Main menu

Background

တင်ပို့မှုလျော့နည်းပြီးဈေးပိုနေသောမတ်ပဲ

Fri, 11/06/2020 - 14:25 -- journal_editor

အောက်တိုဘာ ၂၅ရက်မှ ၃၁ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၉၁၃၈ ဒသမ ၂၆၇၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၄၁၇၆၄၉ ဒသမ ၇၂ တင်ပို့နိုင် ခဲ့ကြောင်း သိရသည်။

တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၂ နိုင်ငံရှိပြီး ဂျာမနီ၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ နီပေါ၊ နယူးဇီလန်၊ ထိုင်း၊  စင်ကာပူ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဗီယက်နမ်၊ ကာတာနှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်သည်။ အများဆုံး တင်ပို့ခဲ့သော နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်၍ တန်ချိန် ၆၃၆၂၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၅၇၁၉၁၂၇ ဒသမ ၁၉ ဖြစ်ပြီး အနည်းဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ နယူးဇီလန်ဖြစ်၍ တန်ချိန် ၂၃၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၆၂၀ ဖြစ်ကြောင်းသိရသည်။

ယခင်အပတ်တင်ပို့မှုမှာတန်ချိန် ၁၀၈၂၉ ဒသမ ၅၇၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၆၅၁၂၅၉ ဒသမ ၉၅ ဖြစ်သောကြောင့် ယခုအပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါကတန်ချိန် ၁၆၉၁ ဒသမ ၃၀၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၃၃၆၁၀ ဒသမ ၂၃ လျော့နည်းတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

မတ်ပဲတစ်တန် ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၈၉၁ ဖြစ်ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၉၂၁ ဖြစ်သောကြောင့် ယခုအပတ်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၀ ကျဆင်း ခဲ့ကြောင်း သိရသည်။

စန်းစန်းမော် (မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)