Main menu

Background

အစားအစာများတွင် မှိုဖြစ်ပွားမှုလျှော့ချကင်းစင်ရေး အလေးထားဆောင်ရွက်ပေး

Mon, 01/01/2024 - 13:53 -- journal_editor

လူတို့ တစ်နေ့တာ  အသက်ရှင်နေထိုင် လှုပ်ရှားသွားလာရန် အတွက် နေ့စဉ်မပါမဖြစ် စားသောက်ရသည့် အစားအစာများသည် သန့်ရှင်းမှုရှိရန် လိုအပ်ပါသည်။ ]သန့်ရှင်းကျန်းမာ ဘေးကင်းကွာ} ဟုဆိုသည့်အတိုင်း သန့်ရှင်းသည့်အစားအစာကို စားသုံးမှသာလျှင် ဘေးအန္တရာယ်  ကင်းရှင်းပြီး ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေမည်ဖြစ်သည်။ အစားအစာများ ဘေးရှင်းရေး၊ သန့်ရှင်း ရေးအတွက် မှိုဖြစ်ပွားမှုမရှိစေရန်မှာ အရေးကြီးသည့် အချက်တစ်ခု ဖြစ်သည်။ မှိုသည် လိုအပ်သောလေနှင့် အစို ဓာတ်တို့ရရှိပါက အစား အစာများတွင် ရှင်သန်ပေါက်ပွားနိုင်သည်။ မှိုများ အလွယ်တကူ ရှင်သန်ပေါက်ပွားနိုင်သော အစားအစာများမှာ ပေါင်မုန့်၊ ထောပတ်၊ အခွံမာသစ်သီးများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အသားတို့ဖြစ်သည်။
ပေါင်မုန့်နှင့် ထောပတ်တို့တွင် မှိုများသည် အလွယ်တကူဖြစ် လွယ်နိုင်သောကြောင့် အစားအစာ အမျိုးအစားအလိုက် ထောက်ခံ အကြံပြုထားသော နည်းလမ်းများအတိုင်း သိုလှောင်ထားရန် လိုအပ် သည်။ အစားအစာများကို သက်တမ်းကြာရှည်စွာ အထားခံနိုင်ရန် အတွက် အေးခဲခြင်းနှင့် အခြောက်ခံခြင်း ပြုလုပ်လေ့ရှိသော်လည်း အေးခဲထားသည့်အစားအစာ frozen food)နှင့် အခြောက် ခံထား သည့်အစားအစာ (dried food) များ တွင် မှိုများဝင်ရောက်သည့်အခါ အစားအစာများကို ဆိုးရွားစွာပျက်စီးစေနိုင်သည်။ 
ထို့အပြင် သာမန်သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို အပူချိန် သုည ဒီဂရီစင်တီဂရိတ် (သို့) ၃၂ ဒီဂရီဖာရင်ဟိုက်တွင် သို လှောင်သင့်ပြီး၊  အအေးဒဏ်မခံနိုင်သော   သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို အပူချိန်(၁၀-၂၀) ဒီဂရီစင်တီဂရိတ် (သို့) (၅၀-၅၄) ဒီဂရီဖာရင်ဟိုက်တွင်   သိုလှောင် သင့်သည်။ အပူပိုင်းဒေသ များရှိ သိုလှောင်သီးနှံရုံများကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(င်္ဗဥ)၏ ထောက်ခံအကြံပြုထားသော  နည်းလမ်းများအတိုင်း အသုံးပြုသင့် သည်။ 
အစားအစာများတွင် အဏုဇီဝပိုးမွှား (microorganisms) များ ဝင်ရောက်ခဲ့ပါက မှိုfugus)များကိုဖြစ်ပေါ်စေနိုင်သည့်အပြင် ပုပ်သိုး ဆွေးမြည့်ခြင်းspoilage) ကိုလည်း ဖြစ်ပေါ်စေသည်။ ပုပ်သိုးနေ သော စားသောက်ကုန်ပစ္စည်းတစ်ခုကို စားသုံးသူ ပြည်သူများအနေ ဖြင့် စားသုံး မိပါက အစာအဆိပ်သင့်ခြင်း ရောဂါကိုခံစားရနိုင်သည်။ ယင်း အခြေအနေမျိုးသည် စားသောက်ကုန်ပစ္စည်းများတွင် ဘေး ထွက်ဆိုးကျိုး side effect))၊ ပြင်ပဆိုးကျိုးများ (outside factors) နှင့် စားသောက် ကုန်ပစ္စည်းများကို ထုပ်ပိုးပြီးနောက် သိုလှောင်ထိန်းသိမ်း ထားသည့် ပုံစံပေါ်လည်းမူတည်သည်။ ကမ္ဘာတစ်ဝန်းထုတ်လုပ်သော စားသာက်ကုန်များ၏ သုံးပုံတစ်ပုံခန့်သည် ပုပ်သိုးဆွေးမြည့်ခြင်းအပါ အဝင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး၍   စားသုံးနိုင်မှုမရှိဘဲ ဆုံးရှုံးလျက်ရှိကြောင်း လေ့လာမှု စစ်တမ်းများအရ သိရသည်။
နေ့စဉ် စားသုံးသည့် အစားအစာများ၊ ဟင်းသီးဟင်းရွက်များနှင့်  သစ်သီးဝလံများတွင် ဖြစ် ပေါ်ကျရောက်တက်သော မှိုများ၊ ဘက်တီး ရီးယားများနှင့် အဏုဇီဝပိုးများ မြောက်များစွာရှိသည်။ ဥပမာ- စပျစ် သီးနှင့် စတော်ဘယ်ရီသီးများတွင် ဘောထရီးတစ် (Botrytis)၊ ရိုင်ဇိုး ပတ်စ် Rhizopous)နှင့် အက်စပါးဂျီးလပ်စ် (Aspergillus Fungi) စသည့် မှိုရောဂါများ ကျရောက်တတ်ပြီး ပေါင်မုန့်နှင့်ဂေါ်ဖီထုပ်တို့ တွင် အက်စပါးဂျီးလပ်စ် (Aspergillus Fungi)၊ ပင်နီဆီလီယမ် Penicillium)၊    ဖြူဆေးလ်ရီယမ်  (Fusarium)နှင့် မြူကော့ရ် (Mucor)နှင့် ပန်းဂေါ်ဖီထုပ်တွင် မြူ့ရ်ဒရူးဒ် (Mildweစသည့် မှို ရောဂါများ ကျရောက်တတ်သည်။ အသားများတွင် ခရိုင်တိုလ်ကိုး ကပ်စ် (Crytococcus)၊ ဘူးလ်လီရာအ် (Bullera))၊ ဝေလ်လီအိုဖ်စစ် Williopsis) နှင့် စခရိုရ်မိုက်စီးစ် Saccharamyce) စသော မှိုရောဂါ များ ကျရောက်တတ်သည်။ 
မှိုထဲတွင်  အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်းများ ပါဝင်သောကြောင့်  မှိုတက်နေ သော အစားအစာများကိုစားသုံးမိပါ က အသည်းထိခိုက်ပျက်စီးခြင်း၊ အော့အန်ခြင်း၊ ကိုယ်လက် မအီ မသာဖြစ်ခြင်းတို့ ဖြစ်ပွားတတ်သည်။ ထိုကဲ့သို့ ဖြစ်ပွားရခြင်းမှာလည်း အသက်အရွယ်နှင့်  ကိုယ်ခံစွမ်းအားပေါ်တွင်လည်း မူတည်သည်။ ထို့အပြင် မှိုထဲတွင်ရှိနေသည့် ဘက်တီးရီးယားများသည်လည်း အစာအဆိပ်သင့်စေသည့် ရောဂါလက္ခဏ များကိုဖြစ်ပေါ်စေ သည်။ 
အစားအစာတစ်ခုခုစားသုံးပြီးသည့်အခါ ကိုယ်လက်မအီ မသာဖြစ်ခြင်း၊ မူးဝေအော့အန်ခြင်းတို့ခံစားရပြီဆိုလျှင် ၎င်းအခြေ အနေသည် အစာအဆိပ်သင့်သည့် လက္ခဏာတစ်ရပ်ဖြစ်သည်။ ထို့အပြင် မှိုတက်နေသည့် အစားအစာများကို ထိတွေ့ကိုင်တွယ်ရုံဖြင့် အရေပြားယားယံခြင်း၊ မျက်ရည်ကျခြင်း၊ အင်ပျဉ်ထခြင်း၊ အနီစက် ထခြင်း၊ အသက်ရှူမဝခြင်း၊ နှာရည်ယိုခြင်း (သို့) နှာခေါင်းပိတ်ခြင်း စသည့်ရောဂါလက္ခဏာများကို ခံစားရနိုင်ပါသည်။ 
မှိုကျရောက်ခြင်းကို လွယ်ကူရိုးရှင်းသော နည်းလမ်းများဖြင့် လည်း တားဆီးကာကွယ်နိုင်သည်။ ၎င်းနည်းလမ်းများမှာ အစား အစာများကို သင့်လျော်စွာသိုလှောင်ခြင်း (store food properly) ၊ အစားအစာများကို ပုံမှန်စစ်ဆေးခြင်း(check food regularly) ၊ အစား အစာများကို မြန်မြန်ဆန်ဆန်စားသုံးခြင်း(Use food quickly)နှင့် ထိတွေ့မည့် မျက်နှာပြင် ဧရိယာများကို သန့်ရှင်းအောင်ထိန်းသိမ်း ခြင်း (keep surfaces clean) တို့ဖြစ်သည်။ ထိုသို့ကာကွယ်ခြင်းဖြင့် လူသားတို့၏ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ရုံသာမက နေ့စဉ်စား သုံးမည့် အစားအစာများအပေါ်တွင်လည်း ပိုမိုလုံခြုံစိတ်ချမှုကိုပေး စွမ်းနိုင်သည်။  ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားသော အစားအစာ (artificial foods)များနှင့် ကြာရှည်ခံအောင် ပြုလုပ်ထားသော အစား အစာ (preserved foods)များတွင် မှိုကျရောက်မှု မရှိစေရန်နှင့် ပုပ်သိုးမှုမဖြစ်စေရန်  ပါဝင်ရမည့်ရေဓာတ်ပမာဏကို လျှော့ချခြင်း များ ပြုလုပ်သင့်သည်။ ရေဓာတ်လျှော့ချခြင်းနည်းသည် အစားအစာ  များကို   ကြာရှည်ခံအောင်  ပြုလုပ်ရာတွင် ရှေးကျသော်လည်း ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။ 
အစားအစာများကို ရေဓာတ်လျှော့ချခြင်း (သို့) အခြောက်ခံ ခြင်းတို့ ပြုလုပ်ရာတွင် အမျိုးမျိုးသော နည်းလမ်းများဖြစ်သည့် နေရောင်ခြည်အသုံးပြုခြင်း၊ သဘာဝမှရရှိသော ‌လေအသုံး ပြုခြင်း၊ ဆိုလာ အသုံးပြုခြင်း၊ မိုက်ခရိုဝေ့ အသုံးပြုခြင်းနှင့် လျှပ်စစ်ဓာတ်အသုံး ပြုခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။ 
နေရောင်ခြည်ကိုအသုံးပြု၍   ရေဓာတ်လျှော့ချသည့်အခါ အစားအစာထဲတွင် စိုထိုင်းဆ မြင့်နေမည်ဆိုပါက ခြောက်သွေ့ရန် အတွက် အနည်းဆုံး  သုံးရက်မှ လေးရက်ထိ ထိတွေ့အခြောက်ခံ ခြင်းများပြုလုပ်ရသည်။ ထို့အပြင် နေရောင်ခြည်ဖြင့် အခြောက်ခံပြီး ရေဓာတ် လျှော့ချရာတွင် စိုထိုင်းဆသည် ၂၀ ရာခိုင်နှုန်းအောက်တွင် ရှိနေရမည်ဖြစ်ပြီး တိုက်ရိုက်ထိတွေ့သည့်နေရာတွင် ထားရှိရန်လည်း လိုအပ်သည်။ 
သဘာဝမှရရှိသောလေကို အသုံးပြု၍ ရေဓာတ်လျှော့ချပြီး အခြောက်ခံရာတွင် လေဝင် လေထွက်ကောင်းသည့် အမိုးအောက် ထပ်ခိုးကဲ့သို့နေရာမျိုး(သို့) ဆင်ဝင်အောက်ကဲ့သို့ နေရာမျိုးတွင် အပေါက်ပါသော ဆန်ခါအမျိုးအစားများကို အသုံးပြု၍ အခြောက်ခံ နိုင်သည်။ ဤနည်းဖြင့် ရေဓာတ်လျှော့ချခြင်းကို ဟင်းခတ်အမွှေး အကြိုင်များ အခြောက်ခံရာတွင် အဓိကအများဆုံး အသုံးပြုကြသည်။ ထိုသို့ အခြောက်ခံပြီးနောက်ပိုင်းတွင်လည်း အခြောက်ခံထားသည့် ပစ္စည်းများကို ဖုန်မှုန့်နှင့် အခြားသော  အညစ်အကြေးများမှ ကာ ကွယ်ရန်အတွက် စက္ကူအိတ်များကိုအသုံးပြု၍  ထိန်းသိမ်းသိုလှောင် သင့်သည်။   
ဆိုလာကို အသုံးပြု၍အခြောက်ခံရာတွင် နေရောင်ခြည်မှရရှိ သော စွမ်းအင်ကိုစုဝေးပြီး  လေအပူအဖြစ်သို့ တစ်ဖန်ပြောင်းလဲပြီး ၎င်းစွမ်းအင်ကို အစားအစာနှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို ရေဓာတ်လျှော့ချရာတွင် အသုံးပြုနိုင်သည်။ ဆိုလာကို အသုံးပြု၍ နေရောင်ခြည်ဖြင့် တိုက်ရိုက်ထိတွေ့အခြောက်ခံခြင်းနှင့် တိုက်ရိုက် ထိတွေ့မှု မဟုတ်သော အခြောက်ခံခြင်းဟူ၍ နှစ်မျိုးရှိသည်။ တိုက် ရိုက်အခြောက်ခံခြင်းပြုလုပ်ရာတွင်လည်း စားသောက်ကုန်ပစ္စည်း များကို ရွက်ဖျင်တဲထိုးထားသည့် မိုးကာတဲအောက်တွင် (သို့) ဖန်ဖြင့် ပြုလုပ်ထားသော သေတ္တာကဲ့သို့ အရာများကို အသုံးပြု၍ နေရောင် ခြည်မှရရှိသော စွမ်းအင်ကို  တိုက်ရိုက်ထိတွေ့ခြင်းဖြင့် ရေဓာတ် ပါဝင်မှုကို လျှော့ချနိုင်သည်။         
နေရောင်ခြည်နှင့်  တိုက်ရိုက်ထိတွေ့မှုမရှိသည့် အခြောက်ခံ ခြင်းနည်းတွင် စုပ်ယူနိုင်သည့် အနက်ရောင် မျက်နှာပြင် ဧရိယာ နှင့်အတူ လျှပ်ကာအုပ်ကာထားသည့် သေတ္တာ၌ လေဝင်လေပေါက် ထားရှိရမည်ဖြစ်သည်။ ထို့အပြင် အစားအစာများကို ဆိုလာဖြင့် အခြောက်ခံခြင်းနည်းသည် စားသောက်ကုန်တစ်ခု၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိဖြစ်သည့်  အနံ့၊ အရသာနှင့် သက်တမ်းကိုလည်း ပိုမို ကောင်းမွန်စွာ ထိန်းပေးနိုင်ပြီး စားသောက်ကုန်တစ်ခု၏ တန်ဖိုးကို လည်းပို၍ မြင့်တက်စေနိုင်သည်။
မိုက်ခရိုဝေ့ကိုအသုံးပြု၍ ရေဓာတ်လျှော့ချ အခြောက်ခံခြင်း နည်းသည် အနည်းငယ်သော ဟင်းခတ်အမွှေးအကြိုင်နှင့် ဟင်းသီး ဟင်းရွက်အချို့ အခြောက်ခံရန်လျင်မြန်သော နည်းလမ်းတစ်ခုဖြစ် ပြီး လျှပ်စစ်ကိုသုံး၍ အခြောက်ခံခြင်းသည် အခြားသော အခြောက် ခံခြင်းနည်းလမ်းများထက် ထုတ်ကုန်များကို အခြောက်ခံရာတွင် ပိုမို ကောင်းမွန်သည့် အရည်အသွေးတစ်ခုကို ထုတ်လုပ်ပေးနိုင်သည်။
လျှပ်စစ်သုံး အခြောက်ခံစက်ကို အသုံးပြု၍အခြောက်ခံရာတွင် အပူဓာတ်ရရှိရန် အရင်းအမြစ်၊ လေဝင်လေထွက်စနစ်နှင့် အစား အစာများတင်ပြီး အခြောက်ခံရန်အတွက် စင်များ အစရှိသောအစိတ် အပိုင်းများ ပါဝင်သည့်အတွက် ပြီးပြည့်စုံသည်။ လျှပ်စစ်အခြောက်ခံ စက်ကို အသုံးပြုသည့်အခါ ကိုင်တွယ်ပြုလုပ်သူ၏ ကျွမ်းကျင်မှုနှင့် စက်အမျိုးအစားပေါ် ပြောင်းလဲပြီး  လိုချင်သည့် လုပ်ဆောင်ချက် များကို ရွေးချယ်ပြုလုပ်နိုင်သည်။ 
သို့ဖြစ်ပါ၍ အစားအစာများတွင် မှိုပါဝင်မှုလျော့ပါးသက်သာ စေရန် နည်းလမ်းများစွာထဲမှ အထက်ဖော်ပြပါ နည်းလမ်းများကို အသုံးပြု၍ လျှော့ချနိုင်သည်။ ရောဂါအန္တရာယ်ကင်းဝေးပြီး ပြည်သူ များ နေ့စဉ်စားသုံးသော အစားအစာများသည် မှိုဖြစ်ပွားမှုရှိမနေ စေရန်လွန်စွာအရေးကြီးသည်။ သို့မှသာ ပြည်သူများအနေဖြင့် အစားအစာများကို ဝယ်ယူစားသုံးသည့်အခါ  လုံခြုံစိတ်ချမှုရှိစေ သည့်အပြင် ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မှိုပါဝင်မှု လျော့ပါးသက်သာစေရန်နှင့် မှိုကင်းစင်သော အစားအစာများ ထုတ်လုပ်စားသုံးနိုင်ကြပါစေကြောင်း တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။

 

ယုယုအောင် (CTQM)