Main menu

Background

ပြည်ပတင်ပို့မှုကျဆင်းသဖြင့် မလေးရှားစားအုန်းဆီကြိုရောင်းကြိုဝယ်ဈေးကျဆင်း

Tue, 02/06/2018 - 15:02 -- journal_editor

          ကမ္ဘာပေါ်တွင်စားအုန်းဆီဒုတိယအများဆုံးထုတ်လုပ် လျက်ရှိသော မလေးရှားနိုင်ငံ၏ စားအုန်းဆီပြည်ပတင်ပို့မှု သည် ဇန်နဝါရီတွင် ၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ထိုသို့ စားအုန်းဆီတင်ပို့မှုကျဆင်းကြောင်း ကိန်း ဂဏန်းအချက်အလက်များ ထွက်ပေါ်ခဲ့ပြီးနောက် ဖေဖော် ဝါရီ ၂ ရက်က  စားအုန်းဆီကြိုရောင်းကြိုဝယ်ဈေးမှာလည်း ကျဆင်းလာခဲ့သည်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange)၏  ဧပြီတွင်ဖြန့်ဝေရန် ချုပ်ဆို သော ပဋိညာဉ်စာချုပ်အရ  စားအုန်းဆီ၏အခြေခံ စံထား ဈေးနှုန်းမှာ ဖေဖော်ဝါရီ ၂ရက်  နေ့လယ်ဈေးကွဲချိန်က တစ်တန် ကို ၂၄၇၂ ရင်းဂစ်(အမေရိကန်ဒေ ါ်လာ ၆၃၅ ဒသမ ၉၇) နှုန်းသို့ရောက်ရှိခဲ့သည့်အတွက်  နေ့အလိုက်ကျဆင်းနှုန်းမှာ သုည ဒသမ ၈ ရာခိုင်နှု န်းကျဆင်းပြီး ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။
            ဖေဖော်ဝါရီ ၂ ရက်နေ့လယ်က ရောင်းချရသောပမာဏ မှာ ၂၅တန်ရှိ အတွဲ ၁၁၁၁၈ တွဲရှိခဲ့သည်။ "ဈေးကွက်အခြေအနေကိုကြည့်ရတာကတော့ ပို့ကုန် ကျဆင်းတဲ့အခြေအနေပေါ်မူတည်ပြီး  ဖြစ်ပေါ်နေတယ်လို့ တွက်ဆရပါတယ်"ဟု  ကွာလာလမ် ပူရှိ   ကြိုရောင်းကြိုဝယ် လုပ်ငန်းတစ်ခုအဖြစ်သော Phillip Future မှဒေးဗစ်အင်းက ပြောသည်။ မလေးရှားနိုင်ငံ၏စားအုန်းဆီ  ပြည်ပတင်ပို့မှုသည် ဇန်နဝါရီတွင် ၈ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၁၃၁၂၆၇၉ တန်ရှိခဲ့သည်။ ကုန်စည်ပို့ဆောင်ေ ရး စစ်တမ်း ကောက်ယူရေးအဖွဲ့Societe Generale de Surveillance ထံမှ ဖေဖော်ဝါရီ ၁ ရက်က ရရှိသောကိန်းဂဏန်းများ အရ လစဉ်ကျဆင်း မှုမှာ တစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။
          အခြားဆီတစ်မျိုးဖြစ်သော ပဲပုပ်ဆီဈေးကိုကြည့်ပါက အမေရိကန်ပြည်ထောင်စု  ချီကာဂိုဘုတ်အဖွဲ့တွင် မတ်လ အတွက်ကြိုတင်ချုပ်ဆိုသော စာချုပ်ဈေးမှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တရုတ်နိုင်ငံဒါလီယံ ကုန်စည်ဒိုင်တွင် မေအတွက် စား အုန်းဆီကြိုရောင်းဈေးမှာ အပြောင်းအလဲ မရှိသလောက်ဖြစ်ခဲ့သည်။ စားအုန်းဆီသည် ကမ္ဘာ့ဟင်းရွက်ဆီဈေးကွက်တွင် အခြားသော ဟင်းရွက်ဆီများနှင့်ယှဉ်ပြိုင်နေရသည့်အတွက် စားအုန်း ဆီဈေးမှာ အခြားသောဆီများ၏ဈေးနှုန်းအတက် အကျနှင့် အညီ လိုက်ပါ ပြောင်းလဲလျက်ရှိသည်။

 

ဉာဏ်တင်