Main menu

Background

အရာတော်မြို့နယ်က ဇင်ရွေးရွက်ကို ပြည်ပပို့ကုန်အတွက် တိုးချဲ့စိုက်ပျိုး

Mon, 02/23/2015 - 20:45 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

           စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင်အရာတော်မြို့နယ်က ကျေးရွာ တွေမှာ ဇင်ရွေးပင်ကို အလေ့ကျ ပေါက် ပင်အဖြစ် နေရာအနှံ့တွေ့ရှိရပြီး လွန်ခဲ့ တဲ့ ၃ နှစ်ကျော်က တရုတ်ပြည်အတွက် ဝယ်လက်ကုန်သည်တွေ လာရောက် ဝယ်ယူခဲ့ရာမှ အမယ်သစ်ပြည်ပပို့ကုန် အဖြစ် စီးပွားဖြစ်စိုက်ပျိုးလာကြတာ တွေ့ရပါတယ်။၂၀၁၁-၁၂ ခုနှစ်ခန့်က အရာတော် မြို့နယ်ရှိ ကျေးရွာအုပ်စု ၁၈ အုပ်စုမှာ ဇင်ရွေးပင် ၈၂၃ ဧက ခန့် စိုက်ပျိုးခဲ့ကြ ရာက ဈေးကွက်ဝယ်လိုအားကောင်းမွန် လာတာကြောင့် ၂၀၁၄-၁၅ ခုနှစ်မှာ ကျေးရွာအုပ်စု ၁၉ အုပ်စုအတွင်း ဇင်ရွေးပင် စိုက်ဧက ၁၁၂၅ဧက အထိ တိုးချဲ့စိုက်ပျိုးခဲ့ ကြတယ်လို့ ကိန်းဂဏန်းများအရ သိရှိ ရပါတယ်။ ဇင်ရွေးပင်မှာ စစိုက်တဲ့ နှစ် မှစပြီး ၃ နှစ်ခန့်အထိ အရွက်ခူးဆွတ်နိုင် ပြီး တစ်နှစ်ကို (၃) ကြိမ်ခူးကာ တစ်ဧကကို တစ်နှစ်  ဇင်ရွေးရွက် ၄၇၅ ပိဿာခန့် ရရှိတယ်လို့ ဆိုပါတယ်။
ယခုနှစ်ဇင်ရွေးရွက်ပေါက်ဈေးအနေနဲ့ အရွက်ခြောက် တစ်ပိဿာကို အနိမ့်ဆုံး ၁၀၀၀ ကျပ်- ၁၂၀၀ ကျပ်မှ အမြင့်ဆုံး ၂၉၀၀ ကျပ်-၃၀၀၀ ကျပ် အထိရရှိပြီး တစ်ဧကဝင်ငွေအနေနဲ့ ကျပ် ၉ သိန်းခွဲအထိ ရရှိကြောင်း သိရပါ တယ်။ စိုက်ပျိုးကုန်ကျစရိတ်အနေနဲ့ မူလစိုက်ပျိုးတဲ့နှစ်မှာ တစ်ဧက ၂ ဒသမ ၅ သိန်းခန့် ကုန်ကျပြီး နောက်နှစ်တွေမှာ တော့ ပြုစုထိန်းသိမ်းစရိတ် တစ်ဧက ကျပ် ၁ ဒသမ ၂ သိန်းခန့်သာကုန်ကျလို့ အကျိုးအမြတ်ရရှိမှု ကောင်းမွန်တဲ့ အမယ်သစ် ပြည်ပပို့ကုန်တစ်မျိုးဖြစ်ရာ ကျေးလက်ဒေသရှိ တောင်သူနဲ့ မိသားစု များအတွက် အလုပ်အကိုင်အခွင့် အလမ်းနဲ့ ဝင်ငွေတိုးပွားစေတဲ့ အမယ် သစ်သီးနှံဖြစ်တာမို့ တိုးချဲ့စိုက်ပျိုးသင့် တဲ့ သီးနှံပင်ဖြစ်တာ တွေ့ရပါတယ်။ လောလောဆယ်မှာတော့ တရုတ်ပြည် ဈေးကွက်တစ်ခုသာ ဝယ်လက်ရှိသေး  ပြီး ဈေးကွက်ဈေးနှုန်း ပိုမိုကျယ်ပြန့်စွာ  ရရှိစေဖို့ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနဲ့ ချိတ် ဆက်ဆောင်ရွက်လျက် ရှိတယ်လို့ သိရ ပါတယ်။                    
ထွန်းလှိုင် - မုံရွာ