Main menu

Background

ဆန်အတွက် ဈေးကွက်မရှိသော အာဆီယံ-အိန္ဒိယ FTA

Tue, 02/23/2010 - 08:05 -- Anonymous (not verified)

ကောက်ခွန်အခွင့်အရေးမရှိသည့် ဆန် ဆန်သည်အာရှနိုင်ငံများ၏ အဓိက ကျသည့် အခြေခံစားကုန် ဖြစ်ပါသည်။ ထို့ကြောင့် ဆန်စိုက်ပျိုး ထုတ်လုပ်သည်မှ ရောင်းဝယ် (ပြည်တွင်း/ပြည်ပ ရောင်း ဝယ်)သည်အထိ အာရှနိုင်ငံ အစိုးရများ ပါဝင်စီမံခန့်ခွဲကြခြင်း ဖြစ်ပါသည်။ အာဆီယံ-အိန္ဒိယ FTAတွင် နိုင်ငံ အလိုက် ကုန်စည်များကို လေ့လာသည့် အခါဆန်နှင့် ပတ်သက်၍ အောက်ပါ အတိုင်းတွေ့ရှိရပါသည်။အိန္ဒိယနိုင်ငံ ဆန်၊ ဆန်ကွဲတို့ကို FTA အခွင့် အရေးမရရှိသည့် ဖယ်ထားစာရင်း (Exclusion List - EL )တွင် ထည့်ထားပါ သည်။ တစ်နည်းအားဖြင့် ဆန်နှင့်ဆန် ကွဲကို FTA ဆိုင်ရာအကောက်ခွန်အခွင့် အရေးမပေးခြင်း သို့မဟုတ် ဈေးကွက် ဝင်ခွင့် (Market Access)မပေးခြင်း ဖြစ်ပါသည်။ ဆန်နှင့် ဆန်ကွဲအပေါ် စည်းကြပ် သည့် သွင်းကုန် အကောက်ခွန်နှုန်းမှာ အာဆီယံနိုင်ငံများနှင့်  နှိုင်းယှဉ်လျှင် အလွန်မြင့်မားလျက်ရှိကြောင်း တွေ့ရပါ သည်။ HS 1006 အောက်ရှိ ဆန်နှင့် ပတ်သက်သော  အကောက်ခွန်လိုင်း အလိုက် အကောက်ခွန်နှုန်းများကို သိရှိ နိုင်ရန် ဖော်ပြလိုက်ရပါသည်-အင်ဒိုနီးရှားနိုင်ငံ ဆန်၊ ဆန်ကွဲတို့ကို FTA အခွင့် အရေးမရရှိသည့် ဖယ်ထားစာရင်း (Exclusion List - EL)တွင် ထည့်ထားပါ သည်။ HS 1006  အောက်ရှိ ဆန်နှင့်ပတ် သက်သော အကောက်ခွန်လိုင်းအားလုံး အပေါ် စည်းကြပ်သည့် သွင်းကုန် အကောက်ခွန်နှုန်းမှာ နှုန်းတစ်မျိုးတည်း ဖြစ်ပါသည်။ တစ်ကီလိုဂရမ်ကို ရူပြား ၄၅၀ (Rp450/kg)ဖြစ်ပါသည်။ ဆန် နှင့် ဆန်ကွဲ မခွဲခြားဘဲ တစ်တန်အပေါ် သွင်းကုန် အကောက်ခွန် အမေရိကန် ဒေါ်လာ ၅၀ ခန့် စည်းကြပ်ကောက်ခံ ပါသည်။မလေးရှားနိုင်ငံ ဆန်၊ ဆန်ကွဲတို့ကို FTAအခွင့် အရေးမရရှိသည့် ဖယ်ထားစာရင်း (Exclusion List - EL) တွင် ထည့်ထား ပါသည်။ HS 1006 အောက်ရှိ ဆန်နှင့် ပတ် သက်သော အကောက်ခွန်လိုင်းအားလုံး စည်းကြပ်သည့် သွင်းကုန် အကောက် ခွန်နှုန်းမှာ နှုန်းတစ်မျိုးတည်း ဖြစ်ပါ သည်။ တန်ဖိုး၏ ၄၀ ရာခိုင်နှုန်း ဖြစ်ပါ သည်။ဖိလစ်ပိုင်နိုင်ငံ HS 1006 အောက်ရှိ 1006.10.00A Suitable forsowing မှလွဲ၍ ကျန်  အကောက်ခွန်လိုင်း အားလုံးက FTA အခွင့်အရေးမရရှိသည့် ဖယ်ထား စာရင်း (Exclusion List - EL)တွင် ထည့်ထားပါသည်။ HS 1006.10.00A ကိုမူFTA ၏ အကောက်ခွန်နှုန်း ဖယ် ရှားပေးရမည့် သာမန်လမ်းကြောင်း (၁) တွင် ထည့်ထားပါသည်။ ယင်း၏ သွင်း ကုန်အကောက်ခွန်နှုန်းမှာ သုည (ဝ%) ဖြစ်ပါသည်။ ဆန်နှင့်   ပတ်သက်သော ကျန် အကောက်ခွန်လိုင်း    အားလုံးအပေါ် စည်းကြပ်သည့် အကောက်ခွန်နှုန်း (၂) မျိုးဖြစ်ပါသည်။ ကိုတာအတွင်း အရေ အတွက်(In Quota)အပေါ် ၄၀ ရာခိုင် နှုန်းနှင့် ကိုတာပြင်ပ  အရေအတွက် (Out Quota) အပေါ် ၅၀ ရာခိုင်နှုန်း သတ်မှတ်ထားပါသည်။ထိုင်းနိုင်ငံ ဆန်၊ ဆန်ကွဲတို့ကို FTA အခွင့် အရေးမရရှိသည့် ဖယ်ထားစာရင်း (Exclusion List - EL)တွင် ထည့်ထားပါ သည်။ HS 1006 အောက်ရှိ ဆန်နှင့်ပတ် သက်သော အကောက်ခွန်လိုင်းအားလုံး အပေါ် စည်းကြပ် သည့် အကောက်ခွန် နှုန်းမှာ နှုန်းတစ်မျိုးတည်းဖြစ်ပါသည်။ တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းဖြစ်ပါသည်။ကမ္ဘောဒီးယားနိုင်ငံ HS.1006.40-Broken rice ကို အရေးကြီး ကုန်ပစ္စည်းစာရင်း (Sensitive List - SL)တွင်  ထည့်ထားပါ သည်။ ဆန်ကွဲ၏ အခြေခံ အကောက် ခွန် နှုန်းမှာ ၇ ရာခိုင်နှုန်းဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းမျဉ်းအရ ၅ ရာခိုင်နှုန်းသို့  လျှော့ချရမည်ဖြစ်ရာ ၁.၁.၂၀၁၄နေ့တွင် ၆ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၁.၁.၂၀၁၅ နေ့တွင် ၅ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချ မည်ဖြစ်ပါသည်။ ဆန်နှင့်    ပတ်သက်သော   ကျန် အကောက်ခွန်လိုင်းအားလုံးကို သာမန် လမ်းကြောင်း(၁)တွင်ထည့်ထားပါသည်။ ယင်းတို့အပေါ်စည်းကြပ်သည့်အကောက် ခွန်နှုန်းမှာ နှုန်းတစ်မျိုးတည်း ဖြစ်ပါ သည်။ တန်ဖိုး၏ ၇ ရာခိုင်နှုန်း ဖြစ်ပါ သည်။ အဆိုပါ အကောက်ခွန်နှုန်းကို  သတ်မှတ်ထားသော   စည်းမျဉ်းအရ သုည (ဝ%)သို့ လျှော့ချရမည်ဖြစ်ရာ ၁.၁.၂၀၁၃ နေ့တွင် ၆ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၁-၁-၂၀၁၅ နေ့တွင် ၅ရာခိုင်နှုန်းသို့လည်းကောင်း၊ ၁-၁- ၂၀၁၈ နေ့တွင် ၃ ရာခိုင်နှုန်းသို့ လည်း ကောင်း၊ ၃၁-၁၂-၂၀၁၈ နေ့ တွင် သုည (ဝ%)သို့လည်းကောင်း လျှော့ချမည် ဖြစ်ပါသည်။လာအိုနိုင်ငံ ဆန်၊ ဆန်ကွဲကို အရေးကြီးကုန် ပစ္စည်းစာရင်း (Sensitive List-SL) တွင် ထည့်ထားပါသည်။ HS.1006  အောက်ရှိ   ဆန်နှင့်ပတ်သက်သော အကောက်ခွန်လိုင်းအားလုံးအပေါ်စည်း ကြပ်သည့် အကောက်ခွန်နှုန်းမှာ နှုန်း တစ်မျိုးတည်း ဖြစ်ပါသည်။ တန်ဖိုး၏ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ သတ်မှတ် ထားသော စည်းမျဉ်းအရ ၅ ရာခိုင်နှုန်း သို့လျှော့ချရမည်ဖြစ်ရာ ထပ်မံလျှော့ချ ရန်မလိုဘဲ ၅ ရာခိုင်နှုန်းကို ဆက်လက် စည်းကြပ်မည် ဖြစ်ပါသည်။မြန်မာနိုင်ငံ ဆန်၊ ဆန်ကွဲတို့ကို FTA အခွင့် အရေးမရရှိသည့် ဖယ်ထားစာရင်း (Exclusion List - EL)တွင် ထည့်ထားပါ သည်။ HS. 1006 အောက်ရှိ ဆန်နှင့်ပတ် သက်သော   အကောက်ခွန်လိုင်းများ အနက် HS. 1006.10.10.00 - suitable for sowingနှင့် HS.1006.10.90.00-Otherတို့၏ သွင်းကုန် အကောက်ခွန် နှုန်းမှာ သုည (ဝ%)ဖြစ်ပါသည်။  ကျန် အကောက်ခွန်လိုင်း    အားလုံးအပေါ် စည်းကြပ်သည့်  အကောက်ခွန်နှုန်းမှာ နှုန်းတစ်မျိုးတည်းဖြစ်ပါသည်။ တန်ဖိုး၏ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ဗီယက်နမ်နိုင်ငံ ဆန်၊ ဆန်ကွဲကို အကောက်ခွန်နှုန်း  လျှော့ချဖယ်ရှားပေးမည့်သာမန်လမ်းကြောင်း (၁)တွင် ထည့်ထားပါသည်။ HS. 1006အောက်ရှိ ဆန်နှင့်ပတ် သက်သော အကောက်ခွန်လိုင်းအားလုံး အနက် HS. 1006.10.10.00-suitable for sowing မှလွဲ၍ ကျန် အကောက် ခွန်လိုင်းအားလုံးအပေါ်စည်းကြပ်သည့် အကောက်ခွန်နှုန်းမှာ တစ်မျိုးတည်းဖြစ် ပါသည်။ တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းဖြစ်ပါ သည်။ ယင်း ၄၀ ရာခိုင်နှုန်းကို နှစ်စဉ် လျှေ၁ာ့ချမည်ဖြစ်ရာ ၁-၁-၂၀၁၈ နေ့ တွင် သုည (ဝ%)သို့ရောက်ရှိမည်ဖြစ်ပါ သည်။ HS. 1006.10.10.00၏ အကောက်ခွန်နှုန်းမှာ သုည (ဝ%)ဖြစ် ပါသည်။သုံးသပ်ချက် အိန္ဒိယနိုင်ငံသည် ဘာစမာတီဆန် ကဲ့သို့ တန်းမြင့်ဆန်များကို ပြည်ပသို့ တင်ပို့ရောင်းချပြီး၊ တန်းလတ်ဆန်များ ကို ပြည်တွင်းစားသုံးမှုအတွက် ပြန် လည် ဝယ်ယူတင်သွင်းသည့်နိုင်ငံဖြစ်ပါ သည်။ ထိုသို့ ပြည်ပသို့ဆန်တင်ပို့ရောင်း ချခြင်းနှင့် ပြည်ပမှဆန်ဝယ်ယူတင်သွင်း ခြင်းကိုလည်း အစိုးရက စနစ်တကျ ထိန်းချုပ်ထားပါသည်။ ထို့ကြောင့် ဆန် ကို FTAမှ ဖယ်ထုတ်ထားခြင်းဖြစ်ပါ သည်။ အာဆီယံအတွက် လွတ်လပ် သော  ဆန်ဈေးကွက်   မပါဝင်သည့် အာဆီယံ-အိန္ဒိယFTAဖြစ်ပါသည်။မောင်မောင်ရီ (ဘောဂဗေဒ)