Main menu

Background

အာရှတွင် ထုတ်လုပ်မှု ပြန်လည်နာလန်ထူလာသည့်အတွက် စားအုန်းဆီကြမ်းဈေးနှုန်းကျဆင်း

Thu, 02/16/2017 - 12:42 -- journal_editor

     စားအုန်းဆီ သိုလှောင်လက်ကျန် ကျဆင်းလာသည့်အတွက် စားအုန်းဆီကြမ်းဈေးနှုန်းများမှာ ရေတိုတွင် အထိုက်အလျောက် မာနေဦးမည်ဖြစ်ကြောင်း Hallinicshipping news သတင်းတွင် ဖော်ပြသည်။ သို့သော်လ ည်း စားအုန်းဆီကြမ်း (Crude Palm Oil) ရောင်းလိုအား အခြေအနေပေါ်တွင် မူတည်၍ ယခုနှစ်ဒုတိယ သုံးလပတ်ဈေးနှုန်းမှာ မက်ထရစ်တစ်တန်ကို ရင်းဂစ် ၂၆၀၀ ထိ ကျဆင်းလာနိုင်ကြောင်း CIMB Bank Malaysia ၏ ခြံစိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းခေါင်းဆောင် အိုင်ဗီအင်းက ပြော သည်။
       လာမည့်လေးလမှ  ခြောက်လအတွင်း စားအုန်းဆီ ဈေးနှုန်းအတက်အကျမှာ အကြောင်းတရားအချို့အပေါ်တွင် မူတည်နေသည်။ ထိုအကြောင်းတရားများထဲတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဇီဝလောင်စာဆီ မူဝါ ဒ၊ ပဲပုပ်ဆီဈေး နှုန်း၊ ယခုနှစ်အတွင်း တရုတ်နိုင်ငံက ပဲပုပ်ဆီ အသုံးပြုမှု အခြေအနေနှင့် ရာသီဥတုအခြေအနေစသည့် အကြောင်းတရား များပါဝင်ကြောင်း အင်းက ပြောသည်။ အကယ်၍ ထရမ့်က အမေရိကန်ဇီဝလောင် စာဆီ မူဝါဒကို ပြန်လည်ပြင်ဆင်မည်ဆိုပါက ထိုပြင်ဆင်မှုကြောင့်စားအုန်း ဆီနှင့်ပဲပုပ်ဆီအပါအဝင် ဟင်းရွက်ဆီများ၏ အဓိက ဝယ်လိုအား ရင်းမြစ်ကို ပိတ်ပင်သွားနိုင်သည့်အတွက် ကမ္ဘာတစ်ဝန်းရှိ ဟင်းရွက်ဆီဈေးနှုန်းများကို တိုက် ရိုက်ထိခိုက်နိုင်သည့် မည်ဖြစ်ရာ ဇီဝလောင်စာဆီမူဝါဒက အလွန်အရေးပါသည့် အချက်ဖြစ်ကြောင်း သူမက ပြောသည်။
       ထရမ့်မှာ ကြိုတင်ခန့်မှန်းရခက်သူဖြစ်သည့်အတွက် လက်ရှိဇီဝလောင်စာဆီ မူဝါဒကို ပြောင်းပြန်လှန်ပစ်မည်ဆိုပါက လယ်ယာစိုက်ပျိုးရေး ကုန်စည်ဈေးနှုန်းများကိုထိခိုက် နိုင်ပြီး ထရမ့်၏အမာခံ မဲဆန္ဒနယ်ဖြစ်သော အနော က် အလယ်ပိုင်းဒေသကို အထိနာစေနိုင်ကြောင်း အင်းက ပြောသည်။ စားအုန်းဆီကြမ်းအပေါ်တွင် သြဇာသက်ရောက်မှုရှိ နိုင်သော အခြားအကြောင်းတရားတစ်ခုမှာ တရုတ် ပဲပုပ်ဈေး နှုန်းဖြစ်ကြောင်းနှင့် တရုတ်ပဲပုပ်ဝယ်လို အားက ပဲပုပ်ဆီဈေးနှုန်းအတက်အကျကို အဆုံးအဖြတ်ပေးရာတွင် အရေးပါသော အကြောင်းတရားတစ်ခုဖြစ်ကြောင်း သူမကပြောသည်။ အမေရိကန်ပြည်ထောင်စု အရက်ချက်စက်ရုံထွက် သီးနှံဖတ်အခြောက် (Dried Distell -ers Grain) များနှင့် ပတ်သက်၍ တရုတ်နိုင်ငံက တန်ပြန်စုပုံခွန်ကို ပြဋ္ဌာန်းထားသည်။ ထိုဘေးထွက်ပစ္စည်းနေရာတွင် ပရိုတိန်းပါဝင်မှု  ပိုမိုမြင့်မား သော ပဲပုပ်ဖတ်ဖြင့် အစားထိုးသွားရန် စီစဉ်ထားကြောင်း သူမက ပြောသည်။ အကယ်၍ တရုတ်နိုင်ငံက ပဲပုပ်များကို တိရစ္ဆာန် အတွက် ပိုမိုကြိတ်ခွဲမည်ဆိုပါက ပဲပုပ်ဆီထွက်ရှိမှုလည်း ပိုမို လာကာ ဈေးနှုန်းများ ကျဆင်းစေနိုင်ကြောင်း အင်းက ပြော သည်။ ဈေးကွက်က ခန့်မှန်းထားသည့်အတိုင်း စားအုန်း ဆီကြမ်း ရောင်းလိုအား ပြန်လည်မြင့်တက်ပြီး ပဲပုပ်ဈေးများ ကျဆင်းပါက  စားအုန်းဆီနှင့်ပဲပုပ်ဆီတို့၏ ယှဉ်ပြိုင်မှု စွမ်း ရည်ကို ထိန်းထားရန်နှင့် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရန်  စားအုန်း ဆီကြမ်းဈေးနှုန်းလည်း ကျဆင်းနိုင်သည်။ ေ နာက်ဆုံးအနေဖြင့် လာမည့်လများတွင် စားအုန်းဆီ ကြမ်းဈေးနှုန်းများ အတက်အကျအတွက်   ရာသီဥတုအခြေ အနေကလည်း အရေးပါသောကဏ္ဍမှပါဝင်နေကြောင်း အင်း က ပြောသည်။

 

ဉာဏ်တင်