Main menu

Background

၂၀၂၃ ခုနှစ် ကမ္ဘာ့ဆန်ကုန်သွယ်မှုအပေါ် လေ့လာခြင်း

Mon, 01/01/2024 - 13:33 -- journal_editor

ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်အတွက် အဓိကအရေး ပါသော   ကမ္ဘာ့ဆန်စပါးကဏ္ဍတွင် ရာသီဥတုပြောင်းလဲမှုများနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ကဲ့သို့သော   အခြေအနေများနှင့် ရင်ဆိုင်နေ ရသည်။ ယခုနှစ် ကမ္ဘာ့ဆန်ဈေးကွက်မှာ ထုတ်လုပ်မှုများ ကျဆင်း ခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းများနှင့် အထူးသဖြင့် အာရှဈေးကွက် တွင် စားနပ်ရိက္ခာဖူလုံမှုအတွက် လွှမ်းမိုးထားခြင်းများ ဖြစ်ပေါ်လျက် ရှိနေသည်။ 
ကမ္ဘာ့ဆန်ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းနီးပါးရှိနေသည့် အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့ဆန်စပါးကုန်သွယ်မှုတွင်  အရေးပါသောအနေ အထားတွင်ရှိနေပြီး  ယခုနှစ်တွင်   ပြည်တွင်ဈေးနှုန်းတည်ငြိမ်ရန် ဘာစမာတီမဟုတ်သည့်ဆန်ဖြူများ တင်ပို့မှုကို  တားမြစ်မှုများရှိခဲ့ ခြင်းက ကမ္ဘာ့တစ်ဝန်းဈေးနှုန်းနှင့် စားနပ်ရိက္ခာဖူလုံမှုကို  စိုးရိမ်မှု များ ဖြစ်ပေါ်စေခဲ့ရာ အာရှနှင့်အာဖရိကနိုင်ငံများအတွက် အကျိုး ဆက်များ ဖြစ်ပေါ်လာခဲ့ရသည်။  တစ်ဖန်  ဆန်တင်ပို့မှုကိုလည်း နိုင်ငံများအပေါ် မူတည်၍ ကိုတာအသီးသီးဖြင့်  ခွင့်ပြုပေးခဲ့ခြင်းက  အမေရိကန်နှင့် ကနေဒါဒေသများသို့ပါ ဂယက်ထစေခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စုမှာ လူမျိုးပေါင်းစုံနေထိုင်လျက်ရှိပြီး မိုးနည်းပါးသည့် ရာသီဥတုကြောင့် ဆန်တင်သွင်းမှုအပေါ် များ စွာမှီခိုနေရသည့်နိုင်ငံဖြစ်သည်။ ပြည်တွင်း ဆန်ဖူလုံရန်အတွက် လည်း ဆန်တင်ပို့နေမှုနှင့် တင်သွင်းပြီး  ပြန်လည်တင်ပို့ရောင်းချမှုကို လေးလကြာ ပိတ်ပင်ထားခဲ့သည့်အတွက်ကြောင့် အရှေ့အလယ်ပိုင်း ဒေသမှာ ဆန်ဖြန့်ဖြူးရောင်းချနေသည့် ကွန်ရက်များအပေါ်  သက် ရောက်မှုရှိခဲ့ပြီး ဈေးနှုန်းအတက်အကျများ ဖြစ်စေခဲ့သည်။ 
ရုရှားနိုင်ငံသည် ဆန်ထုတ်လုပ်မှုကို တိုးချဲ့လုပ်ကိုင်လာသော် လည်း   ဆန်တင်ပို့မှုမှာ  နှစ်အတန်ကြာ အတက်အကျဖြစ်နေပြီး ပြည်တွင်းဝယ်လိုအားကို ဖြည့်တင်းရန်  ဆန်တင်သွင်းမှုကို မှီခိုနေရ ဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ပြည်ပကနေ  ဆန်တင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျှော့ချပေးရန်နှင့်   ကိုယ်တိုင်ဖူလုံမှုရှိစေရန်လည်း ရည်ရွယ်လာပြီး ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန်  ဆန်တင်ပို့မှု ပိတ်ပင်ခြင်းကို တိုးချဲ့ ဆောင်ရွက်လာခဲ့သည်။ ကမ္ဘာ့ဆန်ဈေးကွက် တွင် အဓိက ပါဝင်နေသူ မဟုတ်သော်လည်း အဆိုပါ ဆောင်ရွက်မှု ကအခြားနိုင်ငံများအတွက် ဆန်ရရှိနိုင်သည့်အရင်းအမြစ်များမျိုးစုံ ဖြစ်လာစေခဲ့သည်။
ယခုလို ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်တင်ပို့မှု ပိတ်ပင်တားမြစ် မှုများကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ရောင်းလိုအား သိသိသာသာ လျော့ကျလာစေခဲ့ပြီး ၁၅ နှစ်အတွင်း အမြင့်ဆုံးဈေးထိ ကြီးမြင့်လာစေ ခဲ့ရသည်။  အချို့ဆန်တင်သွင်းနိုင်ငံများက  ဝယ်လက်တစ်ဦးတည်း နိုင်ငံကို တည်မှီမနေကြတော့ဘဲ ဆန်အရင်းအမြစ်ရရှိနိုင်မယ့် နိုင်ငံ များကို ပြောင်းလဲရှာဖွေလာကြသည့်အတွက် ကမ္ဘာ့ဆန် ကုန်သွယ်မှု ရောင်းဝယ်ရေးပုံစံများ ရေရှည်ပြောင်းလဲမှုများ ဖြစ်လာစေနိုင်သည်။

ကမ္ဘာ့ဆန်စပါးလုပ်ငန်းကို ရှုမြင်ခြင်း
ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်အတွက် အဓိကအစားအစာ ဖြစ်သည့် ကမ္ဘာ့ဆန်စပါးလုပ်ငန်းသည်  ကမ္ဘာတစ်ဝန်းလုံးရှိသည့် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကကျသည့် အခန်းကဏ္ဍတွင် ရပ်တည် လျက်ရှိသည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ ဆန်ကုန်သွယ် ရောင်း ဝယ်ခြင်းနှင့် စားသုံးမှုပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြပါသည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို ဦးဆောင်နေသည့် တရုတ်၊ အိန္ဒိယ နှင့် အရှေ့တောင်အာရှက နိုင်ငံများသည် ဆန်စပါးကဏ္ဍလုပ်ငန်း တွင် ရှေ့ဆုံးမှ ရပ်တည်လျက်ရှိသည်။ ဈေးကွက်တွင်  ဆန်စပါးအမျိုး အစားများစွာ ရရှိနိုင်ပြီး ဘာစမာတီနှင့် စပါယ်ဆန်မွေးကဲ့သို့ လူသိ များပြီး ထူးခြားသည့် ဆန်အမျိုးအစားများကို ကမ္ဘာ့အနှံ့ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် သုံးစွဲလျက်ရှိကြသည်။    ဆန်တင်ပို့နိုင်ငံများအဖြစ် ထင်ရှားလှသည့် ထိုင်း၊ အိန္ဒိယနှင့် ဗီယက်နမ်တို့ကဲ့သို့ နိုင်ငံများမှာ ပြည်တွင်းဆန်ထုတ်လုပ်မှုကန့်သတ်ချက်များရှိနေသည့် ဒေသတွင်း နိုင်ငံများ၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံတကာဆန် ကုန် သွယ်မှုမှာ အားကောင်းလျက်ရှိသည်။   သို့ရာတွင်  ကမ္ဘာ့လူဦးရေ တိုးပွားလာမှုအတွက် မရှိမဖြစ် လိုအပ်နေသည့် ဆန်စပါးလုပ်ငန်းမှာ စိုက်ပျိုးရေးကဏ္ဍတွင် ရာသီဥတုပြောင်းလဲမှုများ၊ စိုက်ပျိုးရေးလုပ်ငန်း ရေရှည်တည်တံ့ရေးဆိုင်ရာ   ကိစ္စရပ်များနှင့်   ရင်ဆိုင်နေရသည်။ မည်သို့ပင်ဆိုစေ ခေတ်မီ တိုးတက်လာသည့် စိုက်ပျိုးရေး အလေ့ အကျင့်များနှင့် နည်းပညာတီထွင်ဆန်းသစ်မှုများက အဆိုပါ ကိစ္စရပ် များကို ဖြေရှင်းရာရောက်ပြီး အနာဂတ်   ကမ္ဘာ့ဆန်စပါးကဏ္ဍကို ပုံဖော်ပေးလျက်ရှိနေသည်။

ကမ္ဘာ့ဆန် ထုတ်လုပ်မှု
ကမ္ဘာ့ဆန်ထုတ်လုပ်နိုင်မှုသည် ကမ္ဘာတစ်ဝန်း စပါးစိုက်ပျိုးမှု များနှင့်  ရိတ်သိမ်းနိုင်မှုအခြေအနေများက လွှမ်းခြုံလျက်ရှိသည်။  လယ်ကွင်းများတွင် စပါးစိုက်ပျိုး ပြုစုထိန်းသိမ်းရခြင်းမှသည် ကုန် ချောထုတ်လုပ်သည်နှင့် စားသုံးသူလက်ဝယ်ဖြန့်ဖြူးရောင်းချသည် အထိ အမျိုးမျိုးရှုပ်ထွေးလှသည့် စိုက်ပျိုးရေးနယ်ပယ်ဖြစ်ပြီး ရာသီ ဥတုပြောင်းလဲမှု၊   နည်းပညာတိုးတက်မှု၊ စိုက်ပျိုးရေးအလေ့အကျင့် များ၊ အစိုးရ၏စည်းမျဉ်းစည်းကမ်းများ အစရှိသည်တို့က ဆန်ထုတ် လုပ်မှုအပေါ် သက်ရောက်လျက်ရှိပါသည်။ 
အမေရိကန်စိုက်ပျိုးရေးဌာန၏ထုတ်ပြန်ချက်အရ  ၂၀၂၂/ ၂၀၂၃  ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည်  တန်ချိန် ၅၁၃ ဒသမ ၆ သန်းရှိပြီး ၂၀၂၃ခုနှစ်အတွင်း    ထုတ်လုပ်မှု  ကျဆင်းခဲ့သည့်အတွက် ဆန် ဈေးနှုန်းမြင့်တက်ခဲ့၍ ကမ္ဘာ့လူဦးရေ ၃ ဒသမ၅ ဘီလီယံအတွက် ထိခိုက်မှုဖြစ်ခဲ့ရသည်။ နှစ်ပေါင်း ၂၀ကာလအတွင်း ကမ္ဘာ့ဆန်ဈေး ကွက်တွင်  လိုအပ်ချက် အကြီးမားဆုံးဖြစ်ခဲ့ပြီး  ယူကရိန်းပဋိပက္ခ၊ တရုတ်နှင့် ပါကစ္စတန်တို့ကဲ့သို့  ဆန်ထုတ်လုပ်သည့်နိုင်ငံများတွင် ရာသီဥတုဆိုးရွားခဲ့ခြင်းတို့ကြောင့်    ကုန်ကျစရိတ်သက်သာသော အစားထိုးသီးနှံအဖြစ် ဆန်ဝယ်လိုအား ကြီးမားလာခဲ့ခြင်းဖြစ်သည်။ 
၂၀၂၃-၂၀၂၄ ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၅၁၈ ဒသမ ၁ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး  ၂၀၂၂/၂၀၂၃  ထုတ် လုပ်မှုနှင့် နှိုင်းယှဉ်ပါက  တန်ချိန် ၄ ဒသမ ၅ သန်း  တိုးလာမည်ဟု မျှော်မှန်းထား သည်။ သြစတြေးလျ၊ မြန်မာ၊ တရုတ်၊ အီဂျစ်၊ အီးယူ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ရုရှား၊ သီရိလင်္ကာ၊ တန်ဇန်းနီးယားနှင့် အမေရိကန်တို့မှာ ထုတ်လုပ်မှုတိုးလာမည်ဟု မျှော်မှန်းထားပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂ လားဒေ့ရှ်၊ အမေရိကန်နှင့် ဘရာဇီးတို့က ထုတ်လုပ်မှု တွင် ထိပ်ဆုံး၌ ရှိနေမည့်နိုင်ငံများအဖြစ် ခန့်မှန်းရသည်။

ကမ္ဘာ့ဆန် စားသုံးမှု
စားသုံးမှုအလေ့အထများနှင့် အစားအသောက်ဖူလုံ လောက်င မှုအတွက် ဆန်စားသုံးမှုသည် အရေးပါသောကဏ္ဍတွင်   ရှိနေ သည်။ အဓိက အစားအစာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေ၍ လူဦးရေ ဘီလီယံပေါင်းများစွာ အထူးသဖြင့် အာရှဒေသ၌ စားဝတ် နေရေးအတွက် အဓိကအာဟာရဖြစ်သည့် အစားအစာအရင်းအမြစ် လည်းဖြစ်သည်။ 
ဆန်စားသုံးမှုအပေါ် လွှမ်းမိုးနေသော အချက်များ၊ ဆန်ထုတ် လုပ်မှုများ၊ ဈေးကွက်ပြောင်းလဲမှုများက  ကမ္ဘာအနှံ့အပြား   အစား အသောက်များ ရွေးချယ်စားသုံးလာခြင်း၊  စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးတည်ငြိမ်မှုတို့အတွက်  မရှိမဖြစ်   လိုအပ်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် ဆန်ရောင်းလိုအား ကျဆင်းခဲ့၍  စားသုံးသူများ အထူးသဖြင့် ကမ္ဘာ့ဆန်စားသုံးမှု၏ ၉၀ ရာခိုင်နှုန်းရှိသော   အာရှ-ပစိဖိတ်ဒေသမှာ အခက်အခဲဖြစ်စေခဲ့သည်။

ကမ္ဘာ့ဆန် ကုန်သွယ်မှု
ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍအနေအထားများနှင့်   နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှုမှာ ဆန်ကုန်သွယ်မှုအခန်းကဏ္ဍသည် အရေး ကြီးသောအခန်းကဏ္ဍ၌ရှိနေပြီး ကမ္ဘာ့ဆန် ကုန်သွယ်မှုသည် အစိုးရ များ၏မူဝါဒများ၊    နိုင်ငံတကာသဘောတူညီချက်များ၊ ဈေးကွက် အခြေအနေများနှင့် ရောင်းလိုအားကွင်းဆက်များ အပါအဝင် အပြန် အလှန်ဆက်သွယ်မှု ကွန်ရက်များ ရှုပ်ထွေးလျက်ရှိသည်။ ဆန်ကုန် သွယ်မှုအခြေအနေများသည် စားနပ်ရိက္ခာဖူလုံရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ကမ္ဘာ့ဆန် လိုအပ်ချက် စကေးများအတိုင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့ရေးအတွက် အရေးကြီးလှပါ သည်။
ှီ့ဗ ၏ စက်တင်ဘာလထုတ်ပြန်ချက်အရ ၂၀၂၂-၂၀၂၃  တွက် ကမ္ဘာ့ဆန် ကုန်သွယ်မှုမှာ တန်ချိန် ၅၃ ဒသမ ၁ သန်းရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ က ကုန်သွယ်ခဲ့မှု တန်ချိန်   ၅၆ ဒသမ ၁ သန်းထက် ၅ ဒသမ၃၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ ၂၀၂၃-၂၀၂၄တွင် တန်ချိန် ၅၂ ဒသမ ၁ သန်းရှိမည်ဟု     ခန့်မှန်းထားပြီး ၂၀၂၂-၂၀၂၃  ထက် ၁ ဒသမ ၈၈ ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည်ဟုလည်း မှန်းဆထား ပါကြောင်း သိရှိရသည်။                    

  Source: www.tridge.com

ရီရီဝင်း