Main menu

Background

မြန်မာနိုင်ငံတွင် Sushi Boy ကလုပ်ငန်းတိုးချဲ့၍ ဆိုင်ခွဲများဖွင့်လှစ်ရန် စီစဉ်

Tue, 02/24/2015 - 20:47 -- journal_editor

အတွဲ(၁၅)၊အမှတ်(၈)

  ထိုင်းနိုင်ငံ၊  ဗန်ကောက်မြို့တွင်Sushi Boy ဟူသည့် ဂျပန်စားသောက် ဆိုင်များဖွင့်လှစ်၍    အောင်မြင်မှုရရှိ နေသည့်  Sushi Boy Co., Ltd.. ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ မစ္စတာ ခရစ္စဆာဒါဆာရာခွန်သည် မြန်မာနိုင်ငံ ၌လည်း လုပ်ငန်းများ တိုးချဲ့လုပ်ကိုင် သွားရန်   စီစဉ်လျက်ရှိကြောင်း သိရ သည်။
ကျွန်တော်တို့အနေနဲ့   မြန်မာ နိုင်ငံမှာ ဂျပန်အစားအစာစားသောက် မှုနဲ့ပတ်သက်ပြီး မြန်မာလူမျိုးတွေအနေ နဲ့ ဘယ်လောက်အထိ တောင်းဆိုမှုတွေ ရှိနေသလဲဆိုတာကို လေ့လာဆန်းစစ်မှု တွေပြုလုပ်ခဲ့ပြီးပါပြီ။  ကျွန်တော်တို့ရဲ့ လုပ်ငန်းကို မြန်မာနိုင်ငံရဲ့ဝန်ဆောင်မှု လုပ်ငန်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လုပ်ဆောင်သွားဖို့      ရည်ရွယ်ထားပါ တယ်။   နောက်သုံးနှစ်ကနေ   ငါးနှစ် အတွင်းမှာ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့ မှာလည်း လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင် သွားဖို့ စီစဉ်ထားပါတယ်ဟု  ခရစ္စဆာ ဒါဆာရာခွန်က ပြောကြားခဲ့သည်။
ခရစ္စဆာဒါဆာရာခွန်  ပိုင်ဆိုင် သည့် ှSushi Boy  ကုမ္ပဏီသည် ပြီး ခဲ့သည့်နှစ်က ဝင်ငွေ ဘတ်သန်းပေါင်း ၉၀ရှိခဲ့ပြီး ယခုနှစ်တွင် ဘတ်သန်းပေါင်း ၁၅၀ အထိရရှိရန် ရည်မှန်းထားကြောင်း သိရသည်။
ခရစ္စဆာဒါသည်   ၂၀၀၉  ခုနှစ် တွင် ထိုင်းနိုင်ငံ၌Sushi Boy  အမှတ် တံဆိပ်ဖြင့် ပထမဦးဆုံးသော ဆိုင်ကို ဖွင့်လှစ် နိုင်ခဲ့သည်။
စတင်ဖွင့်လှစ်ခဲ့စဉ်က    ပထမလ အတွင်း ဘတ်နှစ်သိန်းဖိုးသာရောင်းချ ရခဲ့သည့်အတွက်   အဆိုပါရောင်းချရ ငွေမှာ ဆိုင်ခန်းငှားရမ်းခနှင့် လစာငွေ ပေးချေရန်အတွက် လောက်ငှရုံသာရှိခဲ့ ပြီး အမြတ်အစွန်းအနည်းငယ်သာရရှိခဲ့ သည်ဟု ဆိုသည်။
ယခုအခါ     ခရစ္စဆာဒါသည် မြို့တော်ဗန်ကောက်တွင် ဆိုင်ခွဲပေါင်း ၁၀ ဆိုင်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပြီး ၂၀၁၃   ခုနှစ်အတွင်းက        ရင်းနှီးငွေပေါင်း ဘတ်   တစ်သန်းဖြင့်Tatumi Food (Thailand) ကို တည်ထောင်ခဲ့သည်။
Tatumi Food (Thailand) သည် ဗန်ကောက်မြို့ရှိ   ဆိုင်ခွဲ ၁၀ခု အတွက် ဂျပန်အစားအစာများကို ထုတ် လုပ်ပေးသောကုမ္ပဏီဖြစ်ပြီး ကိုယ်ပိုင် စားဖိုမှူးမရှိသော   အခြားစားသောက် ဆိုင်များသို့လည်း  ရောင်းချပေးသည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။
မယ်သီတာ