Main menu

Background

ရောင်းသူဝယ်သူနှစ်ဦး အကျိုးရှိမယ့် ရော်ဘာဗဟိုဈေးဖွင့်လှစ်ရန်စီစဉ်

Mon, 11/16/2015 - 19:47 -- journal_editor

စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့  နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနတို့    ပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာရဲ့ လုပ်ငန်းစီမံချက်မှာ ပါဝင်တဲ့ အရေးကြီးပို့ကုန်အဖြစ် သတ်မှတ်ထား တဲ့ ရော်ဘာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရော်ဘာဗဟိုဈေးတစ်ခုကို မွန် ပြည်နယ် မော်လမြိုင်မြို့တွင် ပထမဦးဆုံး ဖွင့်လှစ်သွားမယ်လို့ သတင်းရရှိပါတယ်။ရည်ရွယ်ချက်မှာ ရော်ဘာ အရည်အသွေး ထိန်းသိမ်း ရေး နဲ့ ရော် ဘာဈေးကို ဈေးမှန်ရရှိအောင် ဆောင်ရွက်ရေးဖြစ် ပါတယ်။ ရော်ဘာစိုက်ခြံရှင်များမှ  ဈေးကွက်ကို အထူးရှာဖွေ ရန်မလိုဘဲ ရောင်းချနိုင်ပြီး ဝယ်ယူသူ  ကုမ္ပဏီများအနေဖြင့် လည်း ပစ္စည်းမှန်ဈေးနှုန်းမှန် အရည်အသွေးမှန်တဲ့ ပစ္စည်း များကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ယင်းရော်ဘာဗဟိုဈေးကို မော်လမြိုင်မြို့ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်မှာ တည် ဆောက်မှာဖြစ်ပြီး အဆိုပါဈေးအတွက်  လုပ်ငန်းစီမံခန့်ခွဲမှုကို စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့်     ဆည်မြောင်းဝန်ကြီးဌာနနဲ့    မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့က ဆောင်ရွက် သွားမှာဖြစ်ပါတယ်။  ယင်းဈေးတွင်  ခြံစိုက်တောင်သူ များက ရောင်းချလိုတဲ့ ရော်ဘာများကို ဒိုင်သို့ပေးပို့ပြီး ဒိုင်က ပစ္စည်း အဆင့်ခွဲခြားသတ်မှတ်ကာ လေလံစနစ်ဖြင့် ရောင်းချပေးမှာဖြစ် ပါတယ်။ ရောင်းချသူကလည်း မိမိစိတ်ကြိုက် ဈေးနှုန်းမရရှိ ပါက ငြင်းပယ်နိုင် ပါတယ်။  ခြံရှင် များ အနေနဲ့ ဈေးနှုန်းမှန်မှန် ကန်ကန်ရရှိပြီး အရည်အသွေး  ပိုမိုကောင်းမွန်အောင် ထိန်း သိမ်းတဲ့ အလေ့အကျင့်လည်း ရရှိလာမှာဖြစ်ပါတယ်။ မိမိရဲ့ ပစ္စည်းအရည်အသွေးကို ဈေးကောင်းရလာတာနဲ့အမျှ ပိုပြီး မြင့်အောင်ထုတ် လုပ်လာမှာဖြစ်ပါတယ်။နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်ပါက အရည် အသွေးကောင်းပြီး ဈေးလည်းမှန်ကန်စွာ  ရရှိလာမှာဖြစ်ပါ တယ်။ ယခုဖွင့်လှစ်မယ့် ရောင်းသူရောဝယ်သူပါ အကျိုးရှိမယ့် ရော်ဘာဗဟိုဈေးရဲ့  လုပ်ငန်းစဉ်များ အောင်မြင်သွားပါက အခြားရော်ဘာစိုက်ပျိုးရာဒေသများဖြစ်တဲ့ တနင်္သာရီ၊ ပဲခူးနဲ့  ဧရာဝတီတိုင်းဒေသကြီးတို့မှာလည်း ဆက်လက်ဖွင့်လှစ်ရန် နှစ်ရှည်စီမံကိန်းများ ရှိကြောင်း   ရော်ဘာစိုက်ပျိုး ထုတ်လုပ် ရောင်း ချသူများအသင်းမှ  တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြား ချက်အရ သိရှိရပါတယ်။                                  

ယဉ်ယဉ်အေး