Main menu

Background

ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုအခြေအနေများ

Tue, 11/03/2020 - 15:18 -- journal_editor

၂၀၂၀ ပြည့်နှစ်  အောက်တိုဘာလအတွင်း ကယားပြည်နယ်မှ မန္တလေးမြို့ သို့ ဒေသထွက်(ဧည့်မထ)ဆန် စုစုပေါင်း အိတ် ၁၀၅၄၀ တန်ချိန်အားဖြင့် ၅၂၉ ဒသမ ၂၃ တန်တင်ပို့နိုင်ခဲ့ပြီး အခြားမြို့ကြီးများမှတစ်ဆင့် ကယားပြည်နယ်အတွင်း သို့ တင်သွင်းမှုအနေဖြင့် ရန်ကုန်မြို့မှ ဆန်အိတ် ၁၄၈၀ ၊ မန္တလေးမြို့မှ ဆန်အိတ် ၂၉၃၀ နှင့် ရွှေဘိုမြို့မှ ဆန်အိတ် ၄၁၄၀ အိတ် တင်သွင်းခဲ့ရာ စုစုပေါင်းဆန်အိတ် ၈၅၅၀ အိတ် တန်ချိန်အားဖြင့် ၄၂၉ ဒသမ ၃၁ တန်ခန့် တင်သွင်းခဲ့ပါ ကြောင်း ပြည်နယ်အထွက်ဂိတ်စာရင်းများအရ သိရှိရပါတယ်။

တရားဝင်လမ်းကြောင်းဖြစ်သော မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ဘက်သို့ အမှန်တင်သွင်း/တင်ပို့မရှိပါကြောင်းနှင့် လတ်တလောရင်ဆိုင်နေရသည့် ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်(စ်)ကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ခေတ္တယာယီရပ်ဆိုင်းလျက်ရှိနေပါကြောင်း စုံစမ်းသိရှိရပါသည်။
ကယားပြည်နယ်အတွင်း ယခုလက်ရှိဖြစ်ပေါ်နေသော စပါးဈေးနှုန်းများအနေ ဖြင့် ဧည့်မထ(မိုး)စပါး၄၆ပေါင် တင်း၁၀၀လျှင် ကျပ် ၇၄၁၀၀၀ ဈေးပေါက်လျက်ရှိ သောကြောင်း ယခင်လနှင့်နှိုင်ယှဉ်မည်ဆိုပါက ဧည့်မထ(မိုး)စပါး ၄၆ပေါင် တင်း ၁၀၀ လျှင် ကျပ် ၂၅၀၀၀ ‌ဈေးကျသွားပါကြောင်း ၊ ဆန်ဈေးနှုန်းများအနေဖြင့်  ပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၆၃၀၀၀ ၊ ဧည့်မထ(ဒေသ)ဆန် တစ်အိတ်လျှင်  ကျပ် ၃၆၀၀၀ ၊ ငစိန်ဆန်တစ်အိတ်လျှင် ကျပ် ၂၅၀၀၀ ၊ စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် (စည်ပင်လက်လီဈေး) ကျပ် ၇၀၀၀ ၊ နှမ်းဆီ တစ် ပိဿာလျှင်(စည်ပင်လက်လီဈေး) ကျပ် ၇၀၀၀ ၊ စားအုန်းဆီ တစ်ပိဿာလျှင် (စည်ပင်လက်လီ ဈေး) ကျပ် ၂၄၀၀ ၊  ပြောင်း (ခြောက်)တစ်ပိဿာ လျှင် ကျပ်

၃၅၀ ၊ ငရုတ်သီးခြောက်(ရှည်) တစ် ပိဿာလျှင် ကျပ် ၇၅၀၀ ၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာလျှင် ကျပ် ၁၇၀၀၀ ဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်သတင်းများအရ သိရှိရပါတယ်။

ဖြိုးဝေအောင်(ကယား)