Main menu

Background

ဥရောပသမဂ္ဂ၏ စားအုန်းဆီအခြေခံ ဇီဝလောင်စာဆီနှင့် ပတ်သက်၍ စည်းမျဉ်းများအပေါ် မလေးရှားနိုင်ငံမှ တိုင်ကြားမှုအား WTO က ပယ်ချခဲ့

Mon, 04/01/2024 - 11:28 -- journal_editor

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO) တွင်  စားအုန်းဆီ အခြေခံသော ဇီဝလောင်စာဆီနှင့် ပတ်သက်သည့် ဥရောပသမဂ္ဂ အစုအဖွဲ့၏  စည်းမျဉ်းစည်းကမ်းများအပေါ်  မလေးရှား မှ  တိုင် ကြားချက်မှာ  ရှုံးနိမ့်ခဲ့သည်။ ၎င်းအငြင်းပွားမှုမှာ ဥရောပသမဂ္ဂက အဖွဲ့ဝင်နိုင်ငံများ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် အသုံး ပြုရမည့် အနည်းဆုံး ပြန်လည်ပြည့်ဖြိုးမြဲ လောင်စာပမာဏဆိုင်ရာ စည်းမျဉ်းများကို ထုတ်ပြန်လိုက်သည့် ၂၀၁၈ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ 
အထူးသဖြင့် သစ်တောများ ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုး ကာ ထုတ်လုပ်ထားသည့် ဇီဝလောင်စာများ အသုံးပြုခြင်းကို ပစ် မှတ်ထား၍ ဆောင်ရွက်ခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ၏ စည်း မျဉ်းများအောက်တွင် စားအုန်းဆီအခြေခံ ဇီဝလောင်စာများကို ပြန်လည်ပြည့်ဖြိုးမြဲသယ်ယူပို့ဆောင်ရေး လောင်စာအဖြစ်  သတ် မှတ်ခြင်း မပြုတော့ပေ။ ဆီအုန်းစိုက်ပျိုးမှုမှာ သစ်တောများကို အလွန်အကျွံ ပြုန်းတီးမှုဖြစ်စေသည်ဟူသော  အကြောင်းပြချက် ဖြင့်  စားအုန်းဆီအခြေခံ ဇီဝလောင်စာဆီ အသုံးပြုမှုအား ၂၀၃၀ ပြည့်နှစ်တွင် ရပ်ဆိုင်းသွားရန်ရှိသည်။
၎င်းဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့စားအုန်းဆီအခြေခံ ဇီဝ  လောင်စာ လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းကို အတူတကွ  ပံ့ပိုးပေး သော မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကWTO)တွင် တိုင် ကြားခဲ့ခြင်းဖြစ်သည်။ မလေးရှားနိုင်ငံက  အဆိုပါ ဆောင်ရွက်မှု များသည် တရားမျှတသော ကုန်သွယ်မှုကျင့်ထုံးများကို ချိုးဖောက် သည်ဟု စွပ်စွဲကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO)) သို့ ၂၀၂၁ ခုနှစ်တွင် တိုင်ကြားခဲ့သည်။ ဆီအုန်းစွမ်းအင်ထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံသည် မလေးရှားမှ တိုင်ကြားခြင်းမပြုမီ  တစ်နှစ် ခန့်စော၍  အလားတူကိစ္စရပ်ကို တိုင်ကြားခဲ့သည်။  သို့ရာတွင် ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် လုပ်ထုံးလုပ်နည်းများ ကြာရှည်ခဲ့ ခြင်းဖြစ်သည်။  
၂၀၂၄ ခုနှစ် မတ်လ ၅ ရက်တွင်WTO) ၏ ခုံရုံးက  ဥရောပ သမဂ္ဂ၏  အလုံးစုံရပ်တည်ချက်ကို  ထောက်ခံခဲ့သော်လည်း စည်းမျဉ်းများ၏  ပုံစံရေးဆွဲထားမှုကို ဝေဖန်ခဲ့သည်။   ခုံရုံးအဖွဲ့ဝင်  များအနက် အဖွဲ့ဝင်တစ်ဦးကသာ ခုံအဖွဲ့မှ  ခွဲထွက်ပြီး မလေးရှား ကို ထောက်ခံမဲပေးခဲ့သည်။
ဥရောပသမဂ္ဂ၏  ညွှန်ကြားချက်ကိုဆန့်ကျင်သည့် ကမ္ဘာ့ ထိပ်တန်းစားအုန်းဆီထုတ်လုပ်သူ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ  တင်သွင်းသည့် ကိစ္စနှစ်ခုအပေါ် အစီရင်ခံစာကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ကာ စာမျက်နှာ ၃၄၈ မျက်နှာ ပါဝင်သည်။ ၎င်းအစီရင်ခံစာတွင် မလေးရှားနိုင်ငံမှ  တိုင်ကြား သည့်ကိစ္စနှင့်စပ်လျဉ်း၍  ဥရောပသမဂ္ဂသည် မလေးရှားနိုင်ငံအား ကိုယ်ကျိုးကာကွယ်ရေးနှင့်   ခွဲခြားဆက်ဆံသည့်ပုံစံဖြင့် လုပ် ဆောင်ခဲ့ခြင်း ရှိ၊ မရှိဟူသော အဓိကမေးခွန်းကို ကောင်းကောင်း ဖြေရှင်းနိုင်ခြင်းမရှိကြောင်း  တွေ့ရသည်။   အလားတူအမှုကို စွဲဆိုထားသည့် အင်ဒိုနီးရှားနိုင်ငံက မတ်လ ၄ ရက်နေ့တွင်  တရား စွဲဆိုမှုကို နှစ်လကြာ ဆိုင်းငံ့ထားရန်  တောင်းဆိုခဲ့သည်။
ဥရောပသမဂ္ဂ၏ ၂၀၁၈ ဒုတိယထုတ်ဝေမှုတွင် ၎င်း၏ ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်   ညွှန်ကြားချက် (renewal energy directive - RED II) အရ ဇီဝလောင်စာများမှာ ကာဗွန်ဒိုင်အောက် ဆိုက်လျှော့ချမည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လောင်စာဆီအသုံးပြုမှုကိုသွယ် ဝိုက်မြေအသုံးချမှု ပြောင်းလဲခြင်း (Indirect Land Use Change-  ILUC) ကို ဖြစ်ပေါ်စေမည့် အန္တရာယ်မြင့်မားသော အသုံးပြုမှု အဖြစ် အမျိုးအစားခွဲခြားထားသည်။ လောင်စာဆီ အမျိုးမျိုး၏ ၇ ရာခိုင်နှုန်းမှာ ရာသီဥတုကို ပျက်စီးစေရာ ၂၀၃၀ ပြည့်နှစ်တွင် တဖြည်းဖြည်း လျှော့ချသွားရန် ရည်မှန်းထားသည်။ ထို့ကြောင့် အဓိကအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်ရှိ သည့် စီမံဆောင်ရွက်မှုဖြစ်ကြောင်း  ဥရောပသမဂ္ဂက ပြန်လည် ခုခံချေပချက်ကို ကျိုးကြောင်းသင့်လျော်သည်ဟု လက်ခံထား သည်။  ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအကျပ်အတည်းကို ဖြေရှင်း ရန် ကြိုးစားနေရာ ဝေးလံသောနိုင်ငံများတွင် စားအုန်းဆီ ထုတ် လုပ်ပုံအား ထိန်းညှိခြင်းမှာ WTOနှင့် နိုင်ငံတကာဥပဒေအောက် တွင် တရားဝင်ကြောင်း ခုံအဖွဲ့က ဖော်ပြခဲ့သည်။
ထို့အပြင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် ရည်ရွယ် ပါကWTO စံနှုန်းများကို ချိုးဖောက်သည့် နိုင်ငံများအတွက်GATT  ၏ အထွေထြွေွခင်းချက် ပုဒ်မ ဌဌ အောက်တွင် မည်သည့် စီမံဆောင်ရွက်မှုကိုမဆို  လက်ခံနိုင်ကြောင်း ခုံအဖွဲ့က   ဆုံးဖြတ် သည်။
မူအရ အန္တရာယ်နည်းပါး  စားအုန်းဆီအား EU၏ ဇီဝ လောင်စာ ဈေးကွက်တွင်  ခွင့်ပြုထားသော်လည်း မလေးရှားမှ ထုတ်လုပ်သူများသည်  လိုအပ်သော အသိအမှတ်ပြုလက်မှတ်များ ရရှိရန်  အခွင့်အလမ်းမရှိ   ဖြစ်နေသည်ဟု   အစီရင်ခံစာတွင် ဖော်ပြထားသည်။  ပဲပုပ် အခြေခံလောင်စာများကို ထုတ်လုပ်နေ သော တောင်အမေရိက သို့မဟုတ် မြောက်အမေရိကမှ ပြိုင်ဘက် နိုင်ငံများတွင်မူ  စားအုန်းဆီကဲ့သို့ တူညီသော လိုအပ်ချက်များ မရှိပါ။  ထို့ကြောင့် ဥရောပသမဂ္ဂသည်  စားအုံးဆီအခြေခံလောင်စာ ဆီနှင့် အလားတူဖြစ်သော ပဲပုပ်ဆီအခြေခံလောင်စာများအပေါ် တွင်WTO ၏  most-favoured nation principle  နှင့် လျော်ညီစွာ ကျင့်သုံးခြင်း မရှိကြောင်း၊  ကုန်သွယ်မှုဆိုင်ရာ အစီအမံအသစ် များကို မိတ်ဆက်သည့်အခါ အခြားစီးပွားရေးနိုင်ငံများနှင့် အသိ ပေးခြင်းနှင့် တိုင်ပင်ခြင်းအတွက် ဥရောပသမဂ္ဂ၏ချဉ်းကပ်မှုတွင် အမှားအယွင်းများရှိကြောင်း  အစီရင်ခံစာတွင် ဖော်ပြထားသည်။  
ထို့အပြင် ကုန်သွယ်မှုဆိုင်ရာ နည်းပညာဆိုင်ရာ အတား အဆီးများဆိုင်ရာ သဘောတူညီချက် TBT agreement)) တွင် ပါရှိသော လိုအပ်ချက်များစွာကို ချိုးဖောက်ကာ  အဓိကအားဖြင့် ဥရောပသမဂ္ဂသည် မည်သည့်ဇီဝလောင်စာဆီက မြင့်မားသော သွယ်ဝိုက်မြေအသုံးချမှု ပြောင်းလဲသည့် ILUC) ) အန္တရာယ်ကို ဖြစ်စေသည်ဟူသည့် အချက်ကိုဆုံးဖြတ်ရန် အချက်အလက်များ ကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်သုံးသပ်ရန် ပျက်ကွက်ခြင်း ကြောင့်TBTသဘောတူညီချက်၏ အပိုဒ် ၂ ပါ နည်းပညာဆိုင်ရာ စည်းမျဉ်းများကို စီမံခန့်ခွဲရာတွင် ဗဟိုအစိုးရ၏ တာဝန်ဝတ္တရား များကို ချိုးဖောက်ထားသည်။  
ပြင်သစ်၏   အခွန်အကောက်စနစ်မှာဆီအုန်းအခြေခံ လောင်စာ၏  ပြိုင်ဘက်ဖြစ်သော  ပန်းနှမ်း (rapeseed) အခြေခံ ဇီဝလောင်စာဆီအတွက် ထောက်ပံ့ငွေအဖြစ် အသွင်ဆောင်ခြင်း ဖြစ်သည်ဟု  မလေးရှား၏ စောဒကတက်မှုကို ခုံအဖွဲ့က ငြင်းဆန် ခဲ့သော်လည်း ပြင်သစ် ဇီဝလောင်စာအခွန်အကောက်စည်းမျဉ်း မှာ သိသာစွာ ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း တစ်စိတ်တစ်ဒေသ ဆုံးဖြတ်ခဲ့ကြသည်။
လက်ရှိအချိန်တွင် ဥရောပသမဂ္ဂသည် ပြုပြင်ပြောင်းလဲမှု များပြုလုပ်ရန် လိုအပ်သော်လည်း ျွှွှဥ ၏ စည်းမျဉ်းများနှင့်အညီ ၎င်း၏  အစီအမံများကို ရုပ်သိမ်းရန် လိုအပ်ခြင်း မရှိပါ။ အင်ဒို နီးရှားနိုင်ငံသည် ဥရောပသမဂ္ဂနှင့် လွတ်လပ်စွာ ကုန်သွယ်မှု သဘော တူညီချက်ကို  ညှိနှိုင်းနေသည်။ မလေးရှားနိုင်ငံကမူ စားအုန်းဆီ တင်သွင်းရန်နှင့် သစ်တောပြုန်းတီးမှုကို ထိန်းချုပ်ရန် ၎င်း၏  ချဉ်းကပ်မှုကြောင့် ဥရောပအစုအဖွဲ့နှင့် စေ့စပ်ညှိနှိုင်းမှု များကို ဆိုင်းငံ့ထားသည်။
ဥရောပသမဂ္ဂ၏ မလေးရှားနိုင်ငံမှ စားအုန်းဆီ ဇီဝလောင် စာဆီတင်သွင်းမှု ကန့်သတ်ချက်များ ချမှတ်ကျင့်သုံးမှုအပေါ်WTO မှ ဆုံးဖြတ်ချက်မချမီWTO ၏ စီရင်ချက်ကို လိုက်နာရန် န့ မှ သဘောတူခဲ့သည်။  ထို့ကြောင့် မလေးရှားအစိုးရသည်WTO ၏  တွေ့ရှိချက်များနှင့်အညီ လိုက်နာရန် ဥရောပသမဂ္ဂ၏ စည်းမျဉ်းများဆိုင်ရာ ပြောင်းလဲမှုမှန်သမျှကို  စောင့်ကြည့်ပြီး လိုအပ်ပါက လိုက်နာကျင့်သုံးမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိုက်ခင်းနှင့် ကုန်စည် ဝန်ကြီး ဲJohari Abdul Ghaniက မတ်လ ၇ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။
မလေးရှားစားအုန်းဆီကြိုရောင်းဈေးမှာ မဝေးတော့သော ကာလတွင် စားအုန်းဆီ  ဝယ်လိုအားအပေါ် စိုးရိမ်မှုများနှင့် အကောင်းမြင်မှုများကြားဝယ် မတ်လ ၇ ရက်တွင် မြင့်တက်ခဲ့ပြီး ပြိုင်ဘက် ဆီဈေးနှုန်းများမှာလည်း မြင့်တက်လာသည်။ Bursa Malaysia Derivatives Exchange တွင် မေလအတွက် ပေးပို့ခြင်း အတွက် စံပြုစားအုန်းဆီစာချုပ်သည် နေ့လယ်ပိုင်းအချိန်တွင် မက်ထရစ်တန် တစ်တန်လျှင် ၄၀၃၈ ရင်းဂစ်၊ ဒေါ်လာ ၈၅၃ ဒသမ ၈၈) သို့ ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ  စားအုန်းဆီ  ထုတ်လုပ်မှုမှာ  ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ကျဆင်းခဲ့ပြီး လက်ရှိသုံးလပတ်တွင် တန်ချိန် ၁ ဒသမ ၂  သန်းအထိ ကျဆင်းသွားကြောင်း ဟမ်းဘတ် အခြေစိုက် Oil World၏ အမှုဆောင်ဒါရိုက်တာThomas Mielke က ခန့်မှန်းသည်။ အဓိကအားဖြင့် ပထမ သုံးလအတွင်း စားအုန်း ဆီ  ရောင်းလိုအားအပေါ် စိုးရိမ်မှုများနှင့် လက်ကျန် ပိုမိုနည်းလာ မှုအပေါ် စိုးရိမ်နေကြ၍ ဈေးတက်နေဆဲဖြစ်ကြောင်း၊ မတ်လမှ ဧပြီလအထိ တစ်လကြာကာလမှာ  ရာမဒန်ဥပုသ်လဖြစ်သည့် အတွက် အထွက်နှုန်းကို ပိုမိုနည်းပါးမည်ဖြစ်ကြောင်း ဆီလန်ဂေါ အခြေစိုက်  Pelindung Bestari  မှ ဒါရိုက်တာ  Paramalingam Supramaniam က ပြောကြားခဲ့သည်။  (၁ ဒေါ်လာ = ၄.၇၂၉၀ ရင်းဂစ်)
ရင်းမြစ်များ -Borderlex  (ဝ၅/ဝ၃/၂၀၂၄)
Bernama (Malaysia  ဝ၆/ဝ၃/၂၀၂၄) ရိုက်တာ

 

ဒေါက်တာရွှေစင်ကို