Main menu

Background

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် လေးသောင်းကျော်တင်ပို့

Fri, 11/06/2020 - 14:24 -- journal_editor

အောက်တိုဘာ ၂၄ ရက်မှ ၃၀ ရက်တာကာလအတွင်း ဆန်တင်ပို့မှုအနေဖြင့် အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၇၄၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၄၄၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရ သည်။  တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၁၄၂၀၀ ကျော် နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၉၀ ကျော်တင်ပို့နိုင်ခဲ့သည်။ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၆ သန်းတန်ဖိုးရှိ ဆန်မှုန့်တန်ချိန် ၄၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန်၅၅၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉၄ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၄၃၄၀ နီးပါးတင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုများမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ တန်ချိန် ၃၈၀၀ နီးပါးနှင့် မြဝတီကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၅၄၀ ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၄၀၀  ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်တာကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၈၇၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၂၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၈၂၀၀ ကျော်နှင့် အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၃၇၉၀ ခန့်တင်ပို့နိုင်သဖြင့် ယခင် တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၀၀၀ နီးပါးပိုမိုခဲ့ပါသည်။

ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၀၃ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၁၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တင်ပို့မှုများမှာ အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၇၈၀၀ ကျော်နှင့် အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၂၀၀ နီးပါးတင်ပို့နိုင် သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲ တန်ချိန် ၃၀၀၀ ကျော် ပိုမိုခဲ့ပါသည်။

ယခုတစ်ပတ်ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၄၁၇၅၀ ကျော်သဖြင့် ယခင် တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၁၄၅၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 အေးအေးသန့်