Main menu

Background

မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားရာမှုနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုစနစ်

Mon, 04/01/2024 - 10:18 -- journal_editor

မူပိုင်ခွင့်ဦးစီးဌာနသည်  အတည်ပြု  ပြဋ္ဌာန်းပြီးသော မူပိုင်ခွင့်ဥပဒေများဖြစ်သည့် ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့် ဥပဒေ၊ စက်မှု ဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင် ခွင့်ဥပဒေ၊   တီထွင်မှု မူပိုင်ခွင့်ဥပဒေတို့ကို အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မူပိုင်ခွင့်မှတ်ပုံ တင်‌ခြင်းလုပ်ငန်း များတွင် ဒီဂျစ်တယ် စနစ်များကို အသုံးပြု၍ မြန်ဆန်ထိရောက်စွာ ဝန်ဆောင်မှုပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး ခရီး စဉ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် ပြည်သူ များက အမှန်တကယ် သိရှိလိုသော သတင်းအချက်အလက် များနှင့် ဝန်ဆောင်မှုများ  ဖြန့်ဖြူးပေးခြင်းသည် အခြေခံ အကျဆုံးဖြစ်ရာ မူပိုင်ခွင့်ဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်နေမှု များ၊ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးမှုများ၊ မူပိုင်ခွင့်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်များနှင့်     ဒီဂျစ်တယ်  မှတ်ပုံတင် ဝန်ဆောင်မှုစနစ်များနှင့် စပ်လျဉ်းသော သတင်းအချက် အလက်များကို မူပိုင်ခွင့်ဦးစီးဌာန၏ တရားဝင်  website (www.ipd.gov.mm)  တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ လွှင့်တင်ထားရှိသည်။
ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့်ဥပဒေအရ ကနဦးမှတ်ပုံ တင် လျှောက်ထားခြင်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှစ၍ အီလက်ထရောနစ် မှတ်ပုံတင်စနစ် WIPOFile System)  ဖြင့် ကနဦးစတင်လက်ခံဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် ၎င်းစနစ်ကို အွန်လိုင်းငွေပေးချေမှု စနစ်များ နှင့်ချိတ်ဆက်၍ တရားဝင်လက်ခံဆောင်ရွက်ခဲ့သည်။ ၎င်းအပြင်  စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းကိုလည်းWIPOFile System စနစ်ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ လက်ခံ ဆောင်ရွက်လျက်ရှိသည်။
ကုန်အမှတ်တံဆိပ်  မှတ်ပုံတင်လျှောက်ထားခြင်းနှင့် စနစ်မိတ်ဆက်ခြင်း   အခမ်းအနားများကို     ရန်ကုန်မြို့နှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေတို့တွင် ၂၀၁၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။  ထို့ပြင် ၂၀၂၂ ခုနှစ်မှစတင်၍ ဖွင့်လှစ် လျက်ရှိသည့် မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်သင်တန်း အပတ်စဉ်တိုင်းတွင်လည်းWIPOFile စနစ်နှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ  တာဝန်ရှိသူများမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိသည်။
အီလက်ထရောနစ်  မှတ်ပုံတင်စနစ် WIPOFile System သည် မူပိုင်ခွင့်ဦးစီးဌာနတွင် စာရင်း Account ဖွင့်လှစ်၍ efiling.ipd.gov.mm မှတစ်ဆင့် မူပိုင်ခွင့်မှတ်ပုံတင် လျှောက်လွှာများကို လျှောက်ထားနိုင်သော စနစ်တစ်ခုဖြစ်ပြီး မှတ်ပုံတင်ခြင်းဆိုင်ရာ အခကြေးငွေများကိုလည်း အွန်လိုင်းမှ တစ်ဆင့် တိုက်ရိုက်ပေးသွင်းနိုင်စေရန် အွန်လိုင်းငွေပေးချေမှု စနစ်များနှင့် ချိတ်ဆက်ထားသည်။ 
ကုန် အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို အွန်လိုင်းမှ လျှောက်ထားနိုင်သလို မူပိုင်ခွင့် ရုံးခွဲများတွင်လည်း   လာရောက်လျှောက်ထားနိုင်သည်။ အွန်လိုင်းမှ လျှောက်ထားလိုလျှင် WIPOFile Account  ရှိရန် လိုအပ်သည်။ Account  လျှောက်ထားခွင့်ရရှိနိုင်ရန် မူပိုင်ခွင့် ဦးစီးဌာနမှ အခါအားလျော်စွာ ဖွင့်လှစ်သည့် မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်သင်တန်းများတွင် တက်ရောက်အောင်မြင်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိရမည်။ သင်တန်း တက် ရောက်ပြီးသူများအနေဖြင့်WIPOFile Account လျှောက် ထားမည်ဆိုပါကAccount  လျှောက်ထားခွင့် တောင်းခံလွှာ User Account Registration Form)ကို efiling.ipd.gov.mm  တွင် အခမဲ့ရယူကာ မူပိုင်ခွင့်ဦးစီးဌာန အီးမေးလ်admin@ipdept.gov.mm  သို့ ပေးပို့လျှောက်ထားရမည်။ ၎င်းလျှောက် ထားခွင့်တောင်းခံလွှာတွင် လျှောက်လွှာပုံစံနှင့်အတူ လျှောက် ထားပုံအဆင့်ဆင့်ကိုလည်း ဖော်ပြထားသည်။ 
အခကြေးငွေပေးသွင်းရာတွင်WIPOFile စနစ်မှတစ် ဆင့် AYA ဘဏ်နှင့်  CB  ဘဏ်တို့၏ အွန်လိုင်းငွေပေးချေမှု စနစ်များဖြင့် ပေးသွင်းပြီးမှသာ မှတ်ပုံတင်လျှောက်ထားခြင်း ပြီးမြောက်မည်ဖြစ်သည်။WIPOFile စနစ် အသုံးပြုမှု လမ်း ညွှန်စာအုပ်ကိုလည်း www.ipd.gov.mm/e-filingတွင် လျှောက်ထားသူများ ပိုမိုလွယ်ကူအဆင် ပြေနိုင်စေရန်အတွက် လွှင့်တင်ထားရှိသည်။    
စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကိုလည်း ပြဋ္ဌာန်း  အကောင်အထည်ဖော်လျက်ရှိရာ အွန်လိုင်းမှ မှတ်ပုံတင် လျှောက်ထားနိုင်ရန် စာပေနှင့် အနုပညာမူပိုင်ခွင့်မှတ်ပုံတင် စနစ် (CRFile System) ကို အွန်လိုင်းငွေပေးချေမှုစနစ်များ နှင့် ချိတ်ဆက်တည်ဆောက်ကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်မှစ၍ တရားဝင် လက်ခံဆောင်ရွက်လျက်ရှိသည်။ ယင်း CRFile  စနစ်ကို www.crfile.ipd.gov.mm မှတစ်ဆင့် လျှောက်ထားသူကိုယ်တိုင်အနေဖြင့် လည်းကောင်း၊ ကိုယ်စား  လှယ်အနေဖြင့်လည်းကောင်း အသုံးပြုနိုင်ပြီး စနစ်အတွင်း သို့  ဝင်ရောက်နိုင်ရန်User Account ဖွင့်လှစ်ခြင်းကိုလည်း  ကိုယ်တိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 
စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ် ဖြစ်လိုပါက မူပိုင်ခွင့်ဦးစီးဌာနမှ အခါအားလျော်စွာဖွင့်လှစ် သည့် စာပေနှင့် အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းကို တက်ရောက်အောင်မြင်ရမည်။ ကိုယ်စားလှယ်အနေဖြင့် User Account ဖွင့်လှစ်ရာတွင်လည်း ကိုယ်စား လှယ် သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းဆင်း လက်မှတ်နံပါတ်တို့ကို ပူးတွဲထည့်သွင်းပေးရမည်။ စာပေနှင့် အနုပညာ မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားရာတွင် လူပုဂ္ဂိုလ် အနေဖြင့်လည်းကောင်း၊  အဖွဲ့အစည်းအနေဖြင့် လည်း ကောင်း လျှောက်ထားနိုင်ပြီး ကိုယ်စားလှယ်ထားရှိ၍လည်း လျှောက်ထားနိုင်သည်။ စနစ်အသုံးပြုမှု လမ်းညွှန်စာအုပ်နှင့်  စာပေနှင့်အနုပညာမူပိုင်ခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း သည့် လမ်းညွှန်ချက်များကို www.crfile.ipd.gov.mm တွင် လျှောက်ထားသူများ  လေ့လာနိုင်စေရန် လွှင့်တင်ထားရှိ သည်။
မူပိုင်ခွင့်မှတ်ပုံတင်ခြင်းကို နေပြည်တော်ပြည်ထောင်စု နယ် မြေ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ မူပိုင်ခွင့်ရုံးခွဲများတွင် လည်း လာရောက်လျှောက်ထားနိုင်ပြီး လျှောက်လွှာပုံစံများ ကိုလည်း ipd.gov.mm တွင် သက်ဆိုင်ရာ မူပိုင်ခွင့်အမျိုးအစား အလိုက် အခမဲ့ဒေါင်းလုပ်ရယူနိုင်သည်။ လျှောက်ထားလို သည့် နေ့ရက်ကိုလည်း www.ipd.gov.mm/appointment-form တွင် ကြိုတင် စာရင်းသွင်း၍  ရက်ချိန်းရယူနိုင်သည့် အတွက် မှတ်ပုံတင်လုပ်ငန်းစဉ်အတွက် အချိန်ကုန်သက်သာ ၍ ပိုမိုထိရောက်သော ဝန်ဆောင်မှုကိုရရှိ စေမည်ဖြစ်သည်။
မူပိုင်ခွင့်ဦးစီးဌာနသည် မူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင် လျှောက်လွှာများ လက်ခံဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်း၊ အသိပေး အကြောင်းကြားစာပေးပို့ခြင်း၊ စစ်ဆေးရေးရလဒ် များ ထုတ်ပြန်ခြင်းနှင့် နိုင်ငံတကာ မူပိုင်ခွင့်ရုံးများနှင့် မှတ်ပုံ တင်စစ်ဆေးရေးရလဒ်များ  ဖလှယ်ခြင်း စသည့်လုပ်ငန်းများကို လည်း မူပိုင်ခွင့်မှတ်ပုံတင်လုပ်ငန်းများ စီမံခန့်ခွဲသည့် ဒီဂျစ် တယ်စနစ်များကို  အသုံးပြု၍ စီးပွားရေးဖွံ့ဖြိုးမှုအရွေ့ကို ပုံဖော်ကာ မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ 

 

မူပိုင်ခွင့်ဦးစီးဌာန၊ အိုင်တီဌာနခွဲ