Main menu

Background

မူဆယ်၊ မြဝတီနဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းများမှ သီဟိုဠ်စေ့ ၂၇ တန်ခန့်တင်ပို့

Thu, 06/18/2015 - 17:12 -- journal_editor

မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်း ကုန်သွယ် ရေးစခန်းများမှ ၂၀၁၅ ခုနှစ် မေလ ၃၀ ရက်မှ ဇွန်လ ၅ ရက်အတွင်း  ကန်ဒေါ်လာ သုည ဒသမ ၂၀၄ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၂၇ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။    ယခင် သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၁၄ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၁၂ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့  ၁၄ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ် ပါက ၁၆ တန်ခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်မှ  ကန်ဒေါ်လာ သုည ဒသမ ၀၆၈ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၉ တန် တင်ပို့ခဲ့ တဲ့အတွက် ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ပါက ၂ တန်လျော့ နည်းတင်ပို့ခဲ့ပါတယ်။
ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၂၄ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၃ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့နိုင် ခြင်းမရှိတဲ့အတွက် ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။