Main menu

Background

စားဆီဈေးမြင့်တက်ခြင်းမဖြစ်စေလိုပါ

Mon, 04/01/2024 - 10:12 -- journal_editor

အိမ်ထောင်စုတစ်ခုအတွက် မီးဖိုချောင်စရိတ်က အဓိကဟု ပြောရမည် ထင်ပါသည်။ အသက်ရှင်ရပ်တည်ရေးအတွက် စားဝတ် နေရေးလိုအပ်သည်။ စားဝတ်နေရေးတွင် စားရေးက ထိပ်ဆုံး လိုအပ် ချက်ဖြစ်သည်။ ထို့ကြောင့်ပင် ဝင်ငွေရှာကြသည့်အခါ  စားစရိတ် ဖန်တီးရခြင်းက   ပင်မဖြစ်လာသည်။   မီးဖိုချောင်စားရိတ်ခေါ် စားစရိတ်ကိုကြည့်လျှင် အခြေခံစားသောက်ကုန် ကိုးမျိုးအတွက် မဖြစ်မနေ ကုန်ကျကြသည်။ ဆန်၊ စားဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ အသား နှင့် ငါးများ၊ ကြက်ဥ၊ ဘဲဥများ၊ ပဲမျိုးစုံ အစို၊ အခြောက်များနှင့် သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်များဖြစ်ကြ သည်။ ဤကိုးမျိုးတွင် စားဆီသည် အရေးကြီးမှု အဆင့်အနေဖြင့် နံပါတ်(၂)တွင်ရှိသည်။ ဆန်ကမူ မရှိမဖြစ် လိုအပ်ချက်ဖြစ်သကဲ့သို့ ဆီမှာလည်း လူ၏ကျန်းမာရေးနှင့် လိုအပ်သော စွမ်းအင်အတွက် ဆီကို စားသုံးကြရသည်။ ဆီမပါလျှင် မဖြစ်သည့် မီးဖိုချောင်စရိတ်တွင် ဆီဈေးနှုန်းများသည် ယခင်နှစ်က များစွာဈေးတက်ခဲ့သည်ကို တွေ့ ကြုံခဲ့ရပြီးဖြစ်သည်။ ယခုနှစ်တွင် ထိုသို့မြင့်တက်ခြင်း မဖြစ်စေလိုပါ။ 
စားသုံးဆီဈေးနှုန်းများသည် ကိုဗစ်(၁၉) ရောဂါဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး လှုပ်ခတ်ခဲ့သည်ဟု ဆိုနိုင်သည်။ ၂၀၂၁ ခုနှစ်တွင် စားအုန်းဆီထုတ်လုပ်သော နိုင်ငံများတွင် အထူးသဖြင့် ပြည်ပလုပ်သားများကို အားကိုးရသော မလေးရှားနိုင်ငံတွင် စားအုန်း ဆီထုတ်လုပ်မှု ကျဆင်းခဲ့သည်ဟုဆိုသည်။ ထိုအချက်များကိုမှီ၍ စားအုန်းဆီဈေးနှုန်းများ   ဈေးမြင့်တက်လာသည်။  ထို့နောက် ယူကရိန်းတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် နေကြာစိုက်ပျိုးထုတ် လုပ်မှုကျဆင်းပြီး နေကြာဆီဈေးများသည် ၂၀၂၁ ခုနှစ် နှစ်ဆန်း ပိုင်းတွင် စတင်မြင့်တက်လာပြီး နေကြာဆီနောက်မှ ပဲပုပ်ဆီနှင့် စား အုန်းဆီဈေးများသည် အသီးသီး လိုက်လံမြင့်တက်ခဲ့သည်။ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးတွင် ကမ္ဘာ့စားသုံးဆီ ဈေးနှုန်းများမှာ ဆက်လက် မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက် ဘရာဇီးအပါအဝင် တောင်  အမေရိကနိုင်ငံများတွင် ရာသီဥတုကြောင့် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းသည်ကို ကြုံတွေ့ခဲ့ရသည်။ အကျိုးဆက်အဖြစ် ပဲပုပ် စားသုံးသော နိုင်ငံများတွင် အထောက်အကူအဖြစ် စားအုန်းဆီနှင့် နေကြာဆီများကို ဖြည့် တင်းလာကြသည်ကို တွေ့ရသည်။ 
ထို့နောက်ပိုင်းတွင်  ရုရှားနှင့် ယူကရိန်းတို့၏ စစ်ပွဲကြောင့် နေကြာဆီထုတ်လုပ်မှုကို များစွာထိခိုက်ပြီး နေကြာဆီဈေးများလည်း မြင့်တက်လာခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား နိုင်ငံမှ စားအုန်းဆီတင်သွင်းမှုကို ကန့်သတ်မည်ဟူသော သတင်း စကားကြောင့် အင်ဒိုနီးရှားမှ စားအုန်းဆီတင်သွင်းသော နိုင်ငံများ အတွက် အခက်အခဲများ ရင်ဆိုင်ရမည်ကို စိုးရွံ့လာကြကြောင်း သိရှိ ခဲ့သည်။ ထို့နောက်တွင်   အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီပို့ကုန် ကုမ္ပဏီများကို အခွန်တိုးမြှင့် ကောက်ခံခြင်းများ ဆောင်ရွက်ခဲ့သဖြင့် စားအုန်းဆီဈေးနှုန်းသည် ပြန်လည်ကျဆင်းသည့် အခြေအနေသို့ မရောက်တော့ကြောင်း တွေ့နိုင်သည်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်တက်မှုကလည်း စားအုန်းဆီဈေးနှုန်းများအပေါ် သက် ရောက်မှု ကြီးမားသည်။ စားအုန်းဆီကြမ်းသည် ငြသ-်ကနူ  ထုတ်လုပ်ရေးတွင် အသုံးဝင်သည်နှင့်အမျှ လိုက်ပါမြင့်တက်မှုများ ဖြစ်ပေါ်သည်ကို တွေ့နိုင်သည်။ တစ်ဖက်တွင်လည်း ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်များ မြင့်တက်သည်နှင့်အမျှ စားအုန်းဆီဈေးနှုန်းများသည်လည်း တွဲလျက် မြင့်တက်လာသည်။ 
မြန်မာနိုင်ငံတွင် စားအုန်းဆီတင်သွင်းမှုများကို ၂၀၂၀ ပြည့် နှစ်အထိ တန်ချိန် ၈၀ဝ၀ဝ၀ ကျော် တင်သွင်းခဲ့သော်လည်း နိုင်ငံခြား ငွေယိုပေါက်များ   လျော့ကျစေရန်နှင့် ပြည်တွင်းဆီထွက်သီးနှံများ  ပိုမိုထုတ်လုပ်လာစေရန်ရည်ရွယ်ပြီး ပြည်ပမှ စားသုံးဆီများ တင် သွင်းခြင်းကို ကိုတာစနစ်ဖြင့် လိုင်စင်ချထားပေးခြင်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံ တော်အနေဖြင့်   တင်သွင်းမှုများ   လျှော့ချသည်ဆိုသော်လည်း လုပ်သားပြည်သူများအတွက်  လောက်ငသော အရေအတွက်ကို ချင့် ချိန်တင်သွင်းစေခြင်းဖြစ်သဖြင့် စားသုံးရန် ဖူလုံမှုရှိရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ဈေးနှုန်းများကြီးမြင့်မှု မရှိစေရေးအတွက် နိုင်ငံ ခြားငွေ အမေရိကန်ဒေါ်လာကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်း ချပေးခဲ့သည်မှာ  ယခုအချိန်အထိဖြစ်သည်။ ထိုသို့ ဆောင်ရွက် ပေးလျက်ရှိသည့်ကြားမှ အချို့သော ဈေးကစားသည့် လုပ်ငန်းရှင်များ နှင့် ဆီသိုလှောင်သူများကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဈေးနှုန်း များမြင့်တက်လာပြီး သြဂုတ်လတွင် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ခန့်အထိ ဈေးများဖြစ်ပေါ်ခဲ့သည်။ ထိုသို့မြင့်တက်ခဲ့ ခြင်းသည်  ကျြငညနျ နအ့ငချ စီးပွားရေးကျင့်ဝတ်များကို ထိန်းသိမ်း မှုမပြုပဲ ကိုယ်ကျိုးစီးပွားကိုသာကြည့်သည့် လုပ်ငန်းရှင်အချို့ကြောင့်  ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။  နိုင်ငံတော်မှ သေချာစွာကြပ်မတ် ထိန်း သိမ်းမှု များကို ပြုလုပ်ခဲ့ပြီး ဆီတင်သွင်းသည့် သွင်းကုန်ကုမ္ပဏီများကို  နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဆက်လက်ရောင်းချပေးလျက်ရှိ သည့်အပြင် ဖြန့်ဖြူးမှုများတွင်လည်း သိုလှောင်ဈေးကစားသူများ မရှိစေရန်အတွက် ကုန်ဈေးနှုန်း ကြီးကြပ်ရေးကော်မတီများ၏ ဦး ဆောင်မှုဖြင့် အမှန်တကယ် ဆီရောင်းချသူများ၊ ဆီအရောင်းဆိုင်များ အား စာရင်းကောက်ယူ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ထုတ်ပြန်သော လူဦးရေစာရင်းပေါ်တွင် အခြေခံသည့် တိုင်း ဒေသကြီး၊ ပြည်နယ်အလိုက် စားအုန်းဆီများကို ဖြန့်ဖြူးပေးခဲ့သဖြင့် စားအုန်းဆီဈေးနှုန်းများသည် မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ် တွင်မဆို ရည်ညွှန်းဈေးဖြင့် များစွာကွာခြားခြင်းမရှိသည်ကို  တွေ့နိုင် သည်။ 
ဤနေရာတွင် ရည်ညွှန်းဈေးများကို မည်သို့မည်ပုံ တွက်ချက် ထုတ်ပြန်သည်ကို အကြမ်းမျှတင်ပြလိုပါသည်။ အဘယ်ကြောင့်ဆိုရ လျှင် ရည်ညွှန်းဈေးများကို  ထုတ်ပြန်ချင်သလို ထုတ်ပြန်ခြင်းမျိုး၊ ရောင်းချစေခြင်းမျိုးမဟုတ်ဘဲ သေချာစွာ ချင့်ချိန်တွက်ချက်ပေးခဲ့ ခြင်းဖြစ်သည်။ အခြေခံမှာ အင်ဒိုနီးရှားနိုင်ငံထံမှ ဝယ်ဈေးနှုန်း (င်္ဃှု)ဈေးနှုန်း (ကုန်ချဆိပ်ကမ်းအရောက် အာမခံချက်ဖြင့် ရောင်းချသော ဈေးနှုန်း)ကို အခြေခံထားသည်။ ထိုဈေးနှုန်းကို အခြေခံထားပြီး ကုန် ကျစရိတ်များအားလုံးနှင့် တင်သွင်းသည့်ကုမ္ပဏီအတွက် အမြတ် ၂  ရာခိုင်နှုန်းပေါင်းကာ ရောင်းဈေးသတ်မှတ်ပေးထားခြင်းဖြစ်သည်။  
ထိုရောင်းဈေးမှာ နထ-ါသိသတည စနစ်ခေါ် ဆီသိုလှောင်ကန်တွင် ရောင်းဈေးနှုန်းဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံမှ ရောင်းဈေးနှုန်း သည် မြန်မာနိုင်ငံရှိ ဆီပေါက်ဈေးအား  တိုက်ရိုက်သက်ရောက်မှုရှိသည် ဟု ဆိုနိုင်သည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ဆီရောင်းဈေးနှုန်းကို တိတိကျကျသိရှိပြီး တွက်ချက်နိုင်ရန်အတွက် စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံ  ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်အသင်းတို့မှ ပူးပေါင်း၍   ျွနကအနမ ဗစစူငခအေငသည ကို တန်ဖိုးများစွာပေး၍ ဝ ယ်ယူပြီး နေ့စဉ်လေ့လာကာ တွက်ချက်ပေးနေခြင်းဖြစ်သည်။ အဆိုပါ တွက်ချက်ရရှိသည့် ဈေး နှုန်းကို ရည်ညွှန်းဈေးအဖြစ် အပတ်စဉ် တနင်္လာနေ့တိုင်းတွင် တစ် ပတ်စာထုတ်ပြန်ပြီး ကုမ္ပဏီများအား ရောင်းချစေခြင်းဖြစ်သည်။ ထို့အပြင် ရည်ညွှန်းဈေး  တွက်ချက်ရာတွင် သုံးစွဲသော နိုင်ငံခြား ငွေလဲလှယ်နှုန်းသည်လည်း နိုင်ငံတော်ဗဟိုဘဏ်မှ ဆီတင်သွင်းသော ကုမ္ပဏီများကို ရောင်းချပေးသည့်တန်ဖိုးကိုပါ ထည့်သွင်းတွက်ချက် ထား ခြင်းဖြစ်သည့်အတွက် ရည်ညွှန်းဈေးသည် ကာလ‌ဒေသပေါက် ဈေးအမှန်ဖြစ်စေပါသည်။ တင်သွင်းသည့် ဆီကုမ္ပဏီများ၊ ရောင်းချ သူများ၊ ဝယ်ယူစားသုံးသူများ အားလုံးအတွက် သင့်တင့်မျှတသော ဈေးဖြစ်စေရန် သေချာစွာ စနစ်တကျ တွက်ချက်ပေးထားခြင်းဖြစ် သည်။ သို့ရာတွင် အပတ်စဉ် ရည်ညွှန်းဈေးနှုန်းများသည် မတည် မငြိမ်ဖြစ်ပေါ်လျက်ရှိသည်ကိုမူ တွေ့နေရသည်။ ထို့အပြင် ယခင်နှစ် များကထက်  ရည်ညွှန်းဈေးနှုန်းများ  ကြီးမြင့်နေမှုကို သေချာစွာ လေ့လာကြည့်လျှင် အထက်တွင်ဖော်ပြထားသကဲ့သို့ အခြားသော စရိတ်စကများထက် အင်ဒို နီးရှားနိုင်ငံ၏ ရောင်းဈေးနှုန်းပေါ်တွင်သာ အဓိကတည်မှီနေသည်ကို တွေ့ရသည်။ 
ထို့ကြောင့် ကျွန်တော်တို့သည် အခြားနိုင်ငံများမှ ထုတ်ကုန် များကို မှီခိုနေရပါက အဆိုပါနိုင်ငံများ၏ ခြယ်လှယ်သမျှကို ခံနေရ မည်သာဖြစ်သည်။ ထိုနိုင်ငံကပြောသည့် ဈေးဖြင့် ဝယ်ယူစားသုံး နေရမည်သာဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်က ပြည်တွင်းထုတ် လုပ်မှု တိုးတက်စေရေး၊ ပြည်တွင်းဖူလုံမှုရှိရေးနှင့် ပိုလျှံပြီး နိုင်ငံခြား သို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်‌ရေးတို့ကို အလေးထား ပြော ကြားနေခြင်းဖြစ်သည်။ ထို့ကြောင့် စားအုန်းဆီများကို တင်သွင်းနေရ  သည်နှင့်အမျှ ဈေးနှုန်းများ မတည်မငြိမ် ဖြစ်ရသည်များကိုလည်း ကြုံရနိုင်သည်။ 
ပြည်တွင်းတွင် ဖူလုံရေးကို ပိုမိုဇောက်ချ ဆောင်ရွက်မှသာ ပြည်ပကို အားကိုးနေရခြင်းများ လျော့ကျပြီး နိုင်ငံခြားငွေယိုပေါက် များကို ဖာထေးနိုင်မည်ဖြစ်ပါကြောင်း ထပ် လောင်းတင်ပြလိုသည်။ ထို့ကြောင့် စားသုံးဆီဈေးလေးကျဆင်းစေချင်ပါသော်လည်း ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်ပနိုင်ငံ၏ ရောင်းဈေးပေါ်တွင် မှီခိုနေရသည့် အဖြစ်မျိုးရှိနေပါက ဈေးနှုန်းများ မတည်မငြိမ်သည်လည်း ကြုံ တွေ့ နေရမည်သာဖြစ်သည်။ မှီခိုနေရသည့်အဖြစ်က ကင်းမဲ့‌စေချင်ပါလျှင် ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ခြင်းသည်သာ ထွက်ရပ်လမ်းဖြစ် သောကြောင့်  ပြည်တွင်းဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စားသုံး ဆီတိုးချဲ့ထုတ်လုပ်နိုင်ရေး နိုင်ငံတော်မှ တွန်းအားပေးဆောင်ရွက် လျက်ရှိပါသည်။ 
စားသုံးသူပြည်သူများ  အရည်အသွေးမီ စားသုံးဆီများကို သင့်တင့်သောဈေးနှုန်း၊ မှန်ကန်သောအလေးချိန်ဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး နိုင်ငံတော်အကြီးအကဲများက စေတနာ၊ မေတ္တာ များနှင့်  ဆောင်ရွက်ပေးလျက်ရှိသည်။ စားအုန်းဆီဈေးနှုန်းကို အခြေခံ ရည်ညွှန်းဈေးသတ်မှတ်ပေးပြီး  ဈေးနှုန်းကြီးမြင့်မှုမရှိ စေရန် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ယခုကာလတွင် နိုင်ငံခြားငွေလဲ လှယ်နှုန်း တည်ငြိမ်နေသော်လည်း ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ ထုတ် လုပ်သောနိုင်ငံများ၏ စားအုန်းဆီ င်္ဃှု ဈေးနှုန်းများ မြင့်တက်နေ သည့်အတွက် ပြည်တွင်းစားအုန်းဆီဈေးနှုန်း အနည်းငယ် မြင့်တက် လာသည်ကို တွေ့ရသည်။ 
ယခင်တစ်ပတ် ပြည်တွင်းစားအုန်းဆီ တစ်ပိဿာ ရည်ညွှန်း ဈေး  ကျပ် ၅၁၈၀ မှ ယခုတစ်ပတ်ရည်ညွှန်းဈေး ကျပ် ၅၂၁၅ ဖြစ် သည့်အတွက် တစ်ပိဿာ ၃၅ ကျပ် ဈေးမြင့်တက် သွားသည်ဆိုသော် လည်း ကမ္ဘာ့စားအုန်းဆီဈေးနှင့် ချိန်ဆကြည့်လျှင် သင့်တင့်မျှတသော  ဈေးနှုန်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်ခင်ဗျာ။

 

မျိုးသူ(ကုန်သွယ်မြှင့်)