဆီ Salad Oil/ Dressing/ Finishing Oil) အဖြစ်သာ အသုံးပြုသင့်သည်။ 
မိမိတို့နိုင်ငံတွင် အများဆုံး  အသုံးပြုနေကြသော ဟင်းသီးဟင်းရွက်ဆီများမှာ မြေပဲဆီ၊ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ၊ ဖွဲနုဆီနှင့် နှမ်းဆီတို့ဖြစ်ကြသည်။ မီးခိုးမှတ်စစ် ဆေး ချက်အနေဖြင့် မြေပဲဆီ (၄၅၀ဒီဂရီဖာရင်ဟိုက်၊ ၂၃၂ဒီဂရီ စင်တီဂရိတ်)၊ စားအုန်းဆီ (၄၄၆ ဒီဂရီဖာရင်ဟိုက်၊ ၂၃၀ ဒီဂရီ စင်တီဂရိတ်)၊ နေကြာဆီ(၄၅၀ဒီဂရီဖာရင်ဟိုက်၊ ၂၃၂ ဒီဂရီ စင်တီဂရိတ်)၊ ပဲပုပ်ဆီ ( ၄၅၀ ဒီဂရီဖာရင်ဟိုက်၊ ၂၃၂ ဒီဂရီ စင်တီဂရိတ်)၊ ဖွဲနုဆီ (၄၉၁ ဒီဂရီဖာရင်ဟိုက်၊ ၂၅၅ဒီဂရီစင် တီဂရိတ်) နှင့် နှမ်းဆီ (၄၁၀ဒီဂရီဖာရင်ဟိုက် ၊ ၂၃၂ဒီဂရီစင်တီ ဂရိတ်) တို့ဖြစ်သည်။ 
(http:// curiouscuisiniere.com/ Smoke Point of Common Cooking Fats) 
မီးခိုးမှတ်  စစ်ဆေးချက်များအရ မိမိတို့နိုင်ငံတွင် စားသုံးနေကြသော စားသုံးဆီများသည် မီးခိုးမှတ်မြင့်သော စားသုံးဆီများ ဖြစ်ကြသည်။ ဓာတုဗေဒဆိုင်ရာ ဖွဲ့စည်းပုံအရ မြေပဲဆီနှင့်ဖွဲနုဆီသည် မိုနိုမပြည့်ဝဆီများ ဖြစ်ကာ နေကြာဆီ၊ ပဲပုပ်ဆီနှင့် နှမ်းဆီတို့သည် ပိုလီမပြည့်ဝဆီများ ဖြစ်ကြသည်။ ထူးခြားမှုအနေဖြင့် စားအုန်းဆီသည် ၎င်း၏  အဆီအက်စစ် ဖွဲ့စည်းပုံအရ ပြည့်ဝအဆီအက်စစ်နှင့် မပြည့်ဝအဆီအက်စစ် တို့ ဆတူနီးပါး ပါဝင်ပေါင်းစပ်ထားသောဆီဖြစ်သည်။ 
ထို့ကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များစွာပါဝင်နေ သော ဖွဲနုဆီနှင့် မပြည့်ဝအဆီအက်စစ်အပိုင်း များစွာပါဝင် သော နေကြာဆီ နှင့် ပဲပုပ်ဆီတို့ကို အပူချိန်နိမ့်နိမ့်တွင် သာ ချက်ပြုတ်ရန် ၊ မပြည့်ဝအဆီအက်စစ်အပိုင်း များစွာပါဝင်ပြီး ပေါ်လီဖီနောလ်အုပ်စုဝင် ရနံ့ပေးပစ္စည်း ြွကယ်ဝစွာ ပါဝင် သော နှမ်းဆီသန့်ကိုမူ အပူပေးရန်မလိုအပ်သော လက်သုတ် ဆီအဖြစ် အသုံးပြုရန်နှင့် မြေပဲဆီ၊ စားအုန်းဆီတို့အား အပူ ချိန်အမြင့်တွင် နှစ်ကြော်၊ အိုးကပ်ကြော် ကြော်ရာ၌ အသုံးပြု ရန်တို့ကို အကြံပြုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် မိမိတို့အသုံးပြုနေသည့် စား သုံးဆီအမျိုးအစားနှင့် သင့်လျော်မည့် ချက်ပြုတ်နည်းစနစ် များကို သေချာစွာသိရှိထားခြင်းဖြင့် နေ့စဉ် ချက်ပြုတ်စား သောက်နေရသော လူနေမှုဘဝများအတွက် ကျန်းမာရေး ဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများမှ ကင်းဝေးကြစေရန် ရည်သန်၍ ရေးသားတင်ပြလိုက်ရပါသည်။ 

အိအိချော (စားသုံးသူူရေးရာဦးစီးဌာန)