Main menu

Background

မလေးရှားနိုင်ငံသုံးငွေကြေး ရင်းဂစ်ခိုင်မာမှုကြောင့် စားအုန်းဆီဈေးနှုန်းကျဆင်း

Thu, 04/07/2016 - 11:58 -- journal_editor

             မလေးရှားနိုင်ငံသုံး ငွေကြေးရင်းဂစ်ခိုင်မာမှုကြောင့် ဈေးနှုန်းများ ကျဆင်းတဲ့အတွက် ရက်ပေါင်းများစွာ မြင့်တက်လာခဲ့တဲ့ စားအုန်းဆီကြိုရောင်းဈေးကလည်း မတ် ၃၀ ရက် မှာ ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ပါတ ယ်။ စားအုန်းဆီဈေးနှုန်းက နှစ်စမှ မတ်လအထိ  ကာလအတွင်း ၈  ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး မတ် ၂၉ ရက်မှာ တစ်တန်ကို ၂၇၉၃ ရင်းဂစ်အထိရောက်ရှိခဲ့ရာ နှစ်နှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ အခြားဟင်းရွက် ဆီဈေးနှုန်းများ မြင့်တက်မှုနဲ့အတူအယ်လ်နီညိုရာသီဥတုပုံစံကြောင့်  အထွက် နှုန်း ကျဆင်းနိုင်တယ်ဆိုတဲ့    စိုးရိမ်မှုတွေကြောင့်လည်း စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။
            ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ (Bursa Malaysia Derivatives Exchange ) မှာ ဇွန်အတွက် ဖြန့်ချိမယ့် စားအုန်း ဆီကြိုရောင်းဈေးက ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ် တန်ကို ၂၇၄၉ ရင်းဂစ် (အမေရိကန်ဒေါ် လာ ၆၉၈ ဒေါ်လာ)နှုန်းရှိခဲ့ရာ တစ်လနီးပါး ကာလအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ရောင်းချမှုပမာဏမှာ ၂၅ တန်ရှိအတွဲပေါင်း ၄၄၈၂၃ တွဲအထိရောက်ရှိခဲ့ရာ ၂၀၁၅ ခုနှစ်အတွင်း  နေ့စဉ်ပျမ်းမျှ ရောင်းချ ရနှု န်းဖြစ် တဲ့ ၄၄၆၀၀ တွဲထက်သာလွန်ခဲ့တာကို တွေ့ ရပါတယ်။
            ''ဒီနေ့ ဈေးကွက်မှာ ရင်းဂစ်က  အဓိကကျတဲ့ အခန်း ကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုမြင့်တက်မှုကြောင့် ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက် ရာကနေ ပြန်ကျဆင်းလာ တာဖြစ်ပါတယ်''လို့ ကွာလာလမ်ပူမှ ကုန်သ ည်တစ်ဦးမှ ပြော ပါတယ်။ ငွေကြေးမူဝါဒတင်းကျပ်ဖို့ကိစ္စနဲ့  ပတ်သက်ပြီး သတိထားဆောင်ရွက်သွားမှာဖြစ်ကြောင်း ယခုရက်ပိုင်းအတွင်းမှာ အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က  ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ထွက်ပေါ် လာပြီးနောက်ပိုင်း အမေရိကန်ဗဟို ဘဏ်အတိုးနှုန်း  မြှင့်တင်ပေးမယ့်အလားအလာ နှေးကွေးလာ တဲ့အတွက်  ထွန်းသစ်စအာရှငွေကြေးများ တန်ဖိုးမြင့်တက်လာခြင်းနဲ့ အတူ  ရင်းဂစ်တန်ဖိုးလည်း မြင့်တက် လာခဲ့ပါတယ်။ ေ ဒါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးက ၁ ဒသမ ၄ ရာခိုင် နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၃ ဒသမ ၉၃၈၀ ရင်းဂစ်နှုန်းအထိ ရောက်ရှိခဲ့ရာ ရင်းဂစ်တန်ဖိုးက ခုနစ်လအတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ စားအုန်းဆီကိုရောင်း၀ ယ်ရာမှာ ဈေး နှုန်းသတ်မှတ်တဲ့အခါ ရင်းဂစ်ကိုအသုံးပြုပါတယ်။ ရင်းဂစ် တန်ဖိုးမြင့်တက်လာတဲ့အခါ   တခြားနိုင်ငံခြားငွေကြေးကို ကိုင်ဆောင်ထားတဲ့ကုန်သည်တွေအတွက် စားအုန်းဆီဈေး မြင့်တက်သွားနိုင်ပါတယ်။
            စားအုန်းဆီဈေးက အမြင့်ဆုံးနှုန်းဖြစ်တဲ့ (Resistance Price ) က တစ်တန် ၂၇၇၆ ရင်းဂစ်နှုန်းကို ဖောက်ထွက်မြင့် တက်နိုင်ခြင်းမရှိတဲ့အတွက် အနိမ့်ဆုံးဈေးနှုန်း(Support Price ) ဖြစ်တဲ့ တစ်တန်ကို ၂၇၁၆ ရင်းဂစ်နှု န်းအထိ  ကျဆင်း နိုင်တယ်လို့ စာရင်းအင်းများကို အခြေခံပြီး ဈေးနှုန်းအခြေ အနေကို လေ့လာဆန်းစစ်နေတဲ့ ရိုက်တာဈေးကွက်လေ့လာဆန်းစစ်ရေးမှူး ဝမ်တာအိုက ပြောပါတယ်။ အခြားဟင်းရွက်ဆီဈေးကွက်တွေဖြစ်တဲ့ ချီကာ ဂိုကုန် သွယ်ရေးဘုတ်အဖွဲ့ (Chicago Board of Trade ) မှာ မေလ အတွက် ပဲပုပ်ဆီကြိုရောင်းဈေးက သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်(Dalian Commodity Exchange ) မှာ စက်တင် ဘာလအတွက် ပဲပုပ်ဆီကြိုရောင်း ဈေးက သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပါတယ်။

 

ဉာဏ်တင်