Main menu

Background

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး

Tue, 02/24/2015 - 20:27 -- journal_editor

အတွဲ(၁၅)၊အမှတ်(၈)

  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းစွာဖြင့် အစား အသောက်များနှင့် လူသုံးကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲနိုင်ရန် အတွက် စားသုံးသူအကာအကွယ်ပေးရေးဥပဒေတွင် ပါရှိသည့် စားသုံးသူဆိုသည့်အဓိပ္ပာယ်၊ စားသုံးသူ၏ အခွင့်အရေး၊ တာဝန် များနှင့် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာ များ အဆက်မပြတ်ရရှိစေရန်ရည်ရွယ်ချက်ဖြင့် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့်စား သုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများသည်  ရန်ကုန်တိုင်းကျန်းမာရေးဦးစီး ဌာနနှင့် ပူးပေါင်း၍  ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲတွင် ထန်းတပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးမြဝင်းက လူတို့အသက်ရှင် နေထိုင်နိုင်ရန် တစ်နေ့တာလုံး အာဟာရပြည့်ဝအောင် စားသုံးနေကြရပါ ကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပေါ်ထွက်လာ ပြီး ဌာနဆိုင်ရာများမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း၊ စားသုံးသူအကာအကွယ်ပေးရေး လုပ်ဆောင်နေမှုများကို သိရှိ ခြင်းဖြင့် မိမိကိုယ်တိုင် လိုက်နာရမည့်အချက်များ သိရှိနိုင်ခြင်း၊ အစားအသောက်များကို ရွေးချယ်စားသောက်တတ်ခြင်း၊ ဆောင် ရန်/ရှောင်ရန်များကိုသိရှိရသဖြင့် ရောင်းသူဝယ်သူအချင်းချင်း အပြန်အလှန်ဗဟုသုတများဖလှယ်နိုင်ခြင်း၊   မိသားစုဆွေမျိုးများမှ တစ်ဆင့် ပတ်ဝန်းကျင်ကိုလည်း ထပ်ဆင့်ဖြန့်ဝေပေးခြင်းဖြင့် ဥပဒေကို လိုက်နာရာရောက်ပြီး သက်တမ်းရှည်ဘဝကို လျှောက် လှမ်းနိုင်မှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းကလည်း နိုင်ငံတော်မှစားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပြဋ္ဌာန်းပြီးဖြစ်၍ နည်းဥပဒေရေးဆွဲ နေသည့်အခြေအနေ၊ စားသုံးသူအကာအကွယ်ပေးရေး ဗဟို ကော်မတီဖွဲ့စည်းခဲ့သည့်အခြေအနေ၊ ဗဟိုကော်မတီ၏လမ်းညွှန် ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှုဖြေရှင်း ရေးအဖွဲ့ ဖွဲ့စည်းခဲ့သည့်အခြေအနေ၊ အဆိုပါအဖွဲ့အောက်တွင် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် စားသုံးသူ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် ထုတ် ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီနှစ်ရပ်ဖွဲ့စည်း ထားမှုအခြေအနေ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိမ်လည်လှည့်ဖြားပြီး အရောင်းမြှင့်တင်ခြင်း၊ ကြေညာခြင်းတို့ အတွက် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်တာဝန်၊ တားမြစ် ချက်များအကြောင်း၊ စားသုံးသူပြည်သူများအား ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရန် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ဥပဒေပါ အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး
ဒေါက်တာခင်မောင်တင်က စားသုံးသူများအနေဖြင့် ပိုက်ဆံပေး၍ ရောဂါဝယ်ယူခြင်းများမဖြစ်စေရန် ကျန်းမာရေးနှင့်ပတ်သက်သည့် ဗဟုသုတများ၊ ပိုးသတ်ဆေး အသုံးပြုထားသည့် အသီးအရွက်များ၊ ပြည့်ဝဆီများ၊ အရောင်ဆိုးဆေးအသုံးပြုထားသော အစား အသောက်များ၊ အသားတု၊ အချိုရည်၊ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသော အစားအသောက်များ၊ ကြက်သားမှုန့် ကွမ်း ယာများ စားသုံးခြင်းဖြင့်ဖြစ်ပေါ်နိုင်သည့် ရောဂါများအကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် စားသုံး ရန်မသင့်သော စားသောက်ကုန်၊ ဆေးဝါးများ၊ ရက်လွန်အစား အစာများ စားသုံးခြင်း၊ ရောင်းချခြင်းတို့မှ ရှောင်ရန်တို့ကို
အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဆရာဝန်ကြီးဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီး များနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဈေးတာ ဝန်ခံနှင့်ဈေးသည်များ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူး များ၊ စုစုပေါင်း ၁၄၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
    ချောဥမ္မာနိုင်( စားသုံးသူ )၊
ရန်ကုန်