Main menu

Background

သန့် ရှင်း ကျန်း မာ ဘေးရန်ကင်းကွာအစားအစာ

Mon, 11/20/2023 - 13:48 -- journal_editor

ကမ္ဘာ့နိုင်ငံတိုင်းတွင် အချဉ်ဖောက်ထားသော  အစားအစာ များနှင့် အဖျော်ယမကာများသည်  လူ့အသိုက်အဝန်းတွင် အရေး ကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်မှာ  ကြာမြင့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အချဉ်ဖောက်ထားသော  အစားအစာများ သည် ရာစုနှစ်များစွာကတည်းကပင်  မြန်မာ့ဟင်းလျာ၏  အရေးပါ သော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ယခုအချိန်တွင်လည်း  စားသုံးမှု များသော အစားအစာဖြစ်သည်။   အမျိုးအစားအနေဖြင့် အချဉ် ဖောက်ထားသော  အစားအစာများတွင် ဟင်းသီးဟင်းရွက်၊ နို့ထွက် ပစ္စည်း၊ အသားနှင့်  ငါးတို့ပါဝင်ပြီး  အချဉ်ဖောက်ထားသော အဖျော် ယမကာများတွင် အယ်လ်ကိုဟော  ပါဝင်သော  အဖျော်ယမကာနှင့် အယ်လ်ကိုဟော မပါဝင်သော အဖျော်ယမကာဟူ၍  ထပ်မံခွဲခြား နိုင်သည်။ 
အချဉ်ဖောက်ထားသော  အစားအစာနှင့်  အဖျော်ယမကာ အမျိုးမျိုးကို ပင်လယ်ရပ်ခြား ကုန်သွယ်မှုများမှတစ်ဆင့်လည်းကောင်း ခေတ်ရေစီးကြောင်းအရ အစားအစာယဉ်ကျေးမှု  ဖလှယ်ခြင်းဖြင့် လည်းကောင်း ကမ္ဘာ့ဈေးကွက် အတော်များများတွင်   ရရှိနိုင်ပြီဖြစ် သည်။ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းထုတ်   အချဉ်ဖောက်ထား သော အစားအစာများကို ဈေးကွက်တွင်  ရရှိနိုင်သကဲ့သို့   ပြည်ပမှ တင်သွင်းသော ထုတ်ကုန်အရည်အသွေး  ဦးစားပေးသည့် အရသာ အမျိုးမျိုး၊ ထုပ်ပိုးမှုပုံစံအမျိုးမျိုးရှိသည့်   အချဉ်ဖောက်ထားသော အစားအစာများကို စူပါမားကတ်၊ ကုန်တိုက်များတွင်  ရရှိနိုင်သည်။ ကမ္ဘာ့အရှေ့ပိုင်းနိုင်ငံများအနက် တရုတ်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံ တို့မှ အချဉ်ဖောက်ထားသော   အစားအစာနှင့် အဖျော်ယမကာ ထိပ်တန်း တင်ပို့သောနိုင်ငံများဖြစ်ကြောင်း  တွေ့ရှိရသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ထုတ်လုပ်သည့် အချဉ်ဖောက်ထားသော  အစားအစာ များကို ကမ္ဘာ့အဆင့်မီ စီးပွားဖြစ် ထုတ်လုပ်တင်ပို့မှုမှာ ကိန်းဂဏန်း အချက်အလက်များအရ တွင်ကျယ်မှု မရှိသေးပါ။
ကစော်ဖောက်ခြင်း (သို့မဟုတ်) အချဉ်ဖောက်ခြင်း (Fermen-tation)တွင် ပရိုဘိုင်အိုတစ်များ၊အကျိုးပြုဘက်တီးရီးယားများ ဥပမာ အားဖြင့် လက်တိုဘက်စလက်စ်(Lactobacillus)သည်  အချဉ်ဖောက် မည့် အစားအစာရှိ  ကစီဓာတ်နှင့်  သကြားဓာတ်များကို စားသုံးပြီး အယ်လ်ကိုဟော (Alcohol)နှင့် လက်တစ်အက်စစ်ဓာတ် Lactic Acid)အဖြစ် ပြောင်းလဲပေးခြင်းဖြင့် အချဉ်ဖောက်ခြင်းဖြစ်စဉ်ကို ဖြစ် ပေါ်စေသည်။ဤလက်တစ်အက်စစ်သည် သဘာဝအတိုင်း တာရှည်ခံ ပစ္စည်းအဖြစ် အချဉ်ဖောက်ထားသော အစားအစာများကို တာရှည် အထားခံစေသည်။  အချဉ်ဖောက်ခြင်းသည်   အစားအစာများကို အလေအလွင့် မရှိစေဘဲ ပိုလျှံအစားအစာ  စွန့်ပစ်မှုအပြင် အစား အစာလေလွင့် ဆုံးရှုံးမှုလျှော့ချရန်နှင့်  ကြာရှည်အထားခံစေသော နည်းလမ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် နှစ်ကာလအတန်ကြာကပင် ဟင်းသီးဟင်းရွက်နှင့် အသားငါးများအား  စဉ့်အိုးကြီးများတွင် ထည့် သွင်းကာ ဝမ်းစာအဖြစ် နှစ်ပတ်လည်ထား စားသုံးခဲ့ကြသည်။
အချဉ်ဖောက်ထားသော အစားအစာများသည် လူတို့၏အစာ ခြေစနစ်နှင့် အူလမ်းကြောင်း ကျန်းမာစေရန်  ကူညီပေးသည့် အကျိုး ပြု ဘက်တီးရီးယားများဖြစ်သည့်    ပရိုဘိုင်ရောတစ်probiotic) ဝသည်။  အစာခြေစနစ်ကောင်းမွန်စေ၍  ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်လျှော့ချရန် ကူညီပေးနိုင်ကြောင်း သုတေသနပြု လေ့လာမှုများအရ သိရှိရသည်။  သို့ရာတွင် အချဉ် ဖောက်စဉ်တွင် သန့်ရှင်းမှုအားနည်းပါက  အစားအစာညစ်ညမ်းမှု (Food Contamination)ဖြစ်နိုင်ပြီး စားသုံးသူအား  အဆိပ်အတောက် ဖြစ်စေ၍ ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ မူးဝေခြင်း၊  အော့အန်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရနိုင်ပြီး  ပြင်းထန်ပါက အသက် အန္တရာယ်ကို ခြိမ်းခြောက်သည်အထိ ဖြစ်နိုင်သည်။
အချဉ်ဖောက်ထားသော   အစားအစာများသည်  ယေဘုယျ အားဖြင့် လူတို့စားသုံးရန် သင့်လျော်သော်လည်း အဆိပ်နှင့်ဆက် စပ်သော   ကျန်းမာရေးအန္တရာယ်များ   လုံးဝ ကင်းရှင်းခြင်းမရှိပါ။ အစားအစာညစ်ညမ်းမှုကြောင့် ဖြစ်သောရောဂါ (Food-bornei-llness)ဖြစ်ပွားစေသော ဘက်တီးရီးယားများဖြစ်သည့်  Entero-coccus, E.coli,  Salmonella,   Staphylococcus and  Listeria strains အစရှိသည့်  ဘက်တီးရီးယားများကြောင့် အချဉ် ဖောက်ထားသော အစားအစာများတွင်   အဆိပ်အတောက် အန္တရာယ်ဖြစ်စေသည်။   ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် ကပ် ပါးပိုးများသည် အစားအသောက်မှတစ်ဆင့် ဇီဝဆိုင်ရာ အန္တရာယ် များ(Bioligical Hazards)ဖြစ်စေသည်။ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရူပဆိုင်ရာ အန္တရာယ်များ(Physical Hazards)၊ ဓာတုဆိုင်ရာ အန္တရာယ်များ Chemical Hazards)) နှင့် ဓာတ်မတည့်မှု ဆိုင်ရာအန္တရာယ်များ (Allergenic Hazards)ကို အစားအစာ ထုတ် လုပ် ဖြန့်ဖြူးရောင်းချစဉ်   ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး နည်း ပညာ လိုအပ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်  မဖြစ်မနေ လိုအပ်မည်ဖြစ်ပါသည်။ စားသောက်ကုန်များသည်  လူတို့အတွက် နေ့စဉ် မရှိမဖြစ် လိုအပ်ချက်ဖြစ်ရာ စားသုံးသည့်  အစားအသောက် များတွင် အာဟာရများ(Nutrients)ပါဝင်၍  အဆိပ်အတောက် ကင်းရှင်းမှသာ ကျန်းမာရေးအတွက်  အထောက်အကူဖြစ်စေမည် ဖြစ်သည်။ သို့ပါ၍ အစားအစာ ထုတ်လုပ်သူ များမှ ကျန်းမာရေးနှင့် ညီညွတ်သောထုတ်ကုန်များ  ထုတ်လုပ်ရာတွင် သက်ဆိုင်ရာ  အဖွဲ့ အစည်းများနှင့် ပညာရှင်များမှ ထောက်ခံအကြံပြုထားသော ကျင့်စဉ် ကောင်းများနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည်ဆိုပါက  ဘေး အန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသော စားသောက်ကုန်များ ရရှိနိုင် မည်ဖြစ်ပါသည်။
အစားအစာ အရည်အသွေးနှင့် ထုတ်ကုန်ဘေးကင်းလုံခြုံရေး (Food Quality and Safety)ဟု ြွေကးကြော်နေသော မျက်မှောက် ကာလ ကမ္ဘာ့နိုင်ငံများတွင် အသားများ၊   ရေထွက်ကုန်ပစ္စည်းများ၊ နို့ထွက်ပစ္စည်းများ၊ ကောက်ပဲသီးနှံများနှင့်ဟင်းသီးဟင်းရွက် သစ်သီး ဝလံများစသည့် အစားအစာအမျိုးမျိုးကို အချဉ်တည်ခြင်း(သို့မဟုတ်) အချဉ်ဖောက်ခြင်းတို့တွင်   ရိုးရာဓလေ့နည်းသာမက   နည်းပညာ လိုအပ်ချက်နှင့်အညီ ခေတ်မီ ထုပ်ပိုးမှုမျိုးစုံဖြင့် ပေါင်းစပ်ပြုပြင်၍ ကုန်ပစ္စည်းများ၏  အရည်အသွေးနှင့် ထုတ်ကုန်ဘေးကင်းလုံခြုံရေး အတွက် သက်ဆိုင်ရာ    အဖွဲ့အစည်းများမှ   ထုတ်ပြန်ထားသော စားသောက်ကုန်တွင် လိုက်နာရမည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ နှင့်အညီ ထုတ်လုပ်လာကြသည်။ ယင်းတို့ကို ပြည်ပမှတင်သွင်းသည့် ထုတ်ကုန်များတွင်   ဖော်ပြပါရှိသော ကုန်အညွှန်းအမှတ်တံဆိပ် Labellingနှင့် အရည်အသွေးဆိုင်ရာ ထောက်ခံချက်  Quality Assurance) အမှတ်တံဆိပ်များကို ထုပ်ပိုးမှုများတွင် တွေ့မြင်ရမည် ဖြစ်သည်။
ပြည်တွင်းထုတ်ကုန် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ တစ်နိုင်ငံ၏   ကျေးလက်ဒေသ  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး သည် အငယ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် အရေးပါသည့်အတွက်   ကျေးရွာတစ်ရွာ  ထုတ်ကုန်တစ်မျိုးအဖြစ် ကုန်ကြမ်းမှသည်  ကုန်ချောဆီသို့ တန်ဖိုးမြှင့်ထုတ်ကုန်အထိ ထုတ် လုပ်၍ ဈေးကွက်အရောက်တင်ပို့ ထုတ်လုပ်နိုင်ရန် လိုအပ်သည်။ 
မြန်မာနိုင်ငံ၏မြို့တိုင်း၊   ဒေသတိုင်းတွင် ဒေသအလိုက် ရိုးရာ ယဉ်ကျေးမှုများရှိသည်။ စားသောက်ဖွယ်ရာ အသီးသီးသည် ဒေသ ၏ ရိုးရာယဉ်ကျေးမှုကိုသာမက  ယင်းဒေသ၏သမိုင်းကိုပါ  ထင်ဟပ် စေသည့် သာဓကများစွာရှိသည်။ ဥပမာအားဖြင့် ပျဉ်းမနား မျှစ်ချဉ်၊ ပုဂံပုန်းရည်ကြီး၊ ပဲခူးငါးချဉ်စသည်ဖြင့် အထင်ကရ ရှိကြသည်။ 
ထို့ကြောင့် ဒေသတွင်း ထုတ်ကုန်လုပ်ငန်းများမှ အသားများ၊ ရေထွက်ကုန်ပစ္စည်းများ၊ နို့ထွက်ပစ္စည်းများ၊ ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများစသည့် အစားအစာအမျိုးမျိုးအား အချဉ်တည်ခြင်း(သို့မဟုတ်)အချဉ်ဖောက်ခြင်း နည်းများဖြင့် ရရှိလာ သည့် အသားချဉ်၊  ငါးချဉ်၊ ပုစွန်ချဉ်၊ ဟင်းသီးဟင်းရွက်ချဉ်ဖတ်များ၊ မျှစ်ချဉ်၊ မုန်ညင်းချဉ်၊ အသီးဆားရည်စိမ်များ၊ ပဲပိစပ်များ၊ နှမ်းဖတ် ချဉ်၊ မြေပဲ ချဉ်ဖတ်၊ ပုန်းရည်ကြီး၊  လက်ဖက်၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ အရက်၊ ဘီယာနှင့် အဖျော်ယမကာများ အစရှိသည့်  အချဉ်ဖောက်ထားသော စားသောက်ဖွယ်ရာများကို    ထုတ်လုပ်လျက်ရှိသည်။  ယင်းတို့ကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်  အသေးစား၊  အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်  တွန်းအားပေး၍ အာမခံချက် ရှိသော အစားအစာ ဘေးအန္တရာယ်ကင်းရှင်းခြင်းနှင့် အရည်အသွေး ပြည့်ဝရေး (Food Safety and Quality ကို  အလေးထား ထုတ်လုပ်ရန် နှင့် ထုပ်ပိုးမှုပုံစံသည်လည်း သန့်ရှင်းသေသပ်လှပ၍ စားချင်စဖွယ် ဆွဲဆောင်မှုရှိရန် လိုအပ်သည်။  သို့မှသာ   ထုတ်ကုန်အမျိုးအစား တူညီမှုရှိပါက ယုံကြည် စိတ်ချရသည့်ထုတ်ကုန်သည် ဈေးကွက်ဝင် ၍ မျက်နှာပန်းလှမည်ဖြစ်ပြီး ယှဉ်ပြိုင်အနိုင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ယခုအခါ နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ ပြည်တွင်းထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက် သို့ တင်ပို့နိုင်ရန် ကြိုးစားနေခြင်းဖြစ်ရာ  ပထဝီဝင်  တည်နေရာအရ တရုတ်နှင့်အိန္ဒိယ စသည့်နိုင်ငံကြီးများနှင့် အလွန်နီးစပ်သောကြောင့် ကြီးမားသော  စားသုံးသူဈေးကွက်သို့ ထုတ်ကုန်များကို တင်ပို့နိုင် သည့် အခွင့်အလမ်းများစွာရှိနေခြင်းကြောင့် ဈေးကွက်လိုအပ်ချက် များအပြင် စားသုံးသူများ၏မျှော်လင့်ချက်များနှင့်   ကိုက်ညီသည့် အချဉ်ဖောက်ထားသော အစားအသောက်ထုတ်ကုန်များ ထုတ်လုပ် လာစေရန် ရည်ရွယ်၍ ရေးသားတင်ပြအပ်ပါသည်။

 

ဒေါက်တာလဲ့လဲ့မိုး (စားသုံးသူရေးရာဦးစီးဌာန)