Main menu

Background

ဖေဖော်ဝါရီလဆန်းမှာ တရုတ်နယ်စပ်မှ ပြောင်းဖူးစေ့ ကန်ဒေါ်လာ ၉ သန်းကျော်ဖိုးတင်ပို့

Fri, 02/20/2015 - 16:07 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

           မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် စခန်းမှ ဖေဖော်ဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ ၉ ဒသမ ၄၅၀ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၃၃၇၄၉ တန်ကျော်တင်ပို့ခဲ့ပါတယ်။  ယခင်ရက်သတ္တပတ်က ၃၁၂၂၆ တန်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်ရဲ့ ပြောင်းတင်ပို့မှု ၂၅၂၃ တန်ကျော် ပိုမိုလာ ပါတယ်။
ဖေဖော်ဝါရီလ  တတိယပတ်မှာ ကျရောက်မယ့်  တရုတ်နှစ်သစ်ကူးပွဲတော် ကလည်း နီးလာတာကြောင့် ယခုလိုပြောင်းတင်ပို့မှုတွေပိုမိုလာတာလို့ သိရပါတယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ပြောင်းတစ်တန် ဈေးဟာ ယခင်တစ်ပတ်က ၂၇၇၂၉၅ ကျပ်ရှိ ရာမှ ယခုတစ်ပတ်မှာတော့ ၂၇၈၄၃၆ ကျပ်သို့ဈေးအနည်းငယ် မြင့်တက်လာပါ တယ်။
တရုတ်နှစ်သစ်ကူးပွဲနီးလာလို့ အချို့ကုန်သည်တွေ  အဝယ်ရပ်နားမှုရှိသလို ဈေးကွက် အခြေအနေကိုတွက်ချက်ဝယ်ယူမှုရှိနေကြောင်း၊ အရောင်းအဝယ်အနေ ဖြင့် တစ်တန်ကို ၁၇၄၀ယွမ်ဖြင့် အရောင်းအဝယ်ရှိကြောင်း မူဆယ် ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်မှ သိရပါတယ်။                      

    မော်မော်အောင်MIRT (DCCA)