Main menu

Background

အထူးစီးပွားရေးဇုန်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး အဆက်အစပ်

Mon, 11/20/2023 - 10:56 -- journal_editor

အထူးစီးပွားရေးဇုန် Special Economic Zone - SEZ) သည် သေချာသော စီးပွားရေး တိုးတက်မှု ဖန်တီးပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံရှိ ဧရိယာတစ်ခုဖြစ်သည်။ အထူးစီးပွားရေးဇုန် SEZ) သည် အခွန်မက်လုံးနှင့် သက်သာသော အခွန်အခ  ပေးဆောင်ခွင့်အပါအဝင် နိုင်ငံ အတွင်းရှိ အခြားဒေသများနှင့် နှိုင်းယှဉ်ပါက ပိုမိုအဆင်ပြေသော စီးပွားရေးစည်းမျဉ်းများ ချမှတ်ထားသည်။ အဆိုပါစီးပွားရေးစည်းမျဉ်း များက  နိုင်ငံခြား  တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment-FDI)   ကို ဆွဲဆောင်နိုင်သည်။  ငှီ်ု္ ဆိုသည်မှာ စီးပွားရေး အကျိုးအမြတ်အတွက် နိုင်ငံတစ်နိုင်ငံ၌ ကုမ္ပဏီ တစ်ခု သို့မဟုတ် လူတစ်ဦးချင်းက ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုမှန်သမျှကို ရည်ညွှန်းသည်။
သမိုင်းကြောင်း
ပထမဆုံး   အထူးစီးပွားရေးဇုန်သည် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၌ ၁၉၅၀ ပြည့်နှစ် နှောင်း ပိုင်းတွင် ပေါ်ပေါက်ခဲ့သည်။ နိုင်ငံစုံ ကော်ပိုရေး ရှင်းများက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ပထမဆုံး အထူးစီးပွား ရေးဇုန်ကို အိုင်ယာလန်နိုင်ငံ ရှန်နွန်လေဆိပ်  Shannon Airport) ၌ တည်ဆောက်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်များတွင် လက်တင်အမေရိကနှင့် အရှေ့အာရှနိုင်ငံများ၌ အထူးစီးပွားရေးဇုန်များ တည်ထောင်ခဲ့သည်။ ယနေ့အထိ အအောင်မြင် ဆုံး အထူးစီးပွားရေးဇုန်များမှာ တရုတ်နိုင်ငံ၌ ရှိသည်။
ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ  ညီလာခံ United Nations Conference on Trade and Development စာရင်းအရ ၂၀၂၂ ခုနှစ်အထိ အထူးစီးပွားရေး ဇုန် ၇၀ဝ၀ ကျော်ရှိသည်။ ၎င်းတို့ကို ကမ္ဘာ့နေရာ တိုင်း၌ တွေ့ရှိနိုင်သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နှင့်  အသွင်ကူးပြောင်းနေသော  နိုင်ငံများ Developing and transitional economies ၌ စက်မှုထူထောင်ရေးအတွက် လက်နက်ကိရိယာ တစ်ခုအဖြစ် အသုံးပြုသည်။
အမျိုးအစားများ
အထူးစီးပွားရေးဇုန် လေးမျိုးရှိသည်။ ပထမအမျိုးအစားမှာ လွတ်လပ်သော ကုန်သွယ် မှုဇုန် Free-Trade Zone ဖြစ်သည်။ လွတ်လပ် သော ကုန်သွယ်မှုဇုန်သည် သွင်းကုန်နှင့် တင်ပို့ သည့် ကုန်ပစ္စည်းများအတွက် အထူးလုံခြုံသော နယ်မြေဖြစ်သည်။ လွတ်လပ်သော ကူးသန်း ရောင်းဝယ်ရေးနယ်မြေ  သို့မဟုတ် လွတ်လပ် သော နိုင်ငံခြားကုန်သွယ်မှုဇုန် Commercial-free or Foreign-trade zones)  ဟူ၍လည်း ခေါ်ဆိုသည်။   အဆိုပါနယ်မြေများ၌   အထူး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် အခွန်ကင်း လွတ်ခွင့်များ ပါဝင်သည်။
ဒုတိယအမျိုးအစားမှာ ပို့ကုန်မြှင့်တင်ရေး ဇုန် (Export Processing Zone))  ဖြစ်သည်။ ယေဘုယျအားဖြင့် ပို့ကုန်မြှင့်တင်ရေးဇုန်သည် ကုန်သွယ်မှုနှင့် စက်မှုထုတ်ကုန် တင်ပို့မှုအတွက် ရည်ရွယ်သည်။ အထူးသဖြင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမှတစ်ဆင့်   စီးပွားရေးတိုးတက်စေရန် ဖြစ်သည်။ ပို့ကုန်မြှင့်တင်ရေးဇုန်သည် အခွန်နှင့် သွင်းကုန်ခွန် ကင်းလွတ်ခွင့်ကဲ့သို့သော အကျိုး ကျေးဇူးများဖန်တီးပေးပြီး အတားအဆီး အနည်း ငယ်မျှသာ ရှိသည်။
တတိယအမျိုးအစားမှာ  စက်မှုဥယျာဉ် Industrial Park)ဖြစ်သည်။ စက်မှုဇုန် သို့မဟုတ် စက်မှုဥယျာဉ်များကို  စီးပွားဖြစ် သို့မဟုတ် လူနေထိုင်ခြင်းထက်  စက်မှုလုပ်ငန်းအတွက် အသုံးပြုရန် ရည်ရွယ်သည်။ နောက်ဆုံးအမျိုး အစားမှာ အထူးပြုဇုန် Specialized Zone) ဖြစ် သည်။ အထူးပြုဇုန်၌ နည်းပညာ အချက်အချာ ကျသောနေရာများ   Technology hubs၊ လေဆိပ်အခြေပြုဇုန်များ   (Airport-based zones) နှင့် ထောက်ပံ့ပို့ဆောင်ရေး ဥယျာဉ်များ Logistics parks) ပါဝင်သည်။
အောင် မြင်သောဇုန် နမူနာ
နိုင်ငံအများအပြား၌ အထူးစီးပွားရေးဇုန် များ ထူထောင်ကြသော်လည်း နိုင်ငံခြား အရင်း အနှီး  ဆွဲဆောင်ရန်အတွက် အထူးစီးပွားရေး ဇုန်  တည်ထောင်ရာတွင် တရုတ်နိုင်ငံသည် အအောင်မြင်ဆုံးဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီ နှင့် ရင်းနှီးမြှုပ်နှံသူများသည်  တရုတ်နိုင်ငံ၏ စီးပွားရေးအလားအလာကို  စိတ်ဝင်စားသော ကြောင့် ကမ္ဘာ့အရင်းအနှီးရယူရန်နှင့် စီးပွား ရေးတိုးတက်မှု မြှင့်တင်ရန် အတွက် ၁၉၈၀ ပြည့် နှစ်များတွင် အထူးစီးပွားရေးဇုန်များ စတင် ခဲ့သည်။ စီးပွားရေးတိုးတက်မှုကို ဆက်လက် အားပေးရန်အတွက် ၁၉၉၀ ခုနှစ်များတွင်  SEZ အသစ်များ ထူထောင်ခဲ့သည်။ တရုတ်နိုင်ငံရှိ ပထမဆုံး အထူးစီးပွားရေးဇုန်လေးခုကို ၁၉၇၉ ခုနှစ်တွင် အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသ ဖြစ်သည့် ရှန်ကျန်း၊ ဇူဟိုင်နှင့် ကွမ်တုံပြည်နယ် ရှန်တူးနှင့်   ဖူကျန့်ပြည်နယ် ရှမင်တို့၌ တည် ဆောက်ခဲ့သည်။
တရုတ်နိုင်ငံသည် ဟိုင်နန်ကျွန်းကို ၎င်း ၏ အထူးစီးပွားရေးဇုန်စာရင်း၌ ၁၉၈၃ ခုနှစ် တွင် ထည့်သွင်းခဲ့သည်။ မူလ အထူးစီးပွားရေး ဇုန်များ အောင်မြင်သောကြောင့် ၁၉၈၄ ခုနှစ် တွင် ကမ်းရိုးတန်းမြို့များ၌ အထူးစီးပွားရေးဇုန် ၁၄ ခုထပ်မံတိုးချဲ့ တည်ဆောက်ခဲ့သည်။ အဆိုပါ မြို့များသည်လည်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အတည်ပြုနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အား မက်လုံးပေးခြင်း၊ စက်ပစ္စည်းနှင့် နည်း ပညာ  အခွန်လွတ်တင်သွင်းခြင်း  ကဲ့သို့သော အထူးစီးပွားရေးဇုန်၏ ကောင်းကျိုးများ ခံစား ရသည်။ 
တရုတ်နိုင်ငံအတွင်း အထူးစီးပွားရေးဇုန် များသည် ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှု မြှင့် တင်ပေးသည့်  လွတ်လပ်သော စီးပွားရေးပတ် ဝန်းကျင်အဖြစ် လုပ်ဆောင်ကြသည်။  တရုတ် အစိုးရသည်  ယင်းဒေသများ၏   အခြေခံ အဆောက်အအုံ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို အခွန်မက်လုံး များ ဆက်လက်ခွင့်ပြုထားသည်။ အထူးစီးပွား ရေးဇုန်သည်ခေတ်နောက်ကျနေသော ပြည်နယ် အား စီးပွားရေးလွတ်လပ်ခွင့်  ရရှိစေကြောင်း စီးပွားရေးပညာရှင်များက လက်ခံသည်။ အထူး စီးပွားရေးဇုန်မရှိဘဲ တရုတ်နိုင်ငံသည် အမျိုး သားအဆင့် ပြုပြင်ပြောင်းလဲရေး National reform)ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။
ထူးခြားချက်များ
အထူးစီးပွားရေးဇုန်ကို စီးပွားရေးတိုး တက်မှုအတွက်  တည်ထောင်ခြင်းဖြစ်သည်။  အဓိကပန်းတိုင်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုလက်ခံပြီး အရင်းအနှီးရရှိရန်ဖြစ်သည်။ အထူး စီးပွားရေးဇုန်များသည် အာဏာပိုင်အဖွဲ့ တစ်ခုတည်းက ရုပ်ပိုင်းဆိုင်ရာ အတားအဆီးနှင့် စီမံခန့်ခွဲမှုကို ရှင်းလင်းစွာ သတ်မှတ်ထားသော အထူးနယ်မြေများဖြစ်သည်။ အထူးစီးပွားရေး ဇုန်၌ အသုံးပြုသူနှင့် ရင်းနှီးမြှုပ်နှံသူများသည် အထူးစည်းမျဉ်းနှင့် အခွန်ကောက်ခံခြင်း အပါ အဝင် ကောင်းကျိုးများ ရယူခံစားနိုင်သည်။
အဓိကကျသော အချက်များ
အထူးစီးပွားရေးဇုန်များကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု  မြှင့်တင်ရန် နည်းလမ်းအဖြစ် ကမ္ဘာတစ်ဝန်း၌  တွင်ကျယ်စွာ အသုံးပြုလျက် ရှိသည်။ အဆိုပါအထူးစီးပွားရေးဇုန်များသည် နိုင်ငံခြားဝင်ငွေရရှိစေပြီး  ရင်းနှီးမြှုပ်နှံမှုကို မြှင့် တင်ပေးနိုင်သည်။  အထူးစီးပွားရေးဇုန်သည် သက်သာသော  အခွန်နှင့် အကောက်ခွန် စည်း မျဉ်းကဲ့သို့သော မက်လုံးများ ဖြည့်ဆည်းပေး သည်။ လွတ်လပ်သော ကုန်သွယ်မှုဇုန်နှင့် စက်မှု ဥယျာဉ်အပါအဝင် အထူးစီးပွားရေးဇုန်များကို ဖွံ့ဖြိုးဆဲနိုင်ငံရှိ  အဓိကမြို့ကြီးများ၌ တွေ့မြင် နိုင်သည်။        

  Source: investopedia.com

သိန်းမြင့်ဝေ