Main menu

Background

မြေသြဇာဈေးကွက်အခြေအနေ

Fri, 11/06/2020 - 14:56 -- journal_editor

ပြည်တွင်းဈေးကွက်များဖြစ်သည့်မော်လမြိုင်မှာ အရောင်းသွက်ပြီး၊တောင်ကြီး၊မကွေးနှင့် မန္တလေးတို့တွင် အရောင်းအေးကြောင်းသိရသည်။

မော်လမြိုင်ဈေးကွက်၌ယခုတစ်ပတ်ဆောင်းသီးနှံအတွက် အ၀ယ်ရှိသောကြောင့် အရောင်း အ၀ယ်သွက်ပြီး မြေသြဇာစျေးမှာ ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ သည့်ဈေးမှာပုလဲအကြီး(အမ်စီ) ကျပ်၂၅၀ဝ၀၊ပုလဲ-မြန်မာ(နဂါး-တရုတ်)ကျပ်၂၆၅၀ဝ၊ပုလဲ-မြန်မာ (စုစံ)ကျပ်၂၄၅၀ဝ၊ကွန်ပေါင်း(အစိမ်း)(၁၅း၁၅း၁၅)(အမ်စီ)ကျပ်၄၀ဝ၀ဝ၊တီစူပါ၄၆%(သံကွင်း-တရုတ်)ကျပ်၂၃၀ဝ၀၊ကွန်ပေါင်း(တရုတ်)(၁၀:၁၀:၅)(မြှားနီ) ကျပ်၂၀ဝ၀ဝ ၊ တီစူပါ(၂၀%) (မြှားကမ္ဘာ-တရုတ်)ကျပ်၂၂၅၀ဝ၊ ပိုတက်(မာကိုတာ) ကျပ်၂၇၀ဝ၀၊ ပိုတက်(အမ်စီ) (နွားခေါင်း) ကျပ်၂၈၀ဝ၀၊ကွန်ပေါင်း(ထိုင်း)(Grow How) ကျပ် ၃၇၀ဝ၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။

မန္တလေးဈေးကွက်၌အရောင်းအေးကြောင်းသိရသည်။ ယခုတစ်ပတ် ယူရီးယား(ပန်းဖူး)က ကျပ် ၄၀၀၊ ပိုတက်က ကျပ် ၁၅၀၀ ၊ တီစူပါ(၄၆%-တရုတ်) က ကျပ် ၂၀၀ စျေးကျပြီး ကျန်မြေသြဇာများက စျေးငြိမ်နေကြောင်းသိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့် ဈေးမှာ ယူရီးယား(ရွှေတောင်-တရုတ်) ကျပ်၂၃၄၀ဝ၊ယူရီးယား(ပန်းဖူး-တရုတ်) ကျပ် ၂၃၆ဝ၀၊ တီစူပါ(၄၆%-တရုတ်) ကျပ် ၂၁၀၀ဝ ၊မြှားသီးစုံကျပ်၁၇၆၀ဝ၊ ပန်းသီးစုံကျပ် ၁၇၆၀ဝ၊ အာမို (၁၀:၁၀:၅) ကျပ်၁၈၅၀ဝ၊ အာမို(၁၅:၁၅:၁၅) ကျပ်၃၈၅၀ဝ၊ ပိုတက်ကျပ် ၂၄၀၀ဝ၊ မြှားကမ္ဘာကျပ်၁၇၆၀ဝ၊မြှား(၁၅:၉:၈) ကျပ်၂၁၅၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မကွေးဈေးကွက်၌ အရောင်းအဝယ်အေးပြီး စျေးငြိမ်နေ ကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ မြှားကမ္ဘာ-တရုတ် (၁၂:၁၃) ကျပ် ၁၇၅၀ဝ၊ ဆင်(၁၀:၁၀:၅) ကျပ်၁၇၈၀ဝ၊သီးစုံ(ဝါစိမ်းပြာ) ကျပ်၁၈၀ဝ၀၊ အာမို (၁၅:၁၅:၁၅) ကျပ် ၃၈၆၀ဝ၊ အာမို(၁၆:၁၆:၈) ကျပ်၃၆၃၀ဝ၊ အာမို(၁၀:၁၀:၅) ကျပ်၁၉၃၀ဝ၊ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)ကျပ်၂၄၇၀ဝ၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ကျပ်၂၄၇၀ဝ၊ မြှားကမ္ဘာ (၁၅:၇:၈) ကျပ်၂၁၅၀ဝ၊ တောင်သူမ ကျပ် ၁၈၀ဝ၀၊ တီစူပါကျပ် ၂၂၇၀ဝ၊ ဇာမနီ ကျပ် ၁၉၀ဝ၀၊ တက်တိုး ကျပ် ၂၂၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။

တောင်ကြီးဈေးကွက်၌ အရောင်းအဝယ်အေးပြီး ဈေးငြိမ်ကြောင်းသိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာယူရီးယား (ပန်းဖူး-တရုတ်) ကျပ်၂၄၆၀ဝ၊ တီစူပါ၂၀% (တရုတ်) ကျပ်၁၅၆၀ဝ၊ ပိုးသတ်ဆေး ကျပ်၂၂၀ဝ၊ တီစူပါ (၁၅)ပတ်လည် (တရုတ်) ကျပ်၃၉၅၀ဝ၊ တီစူပါ (၁၀:၁၀:၅)(တရုတ်)ကျပ်၁၈၀ဝ၀၊ ဓာတ်ဆား(တရုတ်) ကျပ်၁၄၅၀ဝ၊ ပိုတက်(တရုတ်) ကျပ် ၂၇၀ဝ၀၊ ယူရီးယား(ယူအေအီး) ကျပ် ၂၅၀ဝ၀၊ မြှားကမ္ဘာကျပ် ၁၈၅၀ဝ၊ ရွက်ဖျန်းကျပ် ၃၀ဝ၀၊ ဆိုင်ကလုန်းကျပ် ၃၀ဝ၀၊ ဆိုက်ပါ ကျပ် ၂၀ဝ၀ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

 သီတာဝင်း(DOT)