Main menu

Background

အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ်အထွက်နှုန်းကို လျှော့ချခန့်မှန်းမှုကြောင့် စားအုန်းဆီဈေးမြင့်တက်

Fri, 10/30/2015 - 17:40 -- journal_editor

           အရွယ်ရောက်ပြီးဖြစ်တဲ့ စားအုန်းဆီပင်တွေရဲ့ အထွက်နှုန်းမြင့်တက်ခဲ့ပေမယ့် အယ်နီညို ခြောက်သွေ့ရာသီဥတုပုံစံကြောင့် အထွက်နှုန်းတွေ ပြန်ကျဆင်းမယ့်လက္ခဏာတွေရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာမှာ စားအုန်း ဆီ အများဆုံးထုတ်လုပ် နေတဲ့ အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ်မှာ စားအုန်းဆီအထွက် နှုန်းကျဆင်းမယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် မလေးရှားစားအုန်း ဆီကြိုရောင်းကြိုဝယ်ဈေးက အောက်တိုဘာ ၂၁ ရက်နေ့မှာ သီတင်းနှစ်ပတ် အတွင်း အမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့ကြောင်း dawn ဝက်ဘ်ဆိုဒ်သတင်းမှာဖော်ပြပါတယ်။ ဘာဆာမလေးရှား  ကုန်စည်ဒိုင် (Barsa Malaysia Derivatives Exchange)  မှာ ဒီဇင်ဘာလအတွက် စား အုန်းဆီရဲ့ အခြေခံစံထားေ ဈးနှုန်းက ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၂၃၆၆ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၅၃ ဒသမ ၄၅) နှုန်းရှိခဲ့ပါတယ်။
          "မုတ်သုံရာသီနဲ့ပတ်သက်တဲ့ ထူးထူးခြားခြားအရိပ်အယောင် မတွေ့ရသေးပါဘူး။ ဒါကြောင့် စားအုန်းဆီစိုက်ပျိုး ရေးလုပ်ငန်းသမားတွေအတွက် စိုးရိမ်စရာတွေဖြစ်ခဲ့ပါတယ်။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဈေးနှုန်းတွြေ ပန်ပြီးမြင့်တက် လာနိုင်ပါတယ်" လို့ ကုန်သည်တစ်ဦးကပြောပါတယ်။ စားအုန်းဆီရောင်းချရတဲ့ပမာဏက ၂၅ တန်ရှိအတွဲ ၄၃၁၀၁ တွဲရှိတဲ့အတွက် နေ့စဉ်ပျမ်းမျှရောင်းချ နေကျအတွဲ ဖြစ်တဲ့ ၃၅၀ဝ၀ အထက်မှာရှိနေပါတယ်။ အ င်ဒိုနီးရှားနိုင်ငံရဲ့  စားအုန်းဆီကြမ်း ထုတ်လုပ်မှုက ၂၀၁၆ ခုနှစ်မှာ တန် ၃၃ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီပမာဏက ကနဦးခန့်မှန်းထားတဲ့ ပမာဏအောက် တန်ချိန် ၅ သိန်းကျဆင်းနေတာကိုတွေ့ရပါတယ်။ ယခုကဲ့သို့ ကျဆင်းရခြင်းမှာ အယ်နီညိုရာသီဥတုကြောင့် အရှေ့တောင်အာရှဒေသမှာ ခြောက်သွေ့တဲ့ရာသီပိုမို ရှည်လျားပြီး လယ်ယာစိုက်ပျိုးရေး ကုန်ပစ္စည်းထုတ်လုပ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် ဖြစ်ပါ တယ်။ ယခုနှစ်အတွက် အင်ဒိုနီး ရှားနိုင်ငံရဲ့ စားအုန်းဆီကြမ်း ထုတ်လုပ်မှုက ၃၁ ဒသမ ၅ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ထုတ်လုပ်မှုကျဆင်းလာတာကြောင့် စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ ရာသီ ဥတု ပူပြင်းခြောက်သွေ့မှုက ဒေသတွင်း စားအုန်းဆီထုတ်လုပ်မှုကို ထိခိုက်လာမှာကို စိုးရိမ်ပူပန် လာတဲ့အတွက် လွန်ခဲ့တဲ့နှစ်လအတွင်း စားအုန်းဆီဈေးတွေ မြင့်တက်လာခဲ့ပြီး တစ်တန်ကို ရင်းဂစ် ၂၃၀ဝ (အမေရိကန်ဒေါ်လာ ၅၄၃ ဒေါ်လာ) ဝန်းကျင်ကိုရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် စားအုန်း ဆီသိုလှောင်လက်ကျန်စံချိန်တင် မြင့်တက်မှု၊ ထုတ်လုပ်မှု ပမာဏစံချိန်တင်နီးပါးရောက်ရှိမှု၊ ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုနဲ့ ပဲပုပ်ဆီသိုလှောင် လက်ကျန်မြင့်မားမှု တို့ကြောင့် ဈေးနှုန်း တွေ ထပ်မံမြင့်တက်လာဖို့ နှောင့်နှေးနေဦးမှာ ဖြစ်ပါတယ်။
          စားအုန်းဆီကြမ်းထုတ်လုပ်မှုက ပဲပုပ်ဆီထုတ်လုပ်ရေး လုပ်ငန်းရဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုနဲ့   ရင်ဆိုင်နေရပါတယ်။ ပဲပုပ်ဆီရဲ့ ယခင်နှစ်ထုတ်လုပ်မှုက စံချိန်တင်အဆင့်ကိုရောက် ရှိခဲ့ပြီး ယခုနှစ်မှာလည်း ဆက်လက်မြင့် တက်မယ်လို့ ခန့်မှန်းထားပါတယ်။ စားအုန်းဆီကြမ်းနဲ့ ပဲပုပ်ဆီတို့ရဲ့ ဈေးနှုန်းခြားနားချက် က ၂၀ဝ၈ ခုနှစ်က ၂၆ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်မှာ ၉ ဒသမ ၉ သာရှိတော့ကြောင်း ဘလွမ်းဘတ်ရဲ့ အစီရင်ခံစာမှာ ေ ဖာ်ပြထားပါတယ်။

 

ဉာဏ်တင်