Main menu

Background

မလေးရှားရင်းဂစ်တန်ဖိုးမြင့်တက်ခြင်းနဲ့အတူ မလေးရှားစားအုန်းဆီဈေးကျ

Thu, 03/19/2015 - 21:41 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

ယခုရက်သတ္တပတ်မှာ ရင်းဂစ်တန်ဖိုး  မြင့်တက်လာပြီး ရင်းနှီးမြှုပ်နှံသူတွေက စားအုန်းဆီဝယ်လိုအားကျဆင်းမယ် လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါကြောင့် မလေးရှားစားအုန်းဆီဈေး က မတ်လ ၁၂ ရက်မှာ ကျဆင်းခဲ့ရာ သုံးနှစ်အတွင်း ခြောက် ရက်မြောက်ကျဆင်းခဲ့တာဖြစ်ပါတယ်။
ပဲပုပ်ဆီဈေးနှုန်းကျဆင်းမှုကြောင့်  ဈေးနှုန်းကို အဓိက ဦးစားပေးစဉ်းစားကြတဲ့  ဝယ်သူတွေက ပဲပုပ်ဆီဘက်ကို ဦး လှည့်လာတာတွေ့ရကြောင်း   ကုန်သည်တစ်ဦးက ပြောပါ တယ်။
 ''ယခုအချိန်မှာ ဝယ်လိုအားက  ကျဆင်းနေပြီး ထုတ် လုပ်မှုက မြင့်တက်နေပါတယ်''လို့  စင်ကာပူရှိ ကုန်စည်ပွဲစား လုပ်ငန်းက ကုန်သည်တစ်ဦးက ပြောပါတယ်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလကစပြီး  ပို့ကုန်ပမာဏဆိုး ဆိုးဝါးဝါးကျဆင်းခဲ့ခြင်းနဲ့အတူ မလေးရှားနိုင်ငံရဲ့ စားအုန်း ဆီတင်ပို့မှုက ယခုလမှာ ဆက်လက်ကျဆင်းခဲ့ပါတယ်။ လွန် ခဲ့တဲ့ လနဲ့နှိုင်းယှဉ်ရင် မတ်လ ၁ မှ ၁၀ ရက်အတွင်း ၁၂ ရာခိုင် နှုန်းမှ ၁၉ ရာခိုင်နှုန်းအတွင်း  ကျဆင်းခဲ့တာကို တွေ့ရပါ တယ်။
ဘာဆာမလေးရှား   ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange )  မှာ စားအုန်းဆီဈေးက မတ်လ ၁၁ ရက်နေ့က တစ်တန်ကို ၂၂၈၀ ရင်းဂစ်နှုန်းထိ ခေတ္တမျှမြင့်တက် ခဲ့ပြီးနောက် တစ်တန်ကို ၂၂၄၃ ရင်းဂစ် (၆၀၈ ဒေါ်လာ) နှုန်း ရှိခဲ့ပါတယ်။
စုစုပေါင်းကုန်သွယ်မှုပမာဏက ၂၅ တန်ရှိအတွဲပေါင်း ၃၈၁၆၆ တွဲရှိခဲ့ရာပျမ်းမျှရောင်းချရသောတွဲ ၃၅၀၀၀ အထက် မှာရှိနေတာကို တွေ့ရပါတယ်။
မလေးရှားရင်းဂစ်တန်ဖိုးက မတ်လ ၁၁ ရက်မှာ တစ် ဒေါ်လာကို ၃ ဒသမ ၇၁၇၀  ရင်းဂစ်နှုန်းနဲ့ ခြောက်နှစ်အတွင်း အနိမ့်ဆုံးနှုန်းကိုကျဆင်းခဲ့ပြီးနောက် မတ် ၁၂ ရက်မှာ တစ် ဒေါ်လာကို ၃ ဒသမ ၆၈၉၀ ရင်းဂစ်နှုန်းထိ  ရင်းဂစ်တန်ဖိုး မြင့်တက်ခဲ့ပါတယ်။
စာရင်းဇယားများကို  အခြေခံတွက်ချက်မှုအရ စား အုန်းဆီ အနိမ့်ဆုံး  တစ်တန်ကို ၂၂၁၈ ရင်းဂစ်နှုန်း ဖြစ်မယ် လို့ ရိုက်တာသတင်းဌာနရဲ့ ဈေးကွက်လေ့လာဆန်းစစ်ရေးမှူး ဝမ်တာအိုက ပြောပါတယ်။ စားအုန်းဆီကုန်သည်များအနေနဲ့  မတ် ၁၁ ရက်က စတင်ခဲ့တဲ့ အာဂျင်တီးနားရဲ့ သုံးရက်ကြာဆန္ဒ ပြမှုကို  စောင့်ကြည့်လျက်ရှိပါတယ်။   ထိပ်တန်းပဲပုပ်တင်ပို့သူ လေးဦးအနက်  သုံးဦးအပါအဝင် အာဂျင်တီးနားလယ်သမား တွေက ပဲပုပ်ဆီရောင်းချမှုကို ရပ်တန့်ဖို့ ဆန္ဒပြလျက်ရှိပါတယ်။
မေလစာချုပ်အရ ဒါလီယံဈေးကွက်မှာ ပဲပုပ်ဆီဈေးက သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး  အမေရိကန်ပဲပုပ်ဆီရဲ့ မေလအတွက် ချုပ်ဆိုတဲ့ စာချုပ်ဈေးက သုည ဒသမ ၁ ရာခိုင် နှုန်း ကျဆင်းခဲ့ပါတယ်။
ဉာဏ်တင်