Main menu

Background

ဝယ်လိုအားအတွက် စိုးရိမ်မှုများကြောင့် မလေးရှားစားအုန်းဆီဈေးများ ရက်သတ္တပါတ်အတွင်းအနိမ့်ဆုံးသို့ကျဆင်း

Tue, 01/23/2018 - 11:24 -- journal_editor

ဥရောပသမဂ္ဂ (အီးယူ)ကဇီ၀ လောင်စာဆီထုတ်လုပ်ရာ တွင် စားအုန်းဆီသုံးစွဲမှုကို ပိတ်ပင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာယင်း အခြေအနေ က   ဝယ်လိုအားကို ဂယက်ရိုက် ခတ်လာမည်ကို စိုးရိမ်မှုကြောင့် ဇန်နဝါရီ ၁၈ရက်တွင် မလေးရှားစားအုန်းဆီကြိုရောင်း ဈေးသည်  ရက်သတ္တသုံးပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ကျဆင်းခဲ့သည်။ဘာဆာမလေးရှားကုန်စည်ဒိုင်မှ ဧပြီတွင် ဖြန့်ဖြူးမည့်စားအုန်းဆီ ၏ အခြေခံစံထားဈေးနှုန်းမှာ သုည ဒသမ လေးရာခိုင်နှုန်းကျဆင်းပြီး ညနေဘက်ဈေးပိတ်ချိန်တွင် စားအုန်း ဆီတစ်တန်ကို၂၄၇၆ ရင်းဂစ် (အမေရိကန်ဒေါ်လာ၆၂၆ဒသမ ၂၀)နှုန်းသို့တတိယမြောက်နေ့အဖြစ် ဆက်တိုက်ကျဆင်းခဲ့ ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၈ ရက်နံနက် စောစောပိုင်းက  တစ်တန်ကို ၂၄၆၂ ရင်းဂစ်နှုန်းအထိ ရောက်ရှိရာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ၂၆ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်ခဲ့သည်။   ဈေး ပိတ်ချိန်ထိ ရောင်းချရသော စားအုန်းဆီပမာဏမှာ ၂၅ တန်ရှိ အတွဲ ၄၈၇၄၂တွဲရှိခဲ့သည်ဈေးနှုန်းများကျဆင်းရခြင်းမှာဥရောပ သမဂ္ဂ ရှိ ဥပဒေပြု အမတ်များက ၂၀၂၁ ခုနှစ်မှစ၍ လောင်စာဆီထုတ်လုပ်ရာ တွင် စားအုန်းဆီအသုံးပြုမှုကို   ပိတ်ပင်ရန်  အတည်ပြုမည့် အခြေအနေကြောင့်ဖြစ်ေ ကြာင်း ကုန်သည်များက ပြောသည်။''သိုလှောင်လက်ကျန်မြင့်မားပြီးဝယ်လိုအားကျဆင်း လို့စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဈေးကွက်ထဲမှာ ဈေးတက်နိုင် တယ်ဆိုတဲ့သတင်းမျိုးမရသေးပါဘူး''ဟု ကုန်သည်တစ်ဦးက ပြောသည်။ဇီ ဝလောင်စာဆီ ထုတ်လုပ်ရာတွင်  စားအုန်းဆီသုံးစွဲမှု ကို ပိတ်ပင်ရန် ဥရောပသမဂ္ဂလွှတ်တော်၏ကြိုးပမ်းမှုကို မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံတို့က   ဇန်နဝါရီ ၁၉ရက်က ဝေဖန်ခဲ့ပြီး ကိုယ်ကျိုးစီးပွားကာကွယ်မှုအဖြစ်  သတ်မှတ် ခဲ့ သည်။ ဥရောပမှ တင်သွင်းသည့် စားအုန်းဆီအများစုကို ဇီ၀ လောင်စာဆီပြုလုပ်ရန်   အသုံးပြုခဲ့သည့်အတွက်  ဥရောပ၏ ဝယ်လိုအားကျဆင်းမှုက စားအုန်းဆီအများစုကို ဇီဝလောင်စာဆီ ထုတ်လုပ်ရေးလုပ်ငန်းအတွက်   စိုးရိမ်စရာဖြစ်ခဲ့သည်။ ဇန်နဝါရီပထမလဝက်တွင် စားအုန်းဆီတင်ပို့မှုအခြေအနေ ကိုကြည့်ပါက ကျဆင်းနေကြောင်း ကုန်စည်စစ်တမ်းကောက် ယူသော ကိန်းဂဏန်းအချက်အလက်များအရ တွေ့ရသည်။
ယခင်ကာလတူနှင့်နှိုင်းယှဉ်ပါက   ဇန်နဝါရီ ၁ ရက်မှ ၁၅ရက်အထိ စားအုန်းဆီတင်ပို့မှုသည် ၇ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Intertek Testing Service  စစ်တမ်းကောက် ယူရေးအဖွဲ့၏ကိန်းဂဏန်းများအရ တွေ့ရပြီSociete Generale deSurveillance၏ အစီရင်ခံစာအရ   အလားတူကာလ အတွင်း ၂ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။  ဟင်းရွက်ဆီ လုပ်ငန်းကိုလေ့လာဆန်းစစ် လျက်ရှိသော လေ့လာဆန်းစစ် ရေးမှူး ဂျိမ်းဖရွိုင်းက ၂၀၁၈ ခုနှစ်၌ မလေးရှားနှင့် အင်ဒိုနီး ရှားတွင် ထုတ်လုပ်မှုမြင့်တက်မည်ဟု   ခန့်မှန်းချက်ကြောင့် လည်း ဈေးကွက်အပေါ်  အကျိုးသက်ရောက်မှုရှိခဲ့ကြောင်း အခြားကုန်သည်တစ်ဦးက ပြောသည်။အမေရိကန် ပြည်ထောင်စု ချီကာဂိုကုန်သွယ်ရေးဘုတ် အဖွဲ့တွင် မတ်လအတွက် ပဲပုပ်ဆီကြိုရောင်းဈေးမှာ   သုည ဒသမ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တရုတ်နိုင်ငံ ဒါလီယံဈေး ကွက်ရှိ ပဲပုပ်ဆီဈေးမှာ  သုညဒသမ ၀၃ ရာခိုင်နှုန်း ကျဆင်း ခဲ့သည်။