Main menu

Background

ရောင်းလိုအားကျဆင်းမှုကြောင့် စားအုန်းဆီဈေးနှုန်းမြင့်တက်

Wed, 08/24/2016 - 15:34 -- journal_editor

      စားအုန်းဆီရောင်းလိုအား ကျဆင်းမှုက ဈေးကွက်ကို အထောက်အကူဖြစ်စေတဲ့အတွက်   သြဂုတ် ၁၇ ရက်က မလေးရှား စားအုန်းဆီကြိုရောင်းဈေးက လေးရာခိုင်နှုန်းမြင့် တက်ကာ ၁၀ လအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ ပါတယ်။ စားအုန်းဆီရောင်းဝယ်ရာမှာ အသုံးပြုတဲ့ ငွေကြေးဖြစ် တဲ့ ရင်းဂစ်တန်ဖိုးမြင့်တက်မှုကြောင့် နိုင်ငံခြား  ငွေကြေးကို အသုံးပြု ဝယ်ယူသူတွေအတွက် စားအုန်းဆီကို ဝယ်ယူတဲ့ အခါ ငွေကြေးပိုမိုစိုက် ထုတ်နေတာ ကို ေ တွ့ရပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Verivatives Exchange) မှာ အောက်တိုဘာအတွက် စားအုန်းဆီ အခြေခံစံထားဈေးနှုန်းက ၄ ဒသမ ၁ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်တန်ကို ၂၆၄၃ ရင်းဂစ် (အမေရိ ကန် ဒေါ်လာ  ၆၅၉) နှုန်းရှိခဲ့ပါတယ်။ ဒါကြောင့် ဈေးဖွင့်ရက် လေးရက်အနက် သုံးရက်မြောက်အဖြစ် စားအုန်းဆီဈေး မြင့်တက်ခဲ့ပါ တယ်။ စောစောပိုင်းက အမြင့်ဆုံးရရှိခဲ့တဲ့ ဈေးကတစ်တန်ကို ၂၆၆၈ ရင်းဂစ်နှုန်းဖြစ်ခဲ့ ရာ စက်တင်ဘာ ၂၅ ရက် နောက်ပိုင်း တစ်ရက်အတွင်း တိုးတက်နှုန်းအများဆုံးဖြစ်ခဲ့ပြီး ဇွန် ၇ ရက် နောက်ပိုင်း ဈေးအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
      သြဂုတ် ၁၆ ရက်ဈေးပိတ်ချိန်က ရရှိခဲ့တဲ့ စာရင်းများအရ ရောင်းချရတဲ့ပမာဏက ၂၅ တန်ရှိ အတွဲ ၇၆၀၃၉ တွဲ ရှိခဲ့ရာ ၂၀၁၅ ခုနှစ်အတွင်း ပျမ်းမျှရောင်းချရတဲ့ အတွဲဖြစ်တဲ့  ၄၄၆၀၀ တွဲနဲ့ နှိုင်းယှဉ်ရင် မြင့်တက်နေ တာ ကို ေ တွ့ရပါတယ်။ စားအုန်းဆီဈေးမြင့်တက်မှုကြောင့် စားအုန်းဆီနဲ့ ပဲပုပ်ဆီတို့ရဲ့ ဈေးနှုန်းကွာဟချက်က နည်းပါးလာတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ စားသုံးဆီတင်သွင်းမှုမှာ စားအုန်းဆီပါဝင်မှု အချိုးက ကျဆင်းလာခဲ့ပါတယ်။ ယခုရော င်းဝယ်ရေးနှစ် အတွင်းမှာ စံချိန်တင်ကျဆင်းလိမ့်မယ်လို့လည်း ခန့်မှန်းပါတယ်။ "အယ်နီညို အကျိုးသက်ရောက်မှုကြောင့် စားအုန်းဆီရောင်းလိုအား ကျဆင်းခဲ့ပါတယ်"လို့ ကွာလာလမ်ပူ အခြေစိုက် အရောင်းတာဝန်ခံတစ်ဦး က ပြောပါတယ်။ နောက် တစ်လအထိ  ဒီအတိုင်း ဆက်သွားလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အများပြည်သူရုံးပိတ်ရက် ဖြစ် တာကြောင့် ဈေးကွက်ထဲမှာ စားအုန်းဆီရောင်းချသူနည်းပါး နေတယ်လို့ အခြားအရောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။ ဒါကြောင့် လက်ရှိရောင်းလိုအားကို အားနည်းကျဆင်းစေခဲ့ပါ တယ်။ ကမ္ဘာမှာ စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီ ထုတ်လုပ်မှုက အယ်လ် နီညို ရာသီဥတုဂယက်ကြောင့် ဇူလိုင်အတွင်းက တန် ၁ ဒသမ ၅၉ သန်းသာရှိတဲ့အတွက်  လအလိုက်နှိုင်းယှဉ်ရင် ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပါတယ်။
        ကာလတူချင်းနှိုင်းယှဉ်ရင် ဇူလိုင်ထုတ်လုပ်မှုက ခြောက်နှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။ ရာသီဥတုအခြေ အနေကြောင့် အရှေ့တောင်အာရှဒေသမှာ အဆမတန် ပူပြင်းတဲ့အတွက် ထိပ်တန်းစားအုန်းဆီ ထုတ်လုပ်တဲ့ နို င်ငံ တွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ သီးနှံတွေ ပျက်စီးပြီး ထွက်နှုန်းကျဆင်းခဲ့ပါတယ်။ အခြားဟင်းရွက်ဆီဈေးကွက်ဖြစ်တဲ့ တရုတ်ဒါလီယံကုန်စည်ဒိုင်ဈေးကွက်မှာ ဇန်နဝါရီအတွက် ပဲပုပ်ဆီဈေးက သုညဒသမ ၅ ရာခိုင်နှု န်းမြင့်တက်ပြီး အမေရိကန်ချီကာဂို ဈေးကွက်မှာ ဒီဇင်ဘာအတွက် စားအုန်းဆီ ကြိုရောင်းဈေးက ၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပါတယ်။

 

ဉာဏ်တင်