Main menu

Background

မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှုမှသည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆီသို့

Mon, 01/01/2024 - 12:03 -- journal_editor

မဲခေါင်- လန်ချန်းဒေသသည် အာရှတွင် အကြီးမားဆုံး ဖွံ့ဖြိုး တိုးတက်မှုအလားအလာရှိသည့်  ဒေသများအနက်  တစ်ခုဖြစ်သည်။ လန်ချန်းနှင့်မဲခေါင်မြစ်သည် အမည်ကွဲပြားသော်လည်း  တရုတ်နှင့် အင်ဒို-တရုတ်ကျွန်းဆွယ်ကိုဖြတ်၍ စီးဆင်းနေသော အရေးကြီးသော မြစ်—တူညီသောမြစ်ကို  ရည်ညွှန်းသည်။    တရုတ်နိုင်ငံQinghai-တိဘက်ကုန်းပြင်မြင့်မှ  မြစ်ဖျားခံသော မြစ်သည်Qinghai- ကွမ်းရှီး ပြည်နယ့်ကျ့ကတွင် အရင်းအမြစ်ရှိသည်။တရုတ်နိုင်ငံတွင် Yushu တွင်  မြစ်ဟုခေါ်တွင်ပြီး ယူနန်ပြည်နယ်မှ စီးဆင်းကာ  မြစ်အောက်ပိုင်းတွင် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို  ဖြတ်၍ စီးဆင်းနေသော မဲခေါင်မြစ်သည် အရှည်ကီလိုမီတာ၄၈၈၀ ရှိပြီး ဧရိယာ ၇၉၅၀ဝ၀ ကျယ်ဝန်းသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည်   ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော   စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍  ၂၀၁၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။   အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊  မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့  ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်၏အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို အမြဲတမ်း ပူးတွဲဥက္ကဋ္ဌဖြစ် သည့် တရုတ်နိုင်ငံနှင့်အတူ ၂၀၂၀ပြည့်နှစ်  သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အောင်မြင်စွာ ပူးတွဲ ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ တာဝန်သိ အဖွဲ့ဝင်အနေဖြင့်လည်းကောင်း  မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင် ရွက်မှုကို အစဉ်တန်ဖိုးထားပြီး   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှု၏မူဝါဒများ၊ စိတ်ဓာတ်များနှင့်အညီ တကြွ်ကစွာ ဆက်လက်ပါဝင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့်အနာဂတ်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း စဉ်များတွင် မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှုကို  ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးမူဝါဒတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက် ရှိသည်။  မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ တကြွ်ကသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်လည်းကောင်း၊  မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင်  အဖွဲ့ဝင်နိုင်ငံ များနှင့် အပြန်အလှန် နားလည်မှု၊ လေးစားမှုနှင့်  မဲခေါင်-လန်ချန်း မိသားစုစိတ်ဓာတ်ကို အခြေခံကာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်  မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား   ပြည်သူအချင်းချင်း အပြန် အလှန် ဆက်ဆံမှုမြှင့်တင်ရေး၊ လူငယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အဖွဲ့ဝင်နိုင်ငံများ၏ မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင် ရွက်မှုအတွင်းရေးမှူးရုံး/ပူးပေါင်းညှိနှိုင်းရေးရုံးများအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ 
ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက် ရာတွင်   အပြည်ပြည်ဆိုင်ရာ   ဥပဒေများInternational Laws)၊ ပဋိညာဉ်စာချုပ်များ Charters)၊  သဘောတူစာချုပ်များ (Treaties) နှင့် နားလည်မှုစာချွန်လွှာများ Memorandum of  Understanding) တွင် ပါဝင်သောပြဋ္ဌာန်းချက်များ၊ ဖော်ပြချက်များနှင့်အညီ ဆောင် ရွက်လေ့ရှိကြသည်။ ယေဘုယျအားဖြင့်   နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှု (Bilateralism)နှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု( Multilateralism) ဟူ၍ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်း နှစ်မျိုးရှိပြီး သီးခြား ဆွေးနွေးမှုများနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများတွင် Bilateralism  နည်းလမ်းဖြင့်လည်းကောင်း၊  သုံးနိုင်ငံနှင့် အထက် နိုင်ငံများအကြား ဆွေးနွေးမှုများနှင့် အကျိုးတူ ပူးပေါင်းမှု များတွင်  Multilateralism  နည်းလမ်းဖြင့်လည်းကောင်း ဆောင်ရွက် လျက်ရှိကြသည်။ 
ကမ္ဘာ့နိုင်ငံများအကြား  ဆက်သွယ်ချိတ်ဆက်ပူးပေါင်းမှုများ ဆောင်ရွက်ရာတွင် နိုင်ငံများ၏ တည်နေရာနှင့် ရေနှင့်ကုန်းမြေ နယ် နိမိတ်ထိစပ်မှုတို့သည်လည်း အရေးပါသောအခန်းကဏ္ဍမှ  ပါဝင် လျက်ရှိသည်။ ပထဝီရေမြေဒေသ ဆက်စပ်တည်ရှိနေသော ဒေသ တွင်းနိုင်ငံများသည် ပိုမိုနီးစပ်သော လူနေမှုဘဝနှင့်ယဉ်ကျေးမှုဓလေ့ ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှုများ၊ သဘာဝပတ်ဝန်းကျင်  အရင်း အမြစ်နှင့် ဂေဟစနစ်များကို   မျှဝေဖြစ်တည်သုံးစွဲလျက်ရှိကြသည် ဖြစ်ရာ ပိုမိုရင်းနှီးသော အိမ်နီးချင်းနိုင်ငံ  ဆက်ဆံရေး ထူထောင်ခြင်း ဖြင့် ကောင်းမွန်သည့် ဆက်နွှယ်မှုကို တည်ဆောက်ရန် ကြိုးပမ်းလျက် ရှိကြသည်။ ထိုကဲ့သို့ ဒေသတွင်းနိုင်ငံများအကြား  ရှိနှင့်ပြီးဖြစ်သည့် ရင်းနှီးသော ဆက်ဆံရေးအပေါ်တွင် အခြေပြု၍ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ယန္တရားများ တည်ထောင်ကာ ဒေသတွင်း  ပေါင်းစည်းမှု စွမ်းအားဖြင့် ကြုံတွေ့လာနိုင်သော ဖွံ့ဖြိုးတိုးတက်မှု၊  ကျန်းမာရေး၊ လုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ မမျှော်မှန်းနိုင်သော စိန် ခေါ်မှုများနှင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန်  ကြိုးပမ်းလျက် ရှိကြသည်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းအားဖြင့် ဒေသတွင်း နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ အပြန် အလှန် နားလည်မှု၊ လေးစား ယုံကြည်မှုများ တိုးပွားလာစေခြင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား  အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းအား ဖြင့် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားလာစေခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအဖွဲ့အစည်းများ နှင့် ပြည်သူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုတိုးမြင့်လာ သဖြင့် ရင်းနှီးဆက်နွှယ်မှုများ   ပိုမိုတိုးပွားလာစေခြင်း၊ နည်းပညာ၊ ဗဟုသုတနှင့် အကျိုးစီးပွားများ ပိုမိုမျှဝေနိုင်ခြင်း   စသောအကျိုး ကျေးဇူးများရရှိအောင် ပုံဖော်လာနိုင်ကြသည်ကို တွေ့ရှိရသည်။ 
မြန်မာနိုင်ငံ၏   ဒေသတွင်းအဖွဲ့အစည်းများနှင့်   ပူးပေါင်း ဆောင်ရွက်မှုများအနက် မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Co- operation-MLC)သည်  သိသာထင်ရှား သော ရလဒ်များဖြင့် အရှိန်အဟုန်မြှင့် လက်တွေ့ကျကျ လည်ပတ်နေ သည်ကို မျက်ဝါးထင်ထင် တွေ့ရှိရမည်ဖြစ်သည်။   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံက   အမြဲတမ်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျန်အဖွဲ့ဝင်နိုင်ငံများက အက္ခရာစဉ်အလိုက် ပူးတွဲ ဥက္ကဋ္ဌတာဝန်ကို နှစ်နှစ်လျှင်တစ်ကြိမ်  လွှဲပြောင်းလက်ခံဆောင် ရွက်ကြသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအကျိုးရလဒ်များ
မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှုသည် စီမံကိန်း အခြေပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ပြီး  ဒေသတွင်း မှီတင်းနေထိုင်သော   ပြည်သူများအတွက်   လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် လက်တွေ့အကျိုးကျေးဇူးရရှိရေးတို့ကို ဦးတည်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိခြင်းကြောင့် သိသာထင်ရှား သော ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ရရှိခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်း၏ အသိအမှတ်ပြုမှုများ ကိုရရှိခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သိပ္ပံနှင့်နည်းပညာ၊  ယဉ်ကျေးမှု၊   စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ် ကာ ကွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊  သစ်တော၊ နယ်စပ် ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနှင့်သမားရိုးကျ မဟုတ် သော လုံခြုံရေးကဏ္ဍ စသည့် ကျယ်ပြန့်လှသည့်  နယ်ပယ်ပေါင်းစုံ တွင် စီမံကိန်းများကို အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီးစီးခဲ့သော စီမံကိန်းများမှလည်း သိသာထင်ရှားသော အကျိုးရလဒ်များ ရရှိလျက်ရှိသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ပထမအကြိမ် နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၅ခုနှစ်  နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ကျင်းဟုန်မြို့၌ ကျင်းပခဲ့ပြီး မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်ကို နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင် Political and Security စီးပွားရေးနှင့် စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင်  (Economic and Sustainable Development)နှင့်  လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင်Social,Cultural and People-to-People Exchanges)စသည့် မဏ္ဍိုင်သုံးရပ်ဖြင့် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ 
ပထမအကြိမ် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးကို  ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ တွင် တရုတ်နိုင်ငံ ဆန်းယမြို့၌ ကျင်းပခဲ့ပြီး ဆန်းယ ကြေညာစာတမ်း Sanya Declaration))ကို  ထုတ်ပြန်ကြေညာကာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို  တရားဝင် စတင်ခဲ့သည်။ ဆန်းယ ကြေညာ စာတမ်းအရ မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံ များသည် ပေါင်းစည်းဆက်နွှယ်မှု(Connectivity))၊    ထုတ်လုပ်မှု စွမ်းရည်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု (Production Capacity Cooperation)၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Cross-border Economic Cooperation)၊ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုWater Resources)နှင့် စိုက်ပျိုးရေးနှင့်ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု(Agricultural and Poverty Reduction)ဟူသည့်  ဦးစားပေးနယ်ပယ် ငါးရပ်တွင် အဓိကထား ပူးပေါင်းဆောင်ရွက်လိုကြသည်။ ထို့ကြောင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မဏ္ဍိုင်သုံးရပ်နှင့်  ပူးပေါင်းဆောင် ရွက်မှုကဏ္ဍ ငါးခုတို့ကို ပေါင်းစပ်ကာ ၃+၅ မူဘောင် (၃+၅ င်္မောန-တသမု) ဟု သတ်မှတ်ခေါ်ဆိုခဲ့သည်။ 
၂၀၁၈ခုနှစ် ဇန်နဝါရီလအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် မြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ်  နိုင်ငံ့ခေါင်းဆောင်များ အစည်း အဝေးတွင်   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု   ငါးနှစ်တာ လုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၂၂ MLC Five-Year Plan of Action 2018-2022)ကို အတည်ပြုထုတ်ပြန်ခဲ့သည်။ အဆိုပါ လုပ်ငန်းအစီ အစဉ်အရ  ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊  ယဉ်ကျေးမှု၊ အကောက်ခွန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊   သစ်တော၊ ဘဏ္ဍာရေး၊ လျှပ်စစ်နှင့်စွမ်းအင်နှင့် သတင်းမီဒီယာ စသည့် ဦးစား ပေးနယ်ပယ် ၁၀ ခုကို ယခင် 3+5  မူဘောင်တွင် ထပ်မံထည့်သွင်း ခဲ့ပြီးနောက် 3+5+X  မူဘောင် 3+5+X Framework အဖြစ် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခဲ့သည်။ 
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် ဆန်းယ ကြေညာ စာတမ်းပါ အခြေခံမူ  (၇)ချက်ဖြစ်သည့် တူညီဆန္ဒ(Consensus)၊ ညီတူညီမျှရှိမှု (Equality)၊ အပြန်အလှန် အကြံပြုဆွေးနွေးမှုနှင့် ချိတ် ဆက်ညှိနှိုင်းဆောင်ရွက်မှု(Mutual Consul-tation and Coordi-nation))၊ မိမိဆန္ဒအလျောက်ပါဝင်မှု(Voluntarism)၊ အားလုံးမှ ပါဝင် ပူးပေါင်းထည့်ဝင်ဆောင်ရွက်မှု (Common Contribution)၊ အကျိုး အမြတ် မျှဝေခံစားမှုShared Benefits))နှင့် ကုလသမဂ္ဂ  ပဋိညာဉ် စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို လေးစားမှု  Respects for UN Charter and International Laws)တို့အပေါ်   အခြေခံ၍ ၃+၅+ဌ မူဘောင်နှင့်အညီ လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များကို ဖော်ဆောင်လျက်ရှိသည်။ 
ထိုကဲ့သို့ဒေသတွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ များ၏လူမှုဘဝသာယာလှပရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား  ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက်များကို လျှော့ချရေးနှင့်  အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့ကို ဦးတည်ဆောင်ရွက်ခဲ့ သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ခုနစ်နှစ်တာကာလ  ပြည့်မြောက်ခဲ့ပြီဖြစ် သည်။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ နှင့် စိုက်ပျိုးရေးအခြေပြု စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများအတွက် လူ့စွမ်း အားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍကို ဦးစားပေးဆောင်ရွက် လျက်ရှိသည်။     အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့်ကျွမ်းကျင်မှုများ မျှဝေခြင်း နှင့် အခြေခံအဆောက်အုံများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။ နေပြည်တော်တွင် ]]အမျိုးသား ကူးစက်ရောဂါကာကွယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ}}တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံက အကူအညီများ ပေးအပ်ခဲ့ပြီး အဆိုပါစင်တာသည် ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၆ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည်  ခုနစ်နှစ်တာကာလအတွင်း အခြေခံအဆင့်ကိုကျော်ဖြတ်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။  မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိကာလအတွင်း မဲခေါင်-လန်ချန်းနိုင်ငံများအား အထောက်အပံ့နှင့်အကူအညီများ ယနေ့တိုင်အထိ ပေးအပ်နေမှုအပေါ် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက်  အထောက်အကူပြုလျက်ရှိသည်။  မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးမူဝါဒတစ်ရပ်အနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ပေါင်းစည်း ဆက်နွှယ်မှုပြယုဂ်တစ်ခုအဖြစ် နိုင်ငံတကာမျက်နှာစာတွင် ခိုင်မာစွာရပ်တည်နိုင်ရန် စုပေါင်းအင်အားဖြင့် ကြိုးပမ်း သွားလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။
Source-http://www.lmcchina.org/mya/node_1009889.html
https://www.moi.gov.mm/news/49568
https://www.mdn.gov.mm/my/mnmaaniungngnnng-maikheng-lnkhn-puupengcheaang...

 

ငြိမ်းဝေနှင်း (ရန်ကုန်စားသုံး)